အမေရိကန်၏ လက်နက်အရောင်းအဝယ် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများအတွက် လောင်စာ
တင်ဇာ (NSS) - နိုဝင်ဘာ ၁၅
(၂၀၂၄) ခုနှစ်တွင် ကမ္ဘာကြီးသည် ယူကရိန်းမှစ၍ ယီမင်ပဋိပက္ခ၊ အီသီယိုးပီးယား၊ မြန်မာ တို့ အပြင် စစ်ပွဲပေါင်း (၅၀) ကျော်နှင့် ရင်ဆိုင်နေရသည်။ ဤ စစ်ပွဲများနှင့်ပဋိပက္ခများသည် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသာမက အကျိုးအမြတ်များသော လက်နက်တင်ပို့ ရောင်းချမှုများကိုပါ တည်တံ့စေကြာင်း ဖော်ပြနေသည်။ နှစ်စဉ် ဒေါ်လာ ဘီလျံ(၆၀)ကျော်တန်ဖိုးရှိသော ကမ္ဘာ့ လက်နက်ကုန်သွယ်မှုသည် ယင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားစေရန်အတွက် အဓိက အခန်း ကဏ္ဍမှပါဝင်နေ သကဲ့သို့ ကမ္ဘာ့အကြီးဆုံးလက်နက်တင်ပို့ရောင်းချသူ အများအပြားကလည်း ပဋိပက္ခ ကြီးထွားစေရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ပတ်သက်နေသည်။ (၂၀၂၄)ခုနှစ်တွင် ကမ္ဘာလုံး ဆိုင်ရာ လက်နက်ကုန် သွယ်မှုသည် တုန်လှုပ်ချောက်ချားဖွယ်ရာ အထွတ်အ ထိပ်သို့ ရောက်ရှိခဲ့ပြီး လက်နက်ထုတ်လုပ်သူများသည် ပဋိပက္ခဇုန်များအတွင်း အကြမ်းဖက်မှုနှင့် မတည်မငြိမ် မှုများမြင့်မား လာသည့်အလျောက် လက်နက်ထုတ်လုပ်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့ ထိပ်တန်း လက်နက် ရောင်းချသည့်နိုင်ငံများသည် ငြိမ်းချမ်းရေးမြှင့်တင်ရန် လူကြားကောင်းအောင် တောင်းဆိုနေ သော်လည်း အမြတ်အစွန်းအတွက် စစ်ပွဲများကို တစ်ဖက်တစ်လမ်းက လှုံ့ဆော်ပေးနေသည်ဟု စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏ စစ်မှန် သောရည်ရွယ်ချက်များနှင့်ပတ်သက်၍ ကျင့်ဝတ်ဆိုင် ရာမေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန (SIPRI)၏အဆိုအရ ကမ္ဘာလုံးဆိုင်ရာ လက် နက်တင်ပို့မှု၏ (၄၀)ရာခိုင်နှုန်းကျော်ကို အမေ ရိကန်တစ်နိုင်ငံတည်းကဦးဆောင်နေပြီး ၎င်းနောက်တွင် မှ ရုရှားနှင့်ပြင်သစ်တို့က ဒုတိယနှင့်တတိယနေရာတွင်ရှိကြောင်း သိရသည်။ ဤလက်နက်များကြောင့် အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေပြီး ပဋိပက္ခများကို ရှည်ကြာစေကာ သွေးထွက်သံယိုအပြင်းထန်ဆုံး စစ် မြေပြင်သို့ရောက်ရှိသွားတတ်ကြသည်။ ငြိမ်းချမ်းရေးအတွက် ကတိပြုနေကြသော်လည်း ကမ္ဘာလုံးဆိုင် ရာ လက်နက်ကုန်သွယ်မှုသည် နှေးကွေးသွားမည့် အရိပ်အယောင်မပြဘဲ ထိပ်တန်းလက်နက် တင်ပို့သည့် နိုင်ငံများ၏ ခေါင်းဆောင်များသည် အမျိုးသားလုံခြုံရေး နှင့် နိုင်ငံတကာကျင့်ဝတ်တာဝန် များကြား မကြာခဏ လမ်းပျောက်နေတတ်ကြောင်းတွေ့ရသည်။
လက်ရှိအချိန်အထိ (၂၀၂၄) ဘဏ္ဍာနှစ်အတွက် အမေရိကန်၏ နိုင်ငံခြားသို့ စစ်လက်နက် ရောင်းချမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၈၀)ဘီလျံကျော် ရှိပြီး ယခုနှစ်ကုန်တွင် အမေရိကန် ဒေါ်လာ ဘီလျံ (၁၀ဝ)အထိ ရောက်ရှိနိုင်သည်ဟု မကြာသေးမီက အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ ဤစံချိန်တင်ပမာဏသည် (၂၀၂၃) ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ (၆၆ ဒသမ ၂) ဘီလျံကို ကျော်လွန်သွားသည်။
ကမ္ဘာ့စီးပွားရေးအပေါ် ဖိအားများတိုးလာခြင်း နှင့် နိုင်ငံတကာလုံခြုံရေးတွင် မတည်မငြိမ်ဖြစ်မှု များ ကြားတွင် အမေရိကန်၏ လက်နက်တင်ပို့မှုသည် ဆန့်ကျင်ဘက်အနေဖြင့်မြင့်မားလာခဲ့ပြီး တစ် ကမ္ဘာလုံးကို လွှမ်းမိုးနေခဲ့သည်။ ဤသည်မှာ လုံခြုံရေးစိုးရိမ်မှုများကို အသုံးချခြင်း၊ ပဋိပက္ခနှင့် ထိပ် တိုက်ရင်ဆိုင်မှုများကို မြှင့်တင်ခြင်းနှင့် စစ်ပွဲမှရရှိလာသောအကျိုးအမြတ်များကို ကာလရှည်ကြာ ကျင့်သုံးနေသည့် အမေရိကန်၏အလေ့အထကို မီးမောင်းထိုးပြနေသည်။
အထူးကုန်စည်တစ်ခုအနေဖြင့် လက်နက် တင်ပို့မှုသည် စီးပွားရေး၊ ဗျူဟာမြောက်လုံခြုံရေးနှင့် သံတမန်ရေးရာအပါအဝင် များစွာသော အကျိုးသက်ရောက်မှုများကို သယ်ဆောင်လာသောကြောင့် ရိုးရှင်းသော စီးပွားရေးအရောင်းအဝယ်ပုံစံနှင့် ကွဲပြားနေသည်။ အမေရိကန်၏ လက်နက်တင်ပို့မှုမူဝါဒ သည် မည်သည့်အလှည့်အပြောင်းတွင်မဆို ၎င်း၏ ကြီးမား သောအကျိုးစီးပွားကို ဖော်ဆောင်ရန် တွက် ချက်ထား လေ့ရှိသည်။
စီးပွားရေးကဏ္ဍတွင် အမေရိကန်၏စီးပွားရေးသည် ဒုတိယကမ္ဘာစစ်ကတည်းက ၎င်း၏ စစ်တပ် နှင့် ဆက်စပ်နေခဲ့သည်။ ဆယ်စုနှစ်များအတွင်း ၎င်း၏စစ်တပ်၊ ကာကွယ်ရေး ကန်ထရိုက်တာများနှင့် နိုင်ငံ ရေးသမားများသည် စစ်ရေး-စက်မှုဆိုင်ရာ ပေါင်း စပ်မှုကို ဖွဲ့စည်းဖန်တီးခဲ့ပြီး အမေရိကန်၏မူဝါဒ များ နှင့် လူထုအမြင်အပေါ် နက်နက်ရှိုင်းရှိုင်းလွှမ်းမိုး လာခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီး ကတည်းက Lockheed Martin, RTX, General Dynamics, Boeing နှင့် Northrop Grumman
အပါအဝင် အမေရိကန် လက်နက်ကုမ္ပဏီကြီးများ သည် ဤစစ်တပ်-စက်မှုလုပ်ငန်း ရောယှက်မှုကို အသုံးချခြယ်လှယ်ကာ ကြီးမားသော အမြတ်အစွန်း များကို ရယူခဲ့သည်။
သံတမန်ရေးအရ လက်နက်တင်ပို့မှုသည် အ မေရိကန်အတွက် ၎င်း၏မဟာမိတ်စနစ်ကို ထူထောင် ထိန်းသိမ်းရန် အရေးကြီးသောနည်းလမ်းဖြစ်ပြီး တင် သွင်းသည့်နိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများကို လွှမ်းမိုးရန် အားကောင်းသည့် ကိရိယာတစ်ခုလည်း ဖြစ်သည်။ မဟာမိတ်များနှင့် မဟာမိတ်မဖြစ်တဖြစ်နိုင်ငံများထံသို့ လက်နက်တင်ပို့ မှုတိုးမြှင့်ခြင်းနှင့် အဆိုပါ နိုင်ငံ များနှင့် စစ်ဘက် ဆက်ဆံရေး ခိုင်မာစေခြင်းသည် မဟာမိတ်အဖွဲ့အ စည်းအတွင်း ၎င်း၏ဦးဆောင်မှုကို သရုပ်ပြရန်နှင့် ၎င်း၏မဟာမိတ်များအပေါ်ထောက်ပံ့မှုကို ပြသရန် အတွက် အဓိကအချက်ဖြစ်နေသည်။ လက်ရှိတွင် နိုင်ငံတကာလုံခြုံရေးအခြေအနေ ယိုယွင်းလာခြင်း ကြောင့် အမေရိကန်၏ တာဝန်မဲ့ လက်နက်တင်ပို့မှုသည် ပြင်းထန်လာပြီး ကမ္ဘာနှင့်အဝှမ်း ထိခိုက်နစ်နာ လာစေသည်။ ရုရှား-ယူကရိန်း ပဋိပက္ခ တွင် အမေရိ ကန်သည် မီးထဲလောင်စာထည့်သကဲ့သို့ လက်နက် များတင်ပို့ကာ စစ်ပွဲမှ အမြတ်ထုတ်ခဲ့သည်။ ၎င်းသည် စစ်ပွဲကို ပြင်းထန်လာစေပြီး ပြဿနာဖြေရှင်းမှုကို နှောင့်နှေးစေသည့် အဓိကအချက်များထဲမှ တစ်ခုဖြစ် ကြောင်း သုံးသပ်ရသည်။ အမေရိကန်သည် စစ်ဘက် ဆိုင်ရာ ထောက်ပံ့မှုများကို အစိုးရမဟုတ်သော အဖွဲ့ အစည်းများထံသို့လည်းပေးပို့ခဲ့ပြီး ခဲယမ်းလက်နက် အမြောက်အမြားမှာ ခြေရာခံ၍မရသလို အကြမ်းဖက် အဖွဲ့များနှင့် အစွန်းရောက်တပ်ဖွဲ့များထံသို့ပင် ရောက်ရှိမှုများရှိနေသည်။ ထို့ပြင် အမေရိကန်သည် ယူကေ၊ ဩစတြေးလျတို့နှင့်အတူ နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ပြီး ထိုကဲ့သို့ လက်နက်အဆင့်နျူကလီးယား ပစ္စည်းများကို နျူကလီးယားလက်နက်မရှိသောနိုင်ငံများသို့ လွှဲပြောင်းခြင်းမှာ နျူကလီးယားပြန့်ပွားမှု အန္တရာယ်ကို မြင့်မားစေသည်။
ထို့ပြင် အမေရိကန်၏ တာဝန်မဲ့လက်နက်တင်ပို့ရောင်းချမှုသည် လူသားချင်းစာနာထောက်ထား မှု ဆိုင်ရာ အကျပ်အတည်းများကို ဆိုးရွားစွာဖြစ်ပေါ် စေခဲ့သည်။ မကြာသေးမီက အချက်အလက်များ အရ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်တွင် အစ္စရေး၏စစ်ဆင်ရေးများ ကြောင့် ပါလက်စတိုင်း (၄၀ဝဝဝ)ကျော် သေဆုံးကာ (၁၀ဝယဝဝဝ)ကျော် ဒဏ်ရာရခဲ့ကြောင်းသိရ သည်။ အစ္စရေးသို့ လက်နက်နှင့် စစ်လက်နက်ပစ္စည်း တန်ချိန် (၅၀ယဝဝဝ) ကျော် ပေးပို့ထားပြီး ဖြစ်သော်လည်း အမေရိကန်သည် လက်နက်များ ပိုမိုရောင်းချ ရန်ဆန္ဒရှိနေသည်။ အမေရိကန် အစိုးရ သည် အစ္စရေး သို့ ဒေါ်လာ ဘီလျံ(၂၀)တန်ဖိုးရှိ လက်နက်များရောင်း ချရန် ဩဂုတ်လလယ်က အတည် ပြုခဲ့သည်။ ထို့ပြင် အမေရိကန်သည် ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ယူကရိန်းထံ အတွဲလိုက်ဗုံးများနှင့် ယူရေနီယံ ဓာတ်သတ္တုဗုံးများကဲ့သို့ ထိခိုက်ပျက်စီးမှုများစေသော လက်နက်များကို ထောက်ပံ့ပေးခြင်း ဖြင့် နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖောက်လျက်ရှိသည်။ လက်နက်ကုန်သွယ်မှုမှ ကြီးမား သောအမြတ်အစွန်း များ ရရှိနေသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လက်နက်ကုမ္ပဏီများ ၏ထောက်ပံ့မှုမှာ အနည်းငယ်မျှသာ ဖြစ်သည်။ SIPRI အရ ကမ္ဘာလုံးဆိုင်ရာ လက်နက်ထုတ်လုပ် သူများ၏ နှစ်စဉ်အမြတ်အစွန်း (၁) ရာခိုင်နှုန်းအောက်သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင် သည်ဟု ခန့်မှန်းထားသည်။ အမေရိကန်အ ခြေစိုက် Lockheed Martin နှင့် Raytheon ကဲ့သို့သော လက်နက်ကုမ္ပဏီများ၏ အမြတ်ငွေသည် (၂၀၂၄) ခုနှစ်တွင် ဒေါ်လာ (၅၀) ဘီလျံနှင့် ဒေါ်လာ (၂၅)ဘီလျံ အသီးသီးထက်ကျော်လွန်သော်လည်း ယင်းကုမ္ပဏီများသည် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာကဏ္ဍများအတွက် ပမာဏအနည်းငယ်ကိုသာ ခွဲဝေပေးကြောင်းတွေ့ရသည်။ ထိုကဲ့သို့ ငြိမ်း ချမ်းရေးတည်ဆောက်မှုအတွက် ဘတ်ဂျက်သုံးစွဲမှု လျော့နည်းလာသော်လည်း အခြားတစ်ဖက်တွင်မူ ကမ္ဘာလုံးဆိုင်ရာ လက်နက်အသုံးစရိတ်သည် အပြိုင်အဆိုင် မြင့်တက်လာခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၎င်း၏ (၂၀၂၄) မိန့်ခွန်းတွင် “ကမ္ဘာ ကြီးကို လက်နက်များတပ်ဆင်ပေးနေသ၍ ငြိမ်းချမ်းရေးအတွက် မျှော်လင့်နိုင်ဖွယ်မရှိကြောင်း၊ နိုင်ငံများ အနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးရှာမူဝါဒများကို ပြန်လည်သုံးသပ်ပြီး အမြတ်အစွန်းထက် လူသားဆန်မှုကို ဦးစားပေးရမည့်အချိန်ဖြစ်ပါကြောင်း” ပြောကြား ခဲ့သည်။ ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးမျှော်လင့်ချက် နှင့် စစ်ပွဲမှ အမြတ်ထုတ်ခြင်းတို့၏ ဆိုးရွားလှသော လက်တွေ့ဖြစ်ရပ်နှစ်ခုအကြားလွန်ဆွဲနေပြီး နိုင်ငံတ ကာစည်းမျဉ်းစည်းကမ်းများနှင့် တာဝန်ခံမှုတို့သည် မည်သည့်အခါမျှ အရေးတယူလုပ်ခံခဲ့ရခြင်းမရှိပါ။
အချုပ်အားဖြင့်ဆိုရလျှင် ယနေ့ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှာဖွေခြင်း သည် တစ်ကမ္ဘာလုံးကလက်ခံထားသော အရာတစ်ခု ဖြစ်သော်လည်း စစ်နှင့်သေကျေပျက်စီးခြင်းသည် တရားမျှတမှုအတွက် မေးခွန်းထုတ်စရာဖြစ်နေသည်။ အဓိက အင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် အမေရိ ကန်သည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လက်နက် တင်ပို့သည့်မူဝါဒကိုချမှတ်သင့်ပြီး ကမ္ဘာတစ်ဝန်း စစ်မီးတောက်များကို ငြှိမ်းသတ်ကာ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုသင့်ပါကြောင်း။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွဲပြားသောဗိသုကာပညာနှင့် နော်ဒစ်အစားအစာတို့ကြောင့် နာမည်ကျော်ကြားတဲ့ ဖင်လန်မြို့တော် ဟယ်လ်စင်ကီအကြောင်း
RELATED POSTS
15 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
15 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
14 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ