ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို ရုရှားနာရီထုတ်လုပ်သူတစ်ဦး တီထွင်ဖန်တီး
Pika (NSS) - နိုဝင်ဘာ ၁၅
ရုရှားနာရီထုတ်လုပ်သူ ကွန်စတန်တင်ချေကင်က တီထွင်ဖန်တီးထားသော Thin King နာရီသည် အထူ(၁ ဒသမ ၆၅)မီလီမီတာသာရှိပြီး ကမ္ဘာ့အပါးလွှာဆုံး စက်လက်ပတ်နာရီအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီအတွက် ပြိုင်ဆိုင်မှုများသည် ပြီးခဲ့သည့် နှစ်များအတွင်း အရှိန်အဟုန်မြင့်တက်လာခဲ့ပြီးနောက် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး နာရီအမှတ်တံဆိပ်တချို့သည် ထူးခြားဆန်းပြားသောဒီဇိုင်းများဖြင့် တီထွင်ဖန်တီးမှုများကို လုပ်ဆောင်ကာ ယှဉ်ပြိုင်နေကြကြောင်းလည်း သိရသည်။
ထို့နောက် ကွန်စတန်တင်ချေကင်က တီထွင်ဖန်တီးထားသော ThinKing နာရီသည် အထူ(၁ ဒသမ ၆၅)မီလီမီတာဖြင့် ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီအဖြစ် စံချိန်ကို ရယူနိုင်ခဲ့သည်။ ကမ္ဘာ့အပါး လွှာဆုံး လက်ပတ်နာရီတွင် အလွန်ပါးလွှာသောစက်ပစ္စည်းများနှင့် ချိန်ခွင်လျှာစနစ်နှစ်ခုတို့ အပြင် နည်း ပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများပါရှိပြီး စုစုပေါင်းအလေးချိန်မှာ (၁၃ ဒသမ ၃) ဂရမ် သာရှိ ကြောင်း လည်းသိရသည်။ အထူ(၁ ဒသမ ၆၅)မီလီမီတာသာရှိသော ThinKing နာရီသည် ကမ္ဘာ့ အပါးလွှာဆုံးလက်ပတ်နာရီ ယခင်စံချိန်ကို ကိုင် ဆောင်ထားသည့် လက်ပတ်နာရီထက် (ဝ ဒသမ ၅) မီလီမီတာပိုပါးပြီး အမေရိကန်အကြွေစေ့ထက် ပိုပါးလွှာကြောင်းလည်းသိရသည်။
ထို့ပြင် ThinKing နာရီသည် နေ့စဉ် ဝတ်ဆင်ရသည့် စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အထူးထုတ်လုပ်ထားသည့် သံမဏိအမျိုးအစားဖြင့် ဖန်တီးပြုလုပ်ထားကြောင်းလည်းသိရသည်။ ThinKing နာရီ၏ လက်ပတ် ကြိုးကို မိကျောင်းသားရေဖြင့် ပြုလုပ်ထားသည့် အထူးသိုင်းကြိုးဖြင့် ဖန်တီးထားကြောင်းလည်း သိရသည်။ ThinKing နာရီကဲ့သို့ အလွန်ပါးလွှာသည့်နာရီများသည် အလွန်ဈေးကြီးပြီး ဒီဇိုင်းနှင့်ထုတ်လုပ်ရန်အတွက် လုပ်သားအင်အားကို အများအပြားအသုံးပြုရ ကြောင်းလည်းသိရသည်။အဆိုပါလက်ပတ်နာရီများကို တီထွင်ဖန်တီးနိုင်ရန်အတွက် ဈေးကြီးသောပစ္စည်းများ၊ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများနှင့် အလုပ်လုပ်ချိန်များစွာကို လိုအပ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီဂျစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အီဂျစ်နိုင်ငံသမ္မတအဖြစ် သုံးကြိမ်ဆက်တိုက်တာဝန်ယူခွင့်ရရှိခဲ့သူ အယ်စီစီ
RELATED POSTS
14 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
14 Nov 2024 | ဗဟုသုတ,ပြည်တွင်း
08 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ