ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန်လေယာဉ်တင်သင်္ဘောကို ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
Pika (NSS) - နိုဝင်ဘာ ၁၃
ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အာရေးဗျပင်လယ်ထဲမှာရှိတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ကို နိုဝင်ဘာလ(၁၂)ရက်မှာ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုဟာ ပင်လယ်နီအတွင်းမှာရှိတဲ့ အမေရိကန်ရေတပ်ဖျက်သင်္ဘောနှစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယာယာဆာရီကထပ်မံပြောကြားခဲ့ပါတယ်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်နေတာတွေ ရပ်တန့်စေဖို့ ကြိုးပမ်းမှုအဖြစ် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီအတွင်းသွားလာနေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ အချိန်(၁)နှစ်နီးပါးရှိလာပြီလည်း ဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ"အမေရိကန်ရန်သူတွေက ယီမင်မှာရှိတဲ့ ပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့ဟာ ခရုဇ်ဒုံးကျည်တွေနဲ့ဒရုန်းတွေပါဝင်တဲ့ တိုက်ခိုက်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်"လို့ ရေးသားထားပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ၎င်းရဲ့ရည်မှန်းချက်အတိုင်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ချေမှုန်းပစ်နိုင်ခဲ့တယ်လို့ ယာယာဆာရီက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီစစ်ဆင်ရေးနှစ်ခုဟာ အချိန်(၈)နာရီခန့်ကြာမြင့်ခဲ့တယ်လို့လည်း ယာယာဆာရီက ထပ်မံပြောကြားခဲ့ပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ရေတပ်က ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ယခုဘဏ္ဍာနှစ် အသုံးစရိတ်ကျပ်ဘီလျံ(၁၇ဝဝဝ) ကျော်ရှိနိုင်ပြီး ဘီလျံ(၁ဝဝဝ)နီးပါး လိုငွေပြနိုင်
RELATED POSTS
14 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
14 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
13 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ