ပွဲထွက်သီချင်းများကို နားထောင်ရုံဖြင့် မည်သည့် နပန်းသမားဖြစ်ကြောင်း အများဆုံး ဖော်ထုတ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အင်္ဂလန်အမျိုးသား
Pika (NSS) - နိုဝင်ဘာ ၁၄
ဗြိတိန် YouTube ကြယ်ပွင့်နှင့် ပရော်ဖက်ရှင်နပန်းပရိသတ်တစ်ဦးသည် ပွဲထွက်သီချင်းများကို ကြားရုံဖြင့် မည်သည့် WWE နပန်းသမားဖြစ်သည်ဆိုပြီး အချိန်(၁)မိနစ်အတွင်း အများဆုံးဖော်ထုတ်ပြနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
YouTube ချန်နယ် Cultaholic အတွက် နပန်းပွဲများကို သုံးသပ်သည့် နယူးကာဆယ်မြို့ခံ ရော့စ်တွက်ဒဲလ်သည် အချိန်(၁)မိနစ်အတွင်း ပွဲထွက်သီချင်းများကို နားထောင်ကာ နပန်းသမား(၂၀)ဦးအထိ အောင်မြင်စွာဖော်ထုတ်ပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ အချိန်(၁)မိနစ်အတွင်း နပန်းသမား(၂)ဦးအထိသာ ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်းသိရသည်။ ရော့စ်တွက်ဒဲလ်က "တစ်နှစ်ပတ်လုံး နပန်းလောကနဲ့ပတ်သက်နေရတဲ့ ကျွန်တော့်ရဲ့အလုပ်ကြောင့် ဒီလိုမျိုးဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တာပါ။ ပွဲထွက်သီချင်းကို ကြားရုံနဲ့ ဘယ်သူဖြစ်တယ်ဆိုတာကို အခြားနပန်းပရိသတ်တွေထက် ပိုပြီးလျင်လျင်မြန်မြန် ထုတ်ဖော်နိုင်ခဲ့တဲ့အတွက် တကယ်ပဲဝမ်းသာမိပါတယ်"ဟု ပြောဆိုခဲ့သည်။
အဆိုပါ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်မှုသည် ကြီးမားသောပုဂ္ဂိုလ်ရေးဂုဏ်ယူမှု၏ အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ရော့စ်တွက်ဒဲလ်က ထပ်မံပြောကြားခဲ့သည်။ ရော့စ်တွက်ဒဲလ်က "ကျွန်တော့်ရဲ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်မှုဟာ နောက်ထပ်ထုတ်ဝေမယ့် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ထည့်သွင်းဖို့လောက်အထိ အထင်ကြီးစရာမဟုတ်ပေမယ့်လည်း အနည်းဆုံးတော့ ကျွန်တော့်ရဲ့မှတ်တမ်းလက်မှတ်ကို ကိုယ့်ဘာသာပဲ ပရင့်ထုတ်နိုင်ပါပြီ။ ပြီးတော့ ဂင်းနစ်မှတ် တမ်းစာအုပ်ရဲ့ နောက်ကျောမှာ ကော်နဲ့ကပ်ထားလို့ရပါပြီ"ဟု နောက်ပြောင်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်(၂)ဦးကို PDF အဖွဲ့က သတ်ဖြတ်ပြီးနောက် ကားတစ်စီးနှင့်ဆိုင်ကယ်(၂)စီးကိုပါ လုယက်ယူဆောင်
RELATED POSTS
14 Nov 2024 | ဗဟုသုတ,ပြည်တွင်း
08 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
08 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ