Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံတိုင်းပြည်များကို လွှမ်းခြုံလျက်ရှိသည့် ကိုးကွယ်ရာ ဘာသာရေးအုပ်စုကြီးများ နှင့် တစ်နိုင်ငံချင်းအလိုက် ရာခိုင်နှုန်း

Htay Oung (NSS) - ဇူလိုင် ၂၂

လူမှုရေးဆိုင်ရာ နဲ့ အများလူထုအမြင်တို့ကို စစ်တမ်းကောက်ယူပြီး ပါတီစွဲမထားပဲ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမေရိကန်အခြေစိုက် “ပျူး သုတေသနစင်တာ” ရဲ့ ၂၀၁၄ ခုနှစ် လေ့လာမှု တစ်ခုအရ ဘာသာရေးအရ ကွဲပြားမှု အရှိဆုံးနိုင်ငံ ၂ နိုင်ငံ (စင်္ကာပူနှင့် ဗီယက်နမ်) တို့ဟာ အရှေ့တောင်အာ ရှမှာ တည်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အရှေ့တီမော (တီမောလက်စ်တီ) လို  ဘာသာရေး အရ ကွဲပြားမှု အနည်းဆုံးနိုင်ငံကလည်း အလားတူ အာဆီယံဒေသမှ ဖြစ်နေတယ်လို့ “ဗစ်ဆူရယ်ကက်ပီတယ်လစ်” ဒစ်ဂျစ်တယ်မီဒီယာက ဇူလိုင်လ ၂၁ ရက်မှာ ရေးသားပါတယ်။


အရှေ့တောင်အာရှမှာ အများဆုံး လွှမ်းခြုံထားတဲ့ ကိုးကွယ်ရာ ဘာသာကြီး ၃-ခုဟာ အစ္စလာမ်၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာတို့ ဖြစ်ပါတယ်။ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ “၂၀၂၂-ခုနှစ် ဘာသာ ရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာ” အရ အရှေ့တောင်အာရှနိုင်ငံအသီးသီးတို့ရဲ့ (တိုင်းပြည်လူဦးရေရဲ့ ရာ ခိုင်နှုန်း အလိုက်) မြေပုံဆွဲကြည့်မယ်ဆိုရင် အဲ့ဒီ အကြီးဆုံးဘာသာရေးအုပ်စုကြီး ၃-ခုအနက် တစ်ခုခုက လွှမ်း ခြုံထားကြောင်း အလွယ်တကူ သိရှိနိုင်ပါလိမ့်မယ်။

အေဒီ ၁ ရာစုမှ ၃ ရာစုကြား အိန္ဒိယနဲ့ တရုတ်ကုန်သည်တို့ ယူဆောင်လာတဲ့ ဗုဒ္ဓဘာသာဟာ အရှေ့တောင် အာရှဒေသအတွင်းကို ပထမဆုံးရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဟာ မျက်မှောက်ခေတ် အရှေ့ တောင် အာရှလူဦးရေရဲ့  ၃၅-၃၈ ရာခိုင်နှုန်းခန့်ရှိပြီး အစ္စလာမ်သာသာနာပြီးလျှင် ဒုတိယနေရာမှာ ရောက်နေပါတယ်။ အကြီးဆုံးဘာသာရေးအုပ်စုများကို နိုင်ငံ့လူဦးရေ ရာခိုင်နှုန်းအလိုက် အသေးစိတ် လေ့လာကြည့်လျှင် မြန်မာ နိုင်ငံရဲ့ ဗုဒ္ဓဘာသာဝင်ရာခိုင်နှုန်းဟာ ၈၈% ရှိပြီး ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ၉၃% ထက် နည်းပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ထေရဝါဒဘာသာ အထွန်းကားဆုံး တိုင်းပြည်ဆိုလျှင်သာ မှန်ကန်နိုင်ပြီး လူဦးရေ ၂၂-သန်းကျော်သာ ရှိတဲ့ သီရိလင်္ကာ (၇၀.၂%) ထက်တော့ များပြားပါတယ်။ ဂေါတမဗုဒ္ဓ ဖွားမြင်တော်မူရာ နီ ပေါနိုင်ငံ လူဦးရေ ၃၁ သန်းရဲ့ ၈၁.၂% ဟာ ဟိန္ဒူဘာသာဝင်ဖြစ်နေပြီး ဗုဒ္ဓဘာသာဝင် ၈.၂% သာလျှင်ရှိပါ တယ်။ နီပေါနိုင်ငံမှာ ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတယ်ဆိုပေမယ့် ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ “ရှေးပဝေသဏီက တည်ရှိခဲ့တဲ့ ရိုးရာအမွေအနှစ်များကို ကာကွယ်စောင့် ရှောက်မည်” ဆိုခြင်းဟာ နိုင်ငံအစိုးရအဆက်ဆက်တို့ အနေနဲ့ ဟိန္ဒူဘာသာကို ကာကွယ်စောင့်ရှောက်မည်လို့ ရည်ညွှန်းပါတယ်။ 

အဲဒါကြောင့် ဂေါတမဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် ဒေသစာရီ လှည့်လည်တော်မူရာ အိန္ဒိယနိုင်ငံဟာ သန်းပေါင်း ၁၄၀၀ ကျော်နဲ့ ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်နေပေမယ့် တိုင်းပြည်လူဦးရေရဲ့ ၇၉.၈% ဟာ ဟိန္ဒူဘာသာဝင် များဖြစ်နေပါတယ်။ ဒါပေမယ့် နိုင်ငံအလိုက် ဟိန္ဒူဘာသာဝင်ဦးရေရာနှုန်းဟာ နီပေါထက်စာလျှင် နည်းနေပါ သေးတယ်။ လူဦးရေ ၁-သန်းမပြည့်တဲ့ ဘူတန်နိုင်ငံရဲ့ တရားဝင်ကိုးကွယ်ရာဘာသာဟာ ဗုဒ္ဓဘာသာဖြစ်ပေမယ့် နိုင်ငံ့လူဦးရေရဲ့ ၇၄.၇% သာလျှင် ရှိပါတယ်၊ ဒုတိယအများဆုံး ဟိန္ဒူဘာသာက ၂၂.၆% ရှိပါတယ်။  

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင် အများဆုံးတိုင်းပြည် များဖြစ်ကြပါတယ်။ ပျူးသုတေသနစင်တာက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အဲဒီနိုင်ငံများနေ လူ ၁၀-ဦးမှာ ၉-ဦးနီးပါးက ဗုဒ္ဓဘာသာဝင်များဖြစ်နေကြပြီး သဗ္ဗညုတ ဉာဏ်တော်ရှင်ရဲ့ ဟောကြားချက်တွေဟာ သူတို့ရဲ့အမျိုးသားရေး စရိုက်လက္ခဏာများအတွက် အလွန်အရေးကြီးတယ်လို့ ဖြေဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်က ဗုဒ္ဓဘာသာဟာ သူတို့ရဲ့ အမျိုးသားရေးလက္ခဏာ တစ်ရပ်ဖြစ်ပြီး လူ့ဘဝကြီးကို စတင် ရောက်ရှိချိန်ကတည်းက လိုက်နာကျင့်သုံးကြတဲ့ ဓလေ့ထုံးတမ်းများမှာ ပါဝင်နေတယ်လို့ ယုံကြည်ကြပါတယ်။

၇ ရာစုမှာ အရှေ့တောင်အာရှဒေသကို  အာရပ်ကုန်သည်များနဲ့အတူ အစ္စလာမ်သာသနာ ရောက်ရှိလာပါတယ်။ ကမာ ္ဘ့စတုတ္ထ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားလူဦးရေရဲ့ ၈၅% ကျော်ဟာ အစ္စလာမ်ဘာသာဝင်များ ဖြစ်နေကြတဲ့အတွက် သု့တစ်နိုင်တည်းနဲ့ပဲ အရှေ့တောင်အာရှတစ်ခုလုံးရဲ့ လူများစုကိုးကွယ်ရာ ဘာသာတရားစာရင်းမှာ ပါဝင်နေရခြင်း ဖြစ်တယ်။

အရှေ့တောင်အာရှကို နောက်ဆုံးရောက်ရှိလာတဲ့ ကိုးကွယ်ရာဘာသာဟာ ခရစ်ယာန်ဘာသာဖြစ်ပြီး ဥရောပ သာသနာပြုများက ၁၆ ရာစုမှာ ယူဆောင်လာကြခြင်းဖြစ်ပါတယ်။ အာဆီယံတိုင်းပြည်များရဲ့ ခရစ်ယာန်အများ စုမှာ ကက်သလစ်ဘာသာဝင်များဖြစ်ပါတယ်။ မွတ်စလင်ဘာသာဝင်အများစု ဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံဟာ  အရေအတွက်အရ ဖိလစ်ပိုင်နိုင်ငံပြီးလျှင် ကက်သလစ်ဘာသာဝင်  ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။

(မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ မှေးမှိန်ပျောက်ကွယ်မှာကို စိုးရွံရှာသူများက ဆော်ဒီအာရေးဗီးယားရဲ့ ဘာသာ ရေးကာကွယ်စောင့်ရှောက်ပုံများနဲ့ နှိုင်းယှဉ်ပြောဆိုမှုများ လူမှုကွန်ရက်မှာ အကြိမ်ကြိမ်တွေ့မြင်ရပါတယ်။ အဲ့ဒီလို ဥပမာပေးမှုဟာ အခြေခံအချက်များအရ လုံး၀မှားယွင်းပါတယ်။

ဆော်ဒီအာရေးဗျဟာ တမန်တော် မိုဟာမက် ဖွားမြင်တော်မူရာနဲ့ အသက်ထင်ရှားရှိစဉ် အချိန်ကာလ အများဆုံး နေထိုင်ခဲ့ရာ တိုင်းပြည်ဖြစ်တဲ့အတွက် “တရားဝင် မွတ်စလင်သီးသန့်” “ဆွန်နီ အစ္စလာမ်သာသနာ့တိုင်းပြည်” ဖြစ်ပါတယ်။ အစ္စလာမ်ဂိုဏ်းကွဲဖြစ်တဲ့ ရှီယိုက်နဲ့ ဆူဖီဒဿနကိုပင်လျှင် တားမြစ်ထားပါတယ်။ ဆော်ဒီအာရေး ဗီးယားကလွဲလျှင် ကျန်အာရပ်နဲ့ အာရပ်မဟုတ်တဲ့ အရှေ့အလယ်ပိုင်း တိုင်းပြည်များမှာ အများပြည်သူဆိုင်ရာ မူဝါဒ သို့မဟုတ် ကိုယ်ကျင့်တရားကို မထိပါးသရွေ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိနေပါတယ်။ အထူးသဖြင့် ယူအေအီးနိုင်ငံမှာ ဗုဒ္ဓဘာသာ ရိပ်သာများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ရှိနေပါတယ်။ ခရစ်ယာန်နဲ့  အခြားဘာသာဝင်များအတွက် ဝတ်ပြုရန်နေရာများ ခွင့်ပြုထားပါတယ်။ 

အဲဒီနိုင်ငံများမှာ ရှီယိုက်မွတ်စလင်များလည်း လွတ်လပ်စွာ ဝတ်ပြုခွင့် စုဝေးခွင့်ရှိကြပြီး  ပါရှားပင်လယ်ကွေ့ အနောက်မြောက်နဲ့ မြောက်ဘက် ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်၊ အီရန်တို့မှာ မွတ်စလင် ဂိုဏ်းကွဲ ၂-ခုစလုံးသာမက ခရစ်ယာန်နဲ့ ဇိုရိုအက်စ်တာလို အလွန်ရှေးကျတဲ့ ကိုးကွယ်ယုံကြည်သူများ ရောနှောနေပါ တယ်။ ကိုးကွယ်ရာ ဘာသာတစ်ခုမှ အခြားတစ်ခုကို ကူးပြောင်းသက်ဝင်ခွင့် ရှိကြပြီး အများဆုံး ကူးပြောင်း ကြတာ မွတ်စလင်မှ ခရစ်ယာန်အကြား အပြန်အလှန်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ယခု အစ္စရေးနဲ့ ပဋိပက္ခဖြစ်နေပြီး ဂါဇာစစ်ပွဲကြောင့် ကမ္ဘာသိဖြစ်နေကြတဲ့ “ပါလက်စတိုင်း ဟားမတ်စ်” ခေါင်းဆောင်တို့ရဲ့ သားသမီးများကိုယ်တိုင် မွတ်စလင်မှ ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့ကြဖူးပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတို့မှာ ဘာသာရေးနဲ့ ရောယှက်နေခြင်း မရှိတဲ့ တိုင်းပြည်များကို “ဆီကျူလာ_ကမ်းထရီး ” Secular Countries” “ဘာသာရေး လွတ်လပ်တဲ့ နိုင်ငံ”လို့ ခေါ်ကြပါတယ်။ တိုင်းပြည်ရဲ့ အရေးကိစ္စ အရပ်ရပ်များမှာ ဘာသာရေး လွှမ်းမိုးမှု ပါဝင်နေလျှင်တော့ “နမ်း ဆီကျူလာ ကန်းထရီး” ပေါ့ 

တစ်ချို့တိုင်းပြည်များမှာ တရားဝင်ကိုးကွယ်ရာဘာသာ ပြဌာန်းထားခြင်း မရှိပေမယ့် ဘာသာရေးကို နိုင်ငံရေး လက်နက်အဖြစ် အမြတ်ထုတ်လိုတဲ့ အုပ်ချုပ်သူများ အလိုကျ နမ်းဆီကျူလာနိုင်ငံ ဖြစ်နေတာလည်း ရှိပါတယ်။ ကိုးကွယ်ရာ ဘာသာတရားတစ်ခု ပျောက်ကွယ်သွားမှာ မှေးမှိန်သွားမှာကို သက်ဆိုင်ရာ သာသနာ့ဝန် ထမ်းများ က အစိုးရိမ်ဆုံး ဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးဖြစ်နေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော် ကိုး ကွယ်ယုံကြည်ရာ ပျောက်ကွယ်သွားမှာကို အလွန်ကြောက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ စိုးရိမ်စိတ် ကြောက်စိတ် ဟာ အခြားဘာသာဝင်များ လူမျိုးခြားများမှာလည်း ရှိနေမယ်ဆိုတာ နားလည်သင့်ပါတယ်။

တကယ်တော့ နိုင်ငံတစ်နိုင်ငံ ဖွဲ့စည်းထားခြင်းဟာ ဘာသာ_လူမျိုး တူရာတူရာ_လူများသာမက သမိုင်း တစ်လျှောက် အတူဖြတ်သန်းနေထိုင်ခဲ့ကြသူများလည်း ပါဝင်ပါတယ်။ အဲ့ဒီ ကြောက်စိတ် စိုးရိမ်စိတ်ဟာ အထွဋ်အထိပ်ရောက်ပြီး မိမိလူ့အဖွဲ့အစည်းအတွင်းမှ အခြားဘာသာဝင်များ၊ လူမျိုးခြားများကို နှိပ်ကွတ်လျှင် တော့ “အစွန်းရောက် အမျိုးသားရေးဝါဒ” ဖြစ်လာပြီး” “နာဇီဝါဒ” “ဖက်ဆစ်ဝါ” နဲ့ အတူတူဖြစ်သွားပါတယ်။

ဒါကြောင့် ကမ္ဘာစစ်ကြီးကို မီးမွှေးသူ၊ ပြည်တွင်း ပြည်ပ ထိပ်တိုက်တွေ့မှုများ၊ ပြည်တွင်းစစ် သံသရာရှည်တဲ့ တိုင်းပြည်များကို ကြည့်လျှင် “နမ်း_ဆီကျူလာတိုင်းပြည်” များက အများစုဖြစ်နေပါတယ်။ တိုင်းပြည်တစ်ပြည်မှာ ဘာသာတရားတစ်ခုခု သက်ဝင်ယုံကြည်သူများ ရှိသလို Atheism “ ထာဝရဘုရားသခင် တည်ရှိခြင်းကို မယုံကြည်သူ” များနဲ့  ဘယ်ဘာသာတရားမှ သက်ဝင်ယုံကြည်ခြင်း မရှိသူ “Irreligious” များ လည်း ရှိပါတယ်။ ကျွန်တော့် လူ့သက်တမ်းရဲ့ ထက်ဝက်နီးပါးဟာ အဲ့ဒီလိုလူများနဲ့ လက်ပွန်းတတီး အလုပ် လုပ်ခဲ့ရပြီး သူတို့ဟာ “ဘာသာမဲ့ ” လို့ ပြောရပေမယ့် ထူးခြားပြီး မိုက်ရိုင်းတယ်လို့ မတွေ့ရှိရပါဘူး။

ကိုယ့်ကိုယ်ကို ဘာသာမဲ့ဖြစ်ကြောင်း လူသိစေချင်လို့ သာသနာ့ဝန်ထမ်းများကို စော်ကား၊ ဘာသာရေးဓလေ့ ထုံးတမ်းများကို ပုတ်ခတ်နေသူများဟာ “ယဉ်ကျေးမှုမဲ့သူများ” ဖြစ်သွားပါတယ်။ “လူရိုင်းဝါဒ” Barbarianism ဖြစ်သွားပါတယ်။ တိုင်းပြည်တစ်ပြည်မှာ လူမျိုးရေး-ဘာသာရေးအစွန်းရောက်ဝါဒီများ လွှမ်းမိုးလာလျှင်သော် ၎င်း၊ ယဉ်ကျေးမှုမဲ့သူ များပြားလာလျှင်တော့ အဲ့ဒီနိုင်ငံဟာ ပျက်စီးတတ်ပါတယ်။  ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက် ဖြစ်ပါသည်။)

(Visual capitalist., 21 July 2024,” Mapped: The Largest Religious Group in Each Southeast Asian Country” ကို ဆီလျော်အောင် ဖြည့်စွက်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆင်ရွာရေတံခွန်တွင် ခြေချော်ကျသည့် သူငယ်ချင်းကိုလိုက်လံဆယ်ယူရာမှ (၉)တန်းကျောင်းသူသေဆုံး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved