UK Official Singles Chart မှာ အဆင့်အမြင့်ဆုံးအမျိုးသမီး K-pop အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ Rose
Pika (NSS) - နိုဝင်ဘာ ၁၁
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏အဖွဲ့ဝင် တစ်ဦးဖြစ်သူ Rose သည် ၎င်း၏သီချင်းအသစ် ‘APT’ ဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။ Rose နှင့် ဘရူနိုမားစ်တို့ ဖန်တီးထားသော ‘APT’ သီချင်းသည် ဗြိတိန်၏ Official Singles Chart Top 100 တွင် ဒုတိယနေရာအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်လနှောင်းပိုင်းတွင် အဆင့်(၄)နေရာဖြင့် ပွဲဦးထွက်ခဲ့သော ‘APT’ သီချင်းသည် သီတင်းပတ်နှစ်ပတ် ဆက်တိုက် မြင့်မားသောအရှိန် အဟုန်ဖြင့် အဆင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအောင်မြင်မှုနှင့်အတူ Rose သည် UK Official Singles Chart တွင် အဆင့်အမြင့်ဆုံး အမျိုးသမီး K-pop အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် Rose အတွက် နောက်ထပ်ရည်မှန်း ချက်တစ်ခုမှာ PSY ၏ ‘Gangnam Style’ က ဗြိတိန်၏ Official Singles Chart Top 100 တွင် ပြီးခဲ့သည့်(၁၂)နှစ်လုံးရယူထားသော ထိပ်တန်းနေရာကို ရယူနိုင်ရန်ဖြစ်ကြောင်း လည်း သိရသည်။ ကမ္ဘာလုံးဆိုင်ရာ K-pop သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် 'Gangnam Style' သည် (၂၀၁၂)ခုနှစ် အောက်တို ဘာလ ပထမသီတင်းပတ်တွင် အဆိုပါ ဇယားမှာ အဆင့်(၁)နေရာသို့ရောက်ရှိခဲ့ပြီး K-pop သမိုင်းတွင် လက်ရှိအချိန် အထိ မပြိုကွဲသေးသော စွမ်းဆောင်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ‘APT’ သီချင်းက အောင်မြင်မှုများ ရရှိလာမှုနှင့်အတူ ဗြိတိန်၏ Official Singles Chart Top 100 တွင် အဆင့်(၁)နေရာကို ရယူနိုင်ရန် Rose က ရည် မှန်းထားကြောင်းလည်းသိရသည်။
ထို့ပြင် ‘APT’ သီချင်းသည် အင်စတာဂရမ်နှင့် TikTok တို့ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် နာမည်ကျော်ကြားခဲ့ပြီး ပရိသတ်များက ကိုရီးယား ဘာသာစကားဖြင့် သီဆိုခြင်း သို့မဟုတ် အကစိန်ခေါ်မှုများတွင် ပါဝင်ခြင်းတို့နှင့်အတူ ခေတ်ရေစီး ကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကယ်ဒမီဆုများ အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမပြုသင့်ဟု ပြည်ထောင်စုဝန်ကြီး ပြော
RELATED POSTS
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
11 Nov 2024 | အနုပညာ,နိုင်ငံတကာ
07 Nov 2024 | အနုပညာ,နိုင်ငံတကာ