ဖိလစ်ပိုင်က အမြန်ကင်းလှည့်သင်္ဘော အစင်းရေ(၄၀)ကို ပြင်သစ်ထံမှ ဝယ်ယူမည်
Pika (NSS) - နိုဝင်ဘာ ၁၁
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြင်သစ်နိုင်ငံထံမှ အမြန်ကင်းလှည့်သင်္ဘော အစင်းရေ (၄၀)ကို ဝယ်ယူသွားမည်ဖြစ်ပြီး ၎င်းတို့အနက် အချို့ကို တောင်တရုတ်ပင်လယ်အ တွင်းရှိ အငြင်းပွားဧရိယာများတွင် ဖြန့်ကြက်ချထားရန် စီစဉ်ထားကြောင်း ဖိလစ်ပိုင်အစိုးရက နိုဝင်ဘာလ(၇)ရက်တွင် ထုတ်ပြန် ပြောဆိုခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ကမ်းခြေစောင့်တပ်ဖွဲ့ကို ခေတ်မီအောင်လုပ်ဆောင်ရန် ဖိလစ်ပိုင်အစိုးရ၏ ကြိုးပမ်းမှုတွင် အကြီးမားဆုံးဝယ်ယူမှုတစ်ခုဖြစ်လာမည်ဖြစ်ပြီး ပို့ဆောင်မှုများကို အချိန်(၄)နှစ်အတွင်း စတင်ရန်စီစဉ်ထားကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှူး ရေတပ်ဗိုလ်ချုပ် ရွန်းနီ ဂေးလ်ဂါဗန်က ပြောကြားခဲ့သည်။ သို့သော်လည်း ရွန်းနီဂေးလ်ဂါဗန်သည် အမေရိကန်ဒေါ်လာသန်း(၄၄၀)ကုန်ကျမည်ဟု ဖိလစ်ပိုင်အစိုးရက ပြောဆို ထားသော သင်္ဘောများအတွက် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ ကြောင်းလည်း သိရသည်။ အဆိုပါသင်္ဘောများအနက်အချို့ကို တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားဧရိယာများတွင် ဖြန့်ကြက်ချထားသွားမည်ဖြစ် ကြောင်း ရွန်းနီဂေးလ်ဂါဗန်က ပြောဆိုခဲ့သည်။ တောင်တရုတ်ပင် လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားသော်လည်း ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ဗီယက် နမ်တို့ကလည်း တောင်တရုတ်ပင်လယ်၏ တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုထားပြီး အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ရွန်းနီဂေးလ်ဂါဗန်က ‘‘ဒါက ကျွန်တော်တို့အတွက် အပြောင်းအလဲဖြစ်စေမယ့် အရာတစ်ခုပါ။ ပြင်သစ်ဆီကနေ ဝယ်ယူမယ့် သင်္ဘောတွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ တခြားမစ်ရှင်တွေအတွက် ကျွန်တော်တို့ရဲ့သီးသန့်စီးပွားရေး ဇုန်ကို ရောက်ရှိအောင် သွားဖို့အတွက် လုံလောက်တဲ့ မြန်ဆန်မှုရှိပါတယ်။ ဒါက အငြင်းပွားဧရိယာတွေမှာဖြစ်ပွားနေတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တဲ့ အင်အားရောနှောမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ”ဟု ပြောဆိုခဲ့သည်။
အဆိုပါသဘောတူညီချက်အရ သင်္ဘော အစင်းရေ(၄၀)အနက် အစင်း (၂၀)ကို နည်းပညာလွှဲ ပြောင်းမှုနှင့်အတူ ဖိလစ်ပိုင်တွင် တည်ဆောက်သွား မည်ဖြစ်ပြီး ဖိလစ်ပိုင်၏ သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကို မြှင့်တင်ပေးနိုင်လိမ့် မည်ဖြစ်ကြောင်း ရွန်းနီဂေးလ်ဂါဗန်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ၏ခရီးစဉ်က နစကဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ် နှင့် တိုက်ရိုက်မဆိုင်ဘဲ နိုင်ငံခြားသားထောက်လှမ်းရေး အတွက်သာဖြစ်နိုင်ဟု ဆို
RELATED POSTS
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
13 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ