အသံထက်မြန်တဲ့ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရုရှားရေတပ်ဖရီးဂိတ်သင်္ဘောတစ်စီးက အင်္ဂလိပ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်
Pika (NSS) - နိုဝင်ဘာ ၁၂
အသံထက်မြန်တဲ့ခရုဇ်ဒုံးကျည် မျိုးဆက်သစ်တွေ တပ်ဆင်ထားတဲ့ ရုရှားရေတပ်ဖရီးဂိတ်သင်္ဘောတစ်စီးဟာ အင်္ဂလိပ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာ လုပ်ငန်းတာဝန်တွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရုရှားသတင်းအေဂျင်စီတွေက နိုဝင်ဘာလ(၁၂)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ Zircon (Tsirkon) အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ်သင်္ဘောရဲ့အမှုထမ်းတွေဟာ အကြမ်းဖက်မှုတုံ့ပြန်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့ပြီး ရန်သူတွေရဲ့ လေကြောင်းနဲ့ရေကြောင်းဒရုန်းတွေကို ဖျက်ဆီးပစ်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
RIA သတင်းအေဂျင်စီက "ရုရှားမြောက်ပိုင်းရေတပ်ဖရီးဂိတ်သင်္ဘော Admiral Golovko ဟာ အင်္ဂလိပ်ရေလက်ကြားကို အောင်မြင်စွာဖြတ်သန်းသွားလာခဲ့ပြီး လက်ရှိအချိန်မှာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း သတ်မှတ်ထားတဲ့နေရာတွေမှာ ၎င်းရဲ့မစ်ရှင်တွေကို ဆက် လက်လုပ်ဆောင်နေပါတယ်"လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ရုရှားရေတပ်မှာ စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ဒီခရီးစဉ်ဟာ Admiral Golovko ဖရီးဂိတ်သင်္ဘောရဲ့ ပထမဆုံးခရီးဝေးခရီးစဉ်တစ်ခုဖြစ်တယ်လို့ TASS သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် Admiral Golovko ဖရီးဂိတ်သင်္ဘောဟာ ရုရှားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ၎င်းရဲ့အဓိကအခြေစိုက်စခန်းကနေ ပြီးခဲ့တဲ့နိုဝင်ဘာလ(၂)ရက်မှာ စတင်ထွက်ခွာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ Admiral Golovko ဖရီးဂိတ်သင်္ဘောမှာ Zircon အသံထက်မြန်တဲ့ဒုံးကျည်တွေကို တပ်ဆင်ထားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ပြီးခဲ့တဲ့လတွေအတွင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ်မှာ ရုရှားသမ္မတပူတင်ရဲ့ အမိန့်အရ ရုရှားဟာ နျူကလီးယားတပ်ဖွဲ့တွေကို ပိုမိုမြှင့်တင်နိုင်ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် Zircon ဒုံးကျည်အများအပြားကို ထောက်ပံ့ပေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျိုးဘိုင်ဒန်က သမ္မတသက်တမ်းမကုန်ဆုံးမီ ယူကရိန်းအတွက် နောက်ထပ်ငွေကြေးတွေကို ဆက်လက်တောင်းခံနိုင်ဖွယ်ရှိနေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ