Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နာမူ (NSS) - နိုဝင်ဘာ ၁၄ 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်းရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကားဂိတ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မြင့်ဦး(ခ)အောင်ကြီး၊ မစိုးစိုးလှိုင် (ခ)မစိုးတို့ထံမှ ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၃) သိန်းခန့်နှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ  နိုဝင်ဘာလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်း ဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မသီသီဆင့်(ခ)မဆင့်ကို ဒိုက်ဦးမြို့နယ်၊ ကျွဲတဲအင်းကျေးရွာအနီးတွင်လည်းကောင်း၊ ည ၈ နာရီခွဲအချိန်ခန့်တွင် မောင်စိန်ညွန့်(ခ)ဆရာ(ခ)ကိုရခိုင်အား အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့(၄)ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အ ရေးယူထားပြီး ကွင်းဆက်ကျုးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

အလားတူ နိုဝင်ဘာလ(၁၀)ရက်၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်ခန့်ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် စိုင်းသူရ(ခ) ရာဇာမြင့်မောင်းနှင်ကာ မစိမ်းမြနှင့် မမျိုးသူဇာလှိုင်(ခ)သူဇာတို့လိုက်ပါလာသော သုံးဘီးဆိုင်ကယ်ပေါ်မှ ငွေကျပ် သိန်း(၁၁၀၀)တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၄ ဒသမ ၄ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် ဂမ်ဒီး(ခ) ဂမ်အောင်ကို မိုးညှင်းမြို့၊အောင်သပြေ (၁) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ ငွေကျပ်သိန်း (၅၇၀) တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား (၂၈၅၀၀) ပြားနှင့် TOYOTA HILUX SURF မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား သက်ဆိုင်ရာ မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေး ယူထားလျက်ရှိကြောင်းနှင့် ကွင်းဆက်များအားလည်း ဆက်လက်ဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝါရင့်အနုပညာရှင် ထပ်ဆင့်အကယ်ဒမီရန်အောင်၏နေအိမ်ကို PDF အဖွဲ့က မိုင်းပစ်တိုက်ခိုက်ခဲ့ဟု ဆို

RELATED POSTS
RECENT POSTS
မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
14 Nov 2024
ရော်ဘာဈေးသုံးဆကျော်တက်လာသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် အစေးလှီးလုပ်သား များရှားပါးမှုကို ရင်ဆိုင်နေရ
14 Nov 2024
ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာနှင့် R2P ထောင်ချောက်
14 Nov 2024
ရွှေဖရုံသီးလှေနဲ့ (၄၅ ဒသမ ၆၇)မိုင်အထိ လှော်ပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ အမေရိကန် အမျိုးသား
14 Nov 2024
အရှေ့တောင်အာရှ စစ်ဗိုလ်ချုပ်ကြီးတို့ရဲ့ ဒုတိယအသက်မွေးဝမ်းကြောင်း (သို့မဟုတ်) နိုင်ငံရေးတာဝန်
14 Nov 2024
MI ပြန်လည်ဖွဲ့စည်းမည်ဆိုသောကိစ္စဖြစ်လာရန် မရှိကြောင်း ထောက်လှမ်း ရေးအရာရှိဟောင်းအချို့ ဖွင့်ဟ
14 Nov 2024
တန်‌ဆောင်တိုင်ပိတ်ရက်အတွက် ရန်ကုန်-မော်လမြိုင် အထူးရထားများကို ပြေးဆွဲပေးသွားမည်
14 Nov 2024
မြန်မာနိုင်ငံမှာ အရပ်သားတွေ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းတွေကို ရပ် တန့်ဖို့ အင်ဒိုနီးရှားသမ္မတ နဲ့ အမေရိကန်သမ္မတ တိုက်တွန်းတောင်းဆို
14 Nov 2024
မုံရွာမြို့ ရန်ကင်းမီးပွိုင့်အနီးတွင် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ
14 Nov 2024
စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီ ချဉ်းကပ်လာမှုနဲ့အတူ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကို ဖိလစ်ပိုင်အစိုးရထုတ်ပြန်
14 Nov 2024
ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေးမှ ထုတ်ဝေသူကို လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရုပ်သိမ်း
14 Nov 2024
တောင်တရုတ်ပင်လယ်အတွင်း အချုပ်အခြာအာဏာကို အမြဲတမ်းကာကွယ်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ပြော
14 Nov 2024
မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်(၂)ဦးကို PDF အဖွဲ့က သတ်ဖြတ်ပြီးနောက် ကားတစ်စီးနှင့်ဆိုင်ကယ်(၂)စီးကိုပါ လုယက်ယူဆောင်
14 Nov 2024
ပွဲထွက်သီချင်းများကို နားထောင်ရုံဖြင့် မည်သည့် နပန်းသမားဖြစ်ကြောင်း အများဆုံး ဖော်ထုတ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အင်္ဂလန်အမျိုးသား
14 Nov 2024
ထမင်းတစ်နပ်(၁၂၀ဝ)ကျပ် နှင့် ပဲ့ကိုင်ရှင်၏စိန်ခေါ်မှု
14 Nov 2024
ပရိသတ်တွေအတွက် အထူးအပန်းဖြေပန်းခြံပွဲတစ်ခုကို ကျင်းပပေးဖို့ စီစဉ်နေတဲ့ BTS ၏အဖွဲ့ဝင် Jin
14 Nov 2024
ပြင်ပမီဒီယာ(၈)ခု၏သတင်းထုတ်လွှင့်မှုအပေါ် သုံးသပ်တင်ပြချက်
14 Nov 2024
အားဖြည့်အချိုရည်ဘူးအများဆုံးစုဆောင်းနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့တဲ့ အမေရိကန်အမျိုးသား
14 Nov 2024
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ယခင်နှစ်ထက် ဘုရားဖူးပြည်သူ ပိုမိုလာရောက်နိုင်ဟု မျှော်မှန်း
14 Nov 2024
ညစ်ညမ်းစာပါ စာအုပ်များထုတ်ဝေခြင်းကြောင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့ကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရုတ်သိမ်းပြီး ဥပဒေနှင့်အညီ အရေးယူသွားမည်
14 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved