Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂေါတမဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗနီ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားပြု ဗုဒ္ဓကျောင်းတော် ဆောက်လုပ်လှူဒါန်းရန် ရှိတ်ဟာစီနာ စီစဉ်

Htay Oung (NSS) - ဇွန် ၂

ဂေါတမမြတ်စွာဘုရား ဖွားမြင်တော်မူရာဒေသမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စားပြု ဗုဒ္ဓကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းသွားရန် နီပေါနိုင်ငံမှာ စီစဉ်လျှက်ရှိတယ်လို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုကြောင်း ဒါကာ အခြေစိုက် “ဘင်ဇင်းနက်စ်_စတင်းဒတ်” နေ့စဉ်သတင်းစာက မေလ ၂၅ ရက်မှာရေးသားပါတယ်။


မွတ်စလင်ဘာသာရေးခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာ အထင်ကရပုဂ္ဂိုလ်များနဲ့ တွေ့ဆုံစဉ် ဂေါတမဗုဒ္ဓ ဖွားမြင်တော်မူခြင်း၊ သဗ္ဗုတ ဉာဏ်တော်ရရှိခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများနဲ့ ပတ်သက်ပြီး အမြင်ခြင်းဖလှယ် ဆွေးနွေးရာမှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ယခုလို ထည့်သွင်း ပြောကြားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နီပေါအစိုးရ လုဗ္မနီ_ဖွံ့ဖြိုးရေး_ထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့ တို့အကြား သဘောတူညီမှု ရရှိထားပြီး ပရောဂျက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ အဝါမီလိဂ်အစိုးရဟာ နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် ရည်ရွယ်လုပ် ဆောင်နေတယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းပြောပြပါတယ်။

ကိုးကွယ်ယုံကြည်မှုနဲ့ အမျိုးဇာတ်အပေါ် အခြေခံခြင်း မရှိတဲ့ တိုင်းပြည်အဖြစ် ထူထောင်ရန် ဆန္ဒရှိကြောင်း၊ ပြည်သူတွေနဲ့ သူတို့ရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဟာ မတူကွဲပြားတဲ့ ဘာသာဝင်ပေါင်းစုံတို့ အမြဲ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ တိုင်းပြည်ဖြစ်ပြီး၊ နိုင်ငံကို နောက်ပြန် မလှည့်ပဲ ရှေ့သို့သာ တိုးတက်စေလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ရဲ့ မတူညီခြင်းများနဲ့ သဟဇာတဖြစ်အောင် အတူနေထိုင်လျှက်ရှိခြင်းဟာ ကမ္ဘာတိုင်းပြည်အသီးသီးအတွက် စံနမူနာပြ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ စိန်ခေါ်မှုများကို အသိအမှတ်ပြုပေမယ့် နိုင်ငံရဲ့ ခံနိုင်ရည်အားကို ယုံကြည်ကြောင်း၊ လူတော်တော်များများက ဘင်္ဂလားဒေ့ရှ်ကို လမ်းကြောင်းပြောင်းဖို့ ကြိုးစားနေပေမယ့် ဘယ်လိုမှ မရကြောင်း၊ ဘာသာတရားတိုင်းရဲ့ အခြေခံနိယာမဟာ လူသားတို့ရဲ့အကျိုးစီးပွားဖြစ်ကြောင်း ဂေါတမမြတ်စွာဘုရားရဲ့ ဟောကြားတော်မူပုံတို့ကို ဝန်ကြီးချုပ်က အလေးပေးရှင်းပြပြီး ကိုးကွယ်ရာဘာသာအတု့ိအကြား မျှဝေတန်ဖိုးကို မီးမောင်းထိုးပြခဲ့ပါတယ်။

(ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ) စစ်တကောင်းတောင်တန်းဒေသအပြင် နိုင်ငံတဝှမ်း အခြားဒေသများနေ ဗုဒ္ဓဘာသာဝင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစိုးရက လုပ်ဆောင်နေကြောင်း၊ အဲ့ဒီအတွက် ဝန်ကြီးချုပ်ရုံးမှာ သီးခြားရန်ပုံငွေ သတ်မှတ်ထားကြောင်း၊ ဘာသာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသာမက အခြားဘာသာ ကိုးကွယ်ယုံကြည်သူများကို အထူးအကူအညီများ ပေးအပ်ခဲ့ကြောင်း၊ နိုင်ငံအတွင်း အစ္စလာမ်ဘာသာကိုသာမက ကိုးကွယ်ရာဘာသာမျိုးမျိုးအတွက် ဝတ်ပြုဆုတောင်းရာနေရာများ ထူထောင်နေခြင်းတဲ့ ပတ်သက်ပြီး တကယ်တော့ စားဝတ်နေရေးအတွက် အသုံးချ ပညာရေး လိုအပ်ကြောင်း၊ လူတိုင်းလူတိုင်း ကလေးဘဝတည်းက ဘာသာရေးကို သင်ယူလို့ ရပါကြောင်း။ ဘာသာကိုးကွယ်ရာတို့ရဲ့ သွန်သင်ချက်များကို လိုက်နာခြင်းအားဖြင့် ဘာသာရေး ထုံးတမ်းစဉ်လာများနဲ့အညီ လိုအပ်ချက်များကို သင်ယူနိုင်ပုံကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချူပ် ရှိတ်ဟာစီနာက အကျယ်တဝံ့ ပြောဆိုပါတယ်။ 

ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုတစ်အဖြစ် သတ်မှတ်ထားတဲ့ ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်ရာ လုမ္ဗိနီဒေသဟာ ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးသူများအတွက် ဘူမိနက်သန် နေရာ တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘီစီ ၆၂၃ တွင် ဖွားမြင်တော်မူပြီး ပကတိငြိမ်းချမ်းရေးနဲ့ မဂ္ဂင်ဒေသနာတော်ကို ဟောကြားခဲ့ပါတယ်၊ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများအတွက် အထွတ်အမြတ်ထားအပ်တဲ့ နေရာတစ်ခုအဖြစ် လေးစားကြည်ညိုကြပါတယ်။

အဲဒီ မေ-၂၅ ရက် “ဘင်ဇင်းနက်စ်_စတင်းဒတ်” ရဲ့ အခြားသတင်းတစ်ပုဒ်မှာတော့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များမှာ ငြိမ်းချမ်းရေးကို အားဖြည့်ပေးတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဖြတ်သန်းနေတဲ့ လက်နက်မှောင်ခို လမ်းကြောင်းများကို ပိတ်ပစ်ရန် မိမိတို့အစိုးရအနေနဲ့ သိသိသာသာ လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောဆိုတယ်လို့ ရေးသားထားပါတယ်။ အဝါမီလိဂ်ပါတီ အာဏာရလာကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြတ် လက်နက်မှောင်ခိုလမ်းကြောင်းတွေကို ပိတ်ပစ်လျှက်ရှိကြောင်း ဒါကာမြို့ဟောင်း “ဘန်ဂါဘဇား_နာဂါ” ၁၀-ထပ်အဆောက်အအုံ လက်ကားဈေးသစ် အပါအဝင်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပရောဂျက်များ ဖွင့်ပွဲအခန်းအနားမှာ ရှိတ်ဟာစီနာက ပြောကြားခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ 

အိန္ဒိယအရှေ့ဖျား အာသံ လွတ်မြောက်ရေးတပ်ဦး (ULFA) အပါအဝင် ခွဲထွက်ရေးအဖွဲ့ အသီးသီးတို့ထံ လက်နက်မှောင်ခိုတင်သွင်းမှုကို တားဆီးရာမှာ အဝါမီလိဂ်အစိုးရ ကြိုးပမ်းမှုရဲ့ အကျိုးသက်ရောက်မှုကို ဝန်ကြီးချုပ်က အကျယ်တဝံ့ ပြောပြပါတယ်။ ရလဒ်အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ “ညီအစ်မ ခုနစ်ဖော်” ခေါ် အရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျားပြယ်နယ် ၇-ခုမှာ ငြိမ်းချမ်းရေး စိုးမိုးနိုင်ခဲ့ကြောင်း၊ အဝါမီလိဂ်က လုပ်ဆောင်ခဲ့ပြီး သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ရှိတ်ဟာစီနာက သူ့ရဲ့ ဖွင့်ပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ အာသံပြည်နယ်ဟာ အိန္ဒိယ ညီအစ်မ ၇-ဖော်အနက် အကျယ်အဝန်းအရရော လူဦးရေအရပါ ဒုတိယအကြီးဆုံး ပြည်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်တိုင်းနီးပါး ကျယ်ဝန်းတဲ့ ပြည်နယ်ဟာ အရည်အသွေးကောင်း ပိုး ထည်နဲ့ လဖက်ခြောက်ထွက်ရှိရာဒေသအဖြစ် ထင်ရှားပါတယ်။ မြောက်ဖက်မှာ ဘူတန်နိုင်ငံ၊ ကျန်ညီအစ်မ ၇-ဖော် ပြည်နယ် ၄-ခုတို့နဲ့ ထိစပ်နေပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နာဂပြည်နယ်၊ တရုတ်-အိန္ဒိယ နယ်ခြားပိုင်နက် အငြင်းပွားနေတဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်တို့လည်း ပါဝင်ပါတယ်။ အထူးသဖြင့် အာသံပြည်နယ် အနောက်ပိုင်း “ဆီလီဂူရီ_စင်္ကြံလမ်း” ခေါ် “ကြက်လည်ချောင်း စင်္ကြံ” ဩဟာ နီပေါ-ဘူတန်-ဘင်္ဂလားဒေ့ ၃-နိုင်ငံတြိဂံဒေသနဲ့ ကပ်လျှက်တည်ရှိနေတဲ့အတွက် ပထဝီနိုင်ငံရေး မဟာဗျူဟာအရ အလွန်အရေးပါပါတယ်။ 

“ညီညွတ်သော အာသံ လွတ်မြောက်ရေး တပ်ဦး” ခေါ် ULFA ဟာ အဲ့ဒီပြည်နယ်မှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်ခြင်းအားဖြင့် အာသံပြည်သူများအတွက် လွတ်လပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံထူထောင်ရေးကို ကြိုးပမ်းနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ညီအစ်မ ခုနစ်ဖော် ခေါ် အရှေ့မြောက် ဝေလံခေါင်ဖျား ကုန်းတွင်းပိတ်ပြည်များမှာ မီဇိုရမ်၊ အာသံ၊ မဏိပူရ၊ မီဂါလာယာ၊ တြိပူရာ၊ အာရူနာချယ်ပရာဒက်ရှ်နဲ့ နာဂလန်းတို့ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ် အနောက်ဖက်ကျကျမှာ ရောက်ရှိနေတဲ့ နယူးဒေလီအစိုးရအတွက် အဲ့ဒီပြည်နယ်များကို ဆက်သွယ်ထောက်ပံ့ နိုင်ဖို့အတွက် ၄၈-မိုင် အရှည်၊ ၁၂ မှ ၁၄ မိုင်သာ အများဆုံးကျယ်ဝန်းတဲ့ အာသံပြည်နယ် “ကြက်လည်ချောင်း စင်္ကြံ” ကို မဖြစ်သန်းပဲ မဖြစ်နိုင်ပါဘူး။ ၁၉၉၀ ခုနှစ် အိန္ဒိယအစိုးရဟာ ULFA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တားဆီးပိတ်ပင်မှုများ ပြုလုပ်နေပါတယ်။

(LDC ခေါ် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးတိုင်းပြည်များအနက် အာရှတိုက်မှာ မြန်မာ၊ နီပေါ၊ ဘင်္ဂလား ဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လောနိုင်ငံတို့ ပါဝင်ပါတယ်။ ၄၅-ခု ရှိတဲ့ အဲ့ဒီနိုင်ငံများမှာ ဘုံတူညီတဲ့ အချက် ၅-ချက် ရှိတယ်လို့ ဟားဘတ်တက္ကသိုလ်က ပြောခဲ့ဖူးပါတယ်။

(၁) ကုန်းတွင်းပိတ် သို့မဟုတ် ဆင်းရဲမွဲတေနှုန်း မြင့်မားခြင်း (၂) စိုက်ပျိုးရေး သို့မဟုတ် သယံဇာတများကို ထုတ်ရောင်းခြင်းမျိုးလို အပေါ်မှာသာ နိုင်ငံအဓိကရပ်တည်နေပြီး အခြား အမယ်စုံ စီးပွားရေးလုပ်ငန်းမရှိခြင်း၊ (၃) နိုင်ငံသား အများစုတို့ဟာ ဗဟုဝါဒ ခေါ် မတူညီတဲ့ ဘာသာ-လူမျိုးစုများ ရောနှောနေထိုင်တဲ့ ပုံစံမျိုးနဲ့ အသားတကျ မဖြစ်ခြင်း၊ (၄) တိုင်းရင်းသား မျိုးနွယ်စု အလွန်များခြင်း (၅) ဒီမိုကရေစီ မဟုတ်သည့် တစ်ပါတီအစိုးရ အုပ်ချုပ်တဲ့ အိမ်နီးချင်းတိုင်းပြည်က အင်အားကြီးနိုင်ငံအဖြစ် ကပ်လျှက်တည်ရှိခြင်းတို့ ဖြစ်ကြောင်း၊ အဲဒီ LDC တိုင်းပြည်တွေဟာ အာဏာသိမ်းခြင်းတို့လို ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်ခြင်းမျိုးကို မကြာခဏဦးတည်သွားတတ်ပြီး ပြည်တွင်းစစ် သို့မဟုတ် နိုင်ငံရေး လုံခြုံရေး မတည်ငြိမ်ခြင်းများကို တွေ့ရတတ်တယ်လို့ ပြောဆိုပါတယ်။

ကိုင်း .. ဟားဘတ်ပြောတဲ့ (၅) ချက်မှာ ကျွန်တော်တို့ ဘာမေးရှားက ဘယ်နှစ်ချက်နဲ့ ကိုက်ညီနေပါသလဲ။ ။ သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်။)

(The Business Standard., 25 May 2024, “Temple to be built in Nepal on behalf of Bangladesh at Buddha's birthplace: PM” နှင့် အခြားဆက်စပ်သတင်းများကို ဆီလျော် အောင် ဘာသာပြန်ဆို စုစည်းသည်)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မင်းကင်းမြို့တွင် အင်အား ၅ ဒသမ ၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ဟု မိုးဇလထုတ်ပြန်

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved