ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး သည်းခံပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၈
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆေင် ယူနွတ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အတွက် သည်းခံပေးစေလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ရာထူးက ပြုတ်ကျစေတဲ့ ဆန္ဒပြပွဲဖြစ်ပွားမှု ရက်ပေါင်း(၁၀၀)ပြည့်အထိမ်းအမှတ်မှာ မိန့်ခွန်းပြော ဆိုချိန်အတွင်း ယူနွတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက်(၈၄)နှစ်အရွယ်ရှိ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သြဂုတ် ၉ ရက်မှာ စတင်တာဝန်ယူခဲ့ကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရွေးကောက်ပွဲမကျင်းပခင် နိုင်ငံရဲ့ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲဖို့ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေကြောင်း ယူနွတ်က ပြောပါတယ်။ ယူနွတ်က "လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အပြီးတိုင်လုပ်ဆောင်ပြီးချိန်မှာ ရွေးကောက်ပွဲကို ကျင်း ပသွားမှာဖြစ်တယ်။ အဲဒီအချိန်အထိ ပြည်သူတွေကို သည်းခံစောင့်ဆိုင်းပေးစေလိုတယ်။ ရွေးကောက်ပွဲစနစ်ကို တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်။ အဲဒီအတွက် အချိန်လိုတယ်"လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရာထူးက နုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဆန္ဒပြပွဲအတွင်း လူအများအပြားသေဆုံးစေအောင် ကျူးလွန်မှုတွေအတွက် စွဲချက်တင်ထားပြီး အမှုလာရောက်ရင်ဆိုင်ဖို့ ဆင့်ခေါ်ထားကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ လက်ရှိအချိန်မှာ နိုင်ငံကို(၁၅)နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်ထားကြောင်း သိရပါတယ်။ ဒါ့ပြင် ဆန္ဒပြပွဲအတွင်း လူအများအပြား သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ လက်ထက်က တာဝန်ရှိသူအချို့ကို ဖမ်းဆီးထိန်း သိမ်းထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေး အကျပိုင်းဖြင့်ဈေးကွက်အေးနေ
RELATED POSTS
18 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
14 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
14 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
14 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ