Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကယ်ဒမီဆုများ အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမပြုသင့်ဟု ပြည်ထောင်စုဝန်ကြီး ပြော

နာမူ (NSS) - နိုဝင်ဘာ ၁၁ 

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ရုပ်ရှင်အကယ်ဒမီဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ရန်လိုအပ်ပြီး ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမပြုသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။ 


ဝန်ကြီး ဦးမောင်မောင်အုန်းက နိုဝင်ဘာလ ၁ဝ ရက်က ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ရုပ်ရှင်အကယ်ဒမီဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ရန်လိုအပ်ကြောင်း  တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင်လည်း အတ္တစွဲ၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် ရုပ်ရှင်အကယ်ဒမီဆုရသင့် ရထိုက်သည့် အနုပညာရှင်များအား ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များကိုသာ တာဝန်ပေးအပ်ရန် လိုအပ်ကြောင်း သိရသည်။ 

အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို အစကတည်းကပင် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ခြင်း  မပြုသင့်ကြောင်းနှင့် ထိုကဲ့သို့ ပုဂ္ဂိုလ်များအား အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်လိုက်ပါက မလိုလားအပ်သည့် အထင်အမြင်လွဲမှားမှုများကြုံတွေ့ရနိုင်ပါကြောင်း ထပ်မံပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း  သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖိလစ်ပိုင်က အမြန်ကင်းလှည့်သင်္ဘော အစင်းရေ(၄၀)ကို ပြင်သစ်ထံမှ ဝယ်ယူမည်

RECENT POSTS
ရှမ်းမြောက်၌ တိုက်ပွဲများ ငြိမ်သက်လာသော်လည်း လက်နက်ကိုင်အဖွဲ့များ ပိုမိုခြေရှုပ်လာသည့် အညာဒေသ၌ စစ်ရေးပြင်းထန်နိုင်
13 Nov 2024
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ယခုဘဏ္ဍာနှစ် အသုံးစရိတ်ကျပ်ဘီလျံ(၁၇ဝဝဝ) ကျော်ရှိနိုင်ပြီး ဘီလျံ(၁ဝဝဝ)နီးပါး လိုငွေပြနိုင်
13 Nov 2024
ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန်လေယာဉ်တင်သင်္ဘောကို ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
13 Nov 2024
မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ စတင်ပါဝင်လာနေပြီလို့ အမေရိကန်အစိုးရ အတည်ပြု ပြောဆို
13 Nov 2024
ဆယ်ဆတစ်ဆ ငွေတုရောင်းဝယ်ရေးနှင့် လူလိမ်အကောင့်များ လူမှုကွန်ရက်၌ တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်နေ
13 Nov 2024
ရာမယဏအနုပညာလက်ရာပြပွဲကို အမျိုးသားပြတိုက်၌ ကျင်းပ
13 Nov 2024
အမေရိကန် မင်းသမီး မီဂန်ဖော့စ်နဲ့ ဂီတပညာရှင် မာချိန်ဂန်ကယ်လီတို့က ပထမဆုံးရင်သွေးအတွက် မျှော်လင့်
13 Nov 2024
၂၀၂၄-၂၀၂၅ နေရှင်းလိဂ်ပွဲစဉ်(၅)ရဲ့ အကောင်းဆုံးပွဲစဉ်များ သုံးသပ်ချက် (ဆောင်းပါး)
13 Nov 2024
ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များနှင့်အတူ ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံရန်အတွက် IBEC ဆရာတော် ယခုလအတွင်း ဗာတီကန်သွားမည်
13 Nov 2024
Squid Game ကို ဖန်တီးရင်း သွား(၈)ချောင်းလောက် ကျွတ်သွားခဲ့တယ်လို့ ဒါရိုက်တာ ဟွမ်ဒေါင်ဟွက်ခ် ပြော
13 Nov 2024
တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကို PDF အဖွဲ့က အင်အားသုံးတိုက်ခိုက်သော်လည်း လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည်ခုခံနိုင်ခဲ့
12 Nov 2024
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသောသတင်းမှာ မမှန်ကန်ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဖြေရှင်း
12 Nov 2024
ဂျိုးဘိုင်ဒန်က သမ္မတသက်တမ်းမကုန်ဆုံးမီ ယူကရိန်းအတွက် နောက်ထပ်ငွေကြေးတွေကို ဆက်လက်တောင်းခံနိုင်ဖွယ်ရှိနေ
12 Nov 2024
အသံထက်မြန်တဲ့ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရုရှားရေတပ်ဖရီးဂိတ်သင်္ဘောတစ်စီးက အင်္ဂလိပ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်
12 Nov 2024
မြန်မာအထည်ချုပ်လုပ်သားများကို နယ်စပ်မြို့များ၌ တရုတ်လုပ်ငန်းရှင်များက လုပ်အားခ ခေါင်းပုံဖြတ် အနိုင်ကျင့်နေ
12 Nov 2024
မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး ညိုမည်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
12 Nov 2024
နွေရာသီ၌လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနိုင်သည့်အတွက် ဖြေရှင်းရန်နည်းလမ်း များ လုပ်ငန်းရှင်နှင့်လူထုက ရှာဖွေနေကြရ
12 Nov 2024
နှစ်သစ်မှစ၍ အခွန်ထမ်းမှတ်ပုံတင်စနစ်၌ မှတ်ပုံတင်ပြီးမှသာ ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးပေးမည်
12 Nov 2024
လားရှိုးမြို့တွင် MNDAA အဖွဲ့က အရပ်ဝတ်များဖြင့် နေထိုင်မှုများရှိသကဲ့သို့ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူလုယက်မှုများရှိနေ
12 Nov 2024
Tourism Investment Forum ပြုလုပ်မည်ဆိုပါက အခွင့်အရေးနှင့် တာဝန်ခံမှုအာမခံချက်ပေးရန် လိုအပ်
12 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved