Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကွဲပြားသောဗိသုကာပညာနှင့် နော်ဒစ်အစားအစာတို့ကြောင့် နာမည်ကျော်ကြားတဲ့ ဖင်လန်မြို့တော် ဟယ်လ်စင်ကီအကြောင်း

Pika (NSS) - နိုဝင်ဘာ ၁၅

ဖင်လန်နိုင်ငံ၏ မြို့တော်ဖြစ်သော ဟယ်လ်စင်ကီမြို့သည် နိုင်ငံတွင်းတွင် လူဦးရေ အများဆုံး မြို့တစ်မြို့ဖြစ်ပြီး ၎င်း၏ပင်လယ် မျက်နှာစာရှုခင်း၊ ကွဲပြားသောဗိသုကာပညာ၊ ကမ္ဘာကျော် ဒီဇိုင်းနှင့် နော်ဒစ် အစားအစာတို့ကြောင့် နာမည်ကျော်ကြားသည်။ ဟယ်လ်စင်ကီမြို့သည် ဖင်လန် ပင်လယ်ကွေ့ ၏ ကမ်းစပ်တွင်တည်ရှိပြီး ဖင်လန် နိုင်ငံတောင်ပိုင်း Uusimaa ဒေသ၏ တည်ရှိရာနေ ရာလည်းဖြစ် သည်။ ဟယ်လ်စင်ကီမြို့တွင် လူဦးရေ (၆၈၂၀ဝဝ) ခန့်နေထိုင်ပြီး ဟယ်လ်စင်ကီဒေသ တွင် လူဦးရေ   (၁ ဒသမ ၂၆) သန်းနေထိုင်ကြကာ မြို့ပြဧရိယာတွင် လူဦးရေ(၁ ဒသမ ၆) သန်းနေ ထိုင်ကြကြောင်း လည်းသိရသည်။ ဖင်လန်တွင် လူဦး ရေအများဆုံးမြို့ပြဧရိယာဖြစ်သော ဟယ်လ်စင်ကီ မြို့ပြဧရိယာ သည် နိုင်ငံရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့်သုတေသနတို့အတွက် နိုင်ငံတွင်း တွင် အရေးပါ ဆုံး အချက်အချာ နေရာတစ်ခုလည်း ဖြစ်သည်။ ဟယ်လ်စင်ကီမြို့သည် အက်စတိုနီးယားနိုင်ငံ တာလင်း မြို့၏မြောက်ဘက်(၈၀)ကီလို မီတာ၊ လတ်ဗီးယားနိုင်ငံ ရီဂါမြို့၏မြောက်ဘက် (၃၆၀)ကီလိုမီတာ၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၏ အရှေ့ဘက်(၄၀ဝ)ကီလိုမီတာနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၏ အနောက်ဘက် (၃၀ဝ)ကီလိုမီတာအကွာတွင် တည်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် ဟယ်လ်စင်ကီ မြို့ သည် အဆိုပါမြို့လေး မြို့နှင့် ထင်ရှားသောသမိုင်းဝင် ဆက်သွယ်မှုများရှိသည့်မြို့တစ်မြို့လည်းဖြစ် သည်။ Espoo၊ Vantaa၊ Kauniainen မြို့၊ Sipooမြူနီစီပယ်အပါအဝင် ခရီးသွားလာရေးမြို့များဖြင့် ဝန်းရံထားသော ဟယ်လ်စင်ကီမြို့ကို မြို့ပြ ဧရိယာအဖြစ် ဖွဲ့စည်းထားသည်။ အဆိုပါဧရိယာကို ဖင်လန် နိုင်ငံ၏တစ်ခုတည်းသော မြို့ပြဧရိယာအဖြစ်သတ်မှတ်ထားပြီးလူဦးရေ(၁)သန်းကျော်နေထိုင်သော ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့ပြဧရိယာလည်း ဖြစ်သည်။ ထို့ပြင်ဟယ်လ်စင်ကီမြို့ပြဧရိယာသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထဲ တွင်မြောက်ဘက် အကျဆုံးမြို့ပြဧရိယာလည်းဖြစ်ကာ ဟယ်လ်စင် ကီမြို့သည်တော့ဟုမ်းနှင့် အော်စလိုမြို့တို့ပြီးလျှင် နော်ဒစ် နိုင်ငံများထဲတွင် တတိယ မြောက်အကြီးဆုံး မြူနီစီပယ်လည်းဖြစ်သည်။


ဟယ်လ်စင်ကီ၏ မြို့ပြဧရိယာသည် စတော့ဟုမ်းနှင့်ကိုပင်ဟေဂင်မြို့ တို့ပြီး လျှင် နော်ဒစ် နိုင်ငံများထဲတွင် တတိယမြောက် အကြီးဆုံးမြို့ပြ ဧရိယာလည်းဖြစ်ကာ ဟယ်လ်စင်ကီ လေဆိပ်သည် ဥရောပ၊ မြောက်အမေရိကနှင့် အာရှ တို့ရှိ နေရာ အများအပြားသို့ မကြာခဏပျံသန်းမှုဖြင့် ဝန်ဆောင် မှုပေးလျက်ရှိသည်။ ဟယ်လ်စင်ကီ မြို့သည် ၎င်း၏တရားဝင်ဘာသာစကားများအဖြစ် Finnish ၊ Swedish တို့နှင့်အတူ ဘာသာစကား နှစ်မျိုး ရှိသော မြူနီစီပယ်တစ်ခုလည်းဖြစ်သည်။ မြို့၏ လူဦးရေတွင် ဖင်လန်ဘာသာစကားပြောသူ (၇၅)ရာခိုင်နှုန်း၊ ဆွီဒင်ဘာသာစကားသုံးသူ(၅)ရာခိုင်နှုန်းနှင့် အခြား ဘာသာစကားများအသုံးပြုသူ (၂၀)ရာခိုင်နှုန်းရှိ ကြောင်းလည်းသိရသည်။ ထို့ပြင် ဟယ်လ်စင်ကီ မြို့ သည် (၁၉၅၂)ခုနှစ်နွေရာသီ အိုလံပစ်ပြိုင်ပွဲ၊ (၁၉၇၅)ခုနှစ်တွင်ပထမဆုံး CSCE/OSCE ထိပ်သီး အစည်းအဝေး၊ (၁၉၈၃)ခုနှစ်တွင် ပထမဆုံးကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံပြိုင် ပွဲ၊ (၂၀ဝ၇)ခုနှစ်တွင် (၅၂) ကြိမ်မြောက် Eurovision သီချင်းပြိုင်ပွဲတို့ကို လက်ခံကျင်းပခဲ့ပြီး (၂၀၁၂)ခုနှစ် ကမ္ဘာ့ဒီဇိုင်း မြို့တော် ဖြစ်ခဲ့ကြောင်းလည်းသိရသည်။ ဟယ်လ်စင်ကီမြို့သည် ကမ္ဘာပေါ်တွင် မြို့ပြ နေထိုင်မှု အမြင့်ဆုံး စံနှုန်း များရှိသည့် မြို့များထဲမှတစ်မြို့လည်းဖြစ်သည်။ (၂၀၁၁)ခုနှစ်တွင် ဗြိတိသျှ မဂ္ဂဇင်း Monocle က ၎င်း၏ နေထိုင်ရန် သင့်တော်သောမြို့များ အညွှန်းကိန်းတွင် ဟယ်လ်စင်ကီမြို့ကို ကမ္ဘာပေါ်တွင် နေထိုင်ရန် အသင့်တော်ဆုံးမြို့တစ် မြို့အဖြစ် အဆင်သတ်မှတ်ခဲ့သည်။ Economist Intelligence Unit၏ (၂၀၁၆) ခုနှစ် နေထိုင်ရန် အသင့်တော်ဆုံး စစ်တမ်းတွင် ဟယ်လ်စင်ကီ မြို့သည် မြို့ပေါင်း(၁၄၀)အနက် အဆင့် (၉) နေရာတွင် ရပ်တည်ခဲ့သည်။ (၂၀၂၁)ခုနှစ် ဇူလိုင်လတွင် အမေရိကန်မဂ္ဂဇင်းဌာနက ဟယ်လ်စင်ကီ မြို့ကို ကမ္ဘာ့ အကြီးကျယ်ဆုံးနေရာများထဲမှတစ်ခု၊ အနာဂတ်တွင် ယဉ်ကျေးမှုထွန်းကားနေမည့် အသိုက် တစ်ခုအဖြစ် ကြီးထွားလာနိုင်သည့်မြို့နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာရှေ့ဆောင်အဖြစ် လူသိများ သော မြို့တစ်မြို့ အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ Boston Consulting Group နှင့် BCG Henderson Institute တို့က (၂၀၂၁)ခုနှစ်တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာ Cities of Choice စစ်တမ်းတွင် ဟယ်လ်စင်ကီမြို့သည် ကမ္ဘာပေါ်တွင် နေထိုင်ရန် အ ကောင်းဆုံး တတိယမြောက်မြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရကြောင်းလည်း သိရသည်။ ထို့ပြင် ဟယ်လ်စင်ကီမြို့သည် ဖင်လန်နိုင်ငံ၏ အရေးအကြီးဆုံး ခရီးသွားမြို့များထဲမှတစ်မြို့လည်းဖြစ်ပြီး ပင်လယ်ခရီးသွားများပြားမှုနှင့်အတူ ဟယ်လ်စင်ကီမြို့သည် အဓိကဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်ခံရပြီး (၂၀၁၇)ခုနှစ်တွင် ကမ္ဘာ့အလုပ် အများဆုံး ခရီးသွားဆိပ်ကမ်းအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရသည်။ ဟယ်လ်စင်ကီမြို့ကို ဆွီဒင်ဘုရင် Gustav I က (၁၅၅၀) ပြည့်နှစ် ဇွန်လ(၁၂)ရက်တွင်  Helsingfors ဟုခေါ်သောကုန်သွယ်ရေးမြို့အဖြစ် စတင်တည်ထောင်ခဲ့သည်။ Vantaa မြစ်ဝတွင်ရှိ သော မြို့သစ်တွင် လူများလာစေရန်အတွက် ဘုရင် Gustav I သည် Porvoo၊  Raseborg၊  Rauma  နှင့် Ulvila မြို့တို့ရှိ လူလတ်တန်းစားများကို အဆိုပါ မြို့သို့ပြောင်းရွှေ့နေထိုင်ရန် အမိန့်ပေးခဲ့ကြောင်း လည်းသိရသည်။ သို့ သော်လည်း ပင်လယ်အော်၏ တိမ်မြုပ်မှုကြောင့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် မဖြစ်နိုင်သဖြင့် ဘုရင် Gustav I  က အခြေချ နေထိုင်သူများကို အဆိုပါနေရာမှပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ ကြောင်းလည်းသိရ သည်။ ထို့နောက် (၁၆၄၀) ပြည့်နှစ်တွင် မူလအခြေချနေထိုင်သူများ၏သားမြေးတချို့သည် ယနေ့ခေတ် တွင် ဆီးနိတ်ရင်ပြင်နှင့် ဟယ်လ် စင်ကီဘုရားရှိခိုးကျောင်း တည်ရှိရာ Kruununhakac  ရိုင်ဖြစ်သည့် Vironniemi ကျွန်းဆွယ်သို့ မြို့လယ်ကို ပြောင်းရွှေ့ခဲ့ကြကြောင်းသိရသည်။ (၁၇)ရာစု ဒုတိယ နှစ်ဝက် တွင် ဟယ်လ်စင်ကီမြို့သည် မီးလောင်ကျွမ်းမှုဒဏ်ကိုခံခဲ့ရပြီး (၁၈)ရာစုအစောပိုင်းတွင် နေထိုင်သူ လူဦးရေမှာ (၁၇၀ဝ)အောက်သို့ ကျဆင်းသွားခဲ့ကြောင်းသိရသည်။

ဟယ်လ်စင်ကီ မြို့သည် Nyland နှင့်  Tavastehus ကောင်တီတို့၏ အုပ်ချုပ်ရေးမှူးများအတွက် အဓိကအားဖြင့် သေးငယ်သော အုပ်ချုပ်ရေး မြို့ငယ်အဖြစ် အချိန် အတော် ကြာ အောင်ရှိနေခဲ့သော်လည်း မြို့၏ရှေ့တွင် ခိုင်မာသော ရေတပ် ကာကွယ်ရေးကို တည်ဆောက်ရန် အစီအစဉ်များချမှတ်ခဲ့ပြီးနောက် ၎င်း၏အရေးပါမှုမှာ (၁၈)ရာစုတွင် စတင်ကြီးထွားလာခဲ့ကြောင်း သိရ သည်။ သို့သော်လည်း ဟယ်လ်စင်ကီမြို့သည် ဆင်းရဲမွဲတေမှု၊ စစ်ပွဲနှင့် ရောဂါများ ကျရောက်နေသော မြို့ငယ်လေးတစ်မြို့ဖြစ်နေသဖြင့် အဆိုပါ အစီအစဉ်များထဲမှ အနည်းငယ်သာ အကောင်အထည်ပေါ် ခဲ့ကြောင်းသိရသည်။ ထို့ပြင် (၁၇၁၀)ခုနှစ် ပလိပ် ရောဂါမြို့သည် ဟယ်လ်စင်ကီမြို့၏ လူဦးရေအများ စုကို သေဆုံးစေခဲ့ကြောင်းလည်းသိရသည်။ Great Northern  စစ်ပွဲအတွင်း (၁၇၁၃) ခုနှစ် မေလတွင် ရုရှားတို့က ဟယ်လ်စင်ကီမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆုတ်ခွာသွားသောဆွီဒင်အစိုးရသည်မြို့၏ အစိတ်အပိုင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်းသိရသည်။အဆိုပါဖြစ်ရပ်များဖြစ်ပွားခဲ့သော်လည်း (၁၉)ရာစုအစောပိုင်းတွင် ဟယ်လ်စင်ကီမြို့၏လူဦးရေသည်(၃၀ဝဝ)အထိ တိုးလာခဲ့သည်။(၁၈)ရာစုတွင် Sveaborg ရေတပ်ခံတပ်ကို ဆောက် လုပ်ခြင်းသည် ဟယ်လ်စင်ကီမြို့၏အဆင့်အတန်းကို တိုးလာစေခဲ့ ကြောင်းလည်းသိရသည်။ သို့သော်လည်း ဖင်လန်စစ်ပွဲတွင် ရုရှားက ဆွီဒင်ကိုအနိုင်ယူပြီး (၁၈၀၉)ခုနှစ် တွင် ဖင်လန်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Grand Duchy  အဖြစ် ပေါင်းစည်းခဲ့သည့်တိုင်အောင် ဟယ်လ် စင်ကီမြို့သည် ကြီးမားသော မြို့တစ်မြို့အဖြစ် စတင်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ (၁၉၁၀)ပြည့်နှစ်များ တွင် ဟယ်လ်စင်ကီမြို့၏လူဦးရေသည် လူပေါင်း(၁)သိန်းကျော်ရှိနေပြီဖြစ်ပြီး (၂၀)ရာစု၏ ပထမနှစ်ဝက် တွင် ဖင်လန်သမိုင်း၏ ဆူပူမှုများရှိနေသော်လည်း ဟယ်လ်စင်ကီမှာ တဖြည်းဖြည်း ဆက်လက်ကြီးထွား လာခဲ့သည်။ ဖင်လန် သမိုင်း၏ဆူပူမှုများတွင် ဖင်လန်ပြည်တွင်းစစ်နှင့် ဆောင်းရာသီစစ်ပွဲတို့ပါဝင်ပြီး နှစ်ခုစလုံး၏ အမှတ်အသားများမှာ ဟယ်လ်စင်ကီမြို့တွင် ကျန်ရှိနေခဲ့ကြောင်းလည်းသိရသည်။ (၂၀) ရာစု အစောပိုင်းတွင် ဟယ်လ်စင်ကီမြို့မှာ ဆွီဒင်နှင့်ဖင်လန်ဘာသာစကား အသုံးပြုသူအရေအတွက်မှာ အကြမ်းဖျင်းအားဖြင့် တူညီကြပြီး အလုပ်သမားအများစုမှာ ဖင်လန် ဘာသာစကားကို အသုံးပြုခဲ့ကြ သည်။ ဒေသခံ ဟယ်လ်စင်ကီဗန်းစကားသည် ဖင်လန်-ဆွီဒင် ဘာသာစကားအဖြစ် (၁၈၉၀) ပြည့်နှစ် များတွင် ဖင်လန်ကလေးငယ်များနှင့်လူငယ်များကြားမှာ စတင် ပေါ်ပေါက်လာခဲ့ကြောင်းလည်း သိရ သည်။ (၁၉၇၀)ပြည့်များတွင် ဖင်လန်နိုင်ငံ၏ လျင်မြန်သော မြို့ပြ အသွင်ဆောင်မှုများနှင့်အတူ ကျန် ဥရောပနှင့် နှိုင်းယှဉ်ပါက ဟယ်လ်စင်ကီမြို့တော်ဧရိယာ၏ လူဦးရေသည် သုံးဆတိုးလာကာ ဟယ်လ် စင်ကီ မြေအောက်မီးရထားစနစ်ကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဟယ်လ်စင်ကီမြို့ပြဧရိယာသည် ဖင်လန်နိုင်ငံဂျီဒီပီ၏ သုံးပုံပုံ တစ်ပုံနီးပါးကို ထုတ်လုပ်ပေးပြီး တစ်ဦးချင်းဂျီဒီပီသည် တစ်နိုင်ငံလုံး ပျမ်းမျှအတိုင်းအတာထက် (၁ ဒသမ ၃)ဆရှိ ကြောင်းသိရသည်။ ဟယ်လ်စင်ကီမြို့သည် ဝန်ဆောင်မှုနှင့်ဆက်နွှယ်သော  IT နှင့်အများ ပြည်သူကဏ္ဍများတွင် အကျိုး အမြတ် ပိုရကြောင်းလည်းသိရသည်။ အကြီးစားစက်မှုလုပ်ငန်းများ ပြောင်းရွှေ့လာမှုနှင့်အတူ ကုမ္ပဏီ အများအပြားသည်လည်း လူအများအပြားကို အလုပ်ခန့်ထားကြကြောင်းသိရသည်။ ဟယ်လ်စင်ကီ မြို့ ပြဧရိယာ၏ တစ်ဦးချင်းစုစုပေါင်းတန်ဖိုး ပေါင်းထည့်မှုသည် စ တော့ ဟုမ်းနှင့်ပဲရစ်တို့နှင့်ညီမျှသော ဥရောပ မြို့ပြဧရိယာ(၂၇)ခု၏ (၂၀ဝ)ရာခိုင်နှုန်းရှိကြောင်းလည်း သိရသည်။ ဟယ်လ်စင်ကီမြို့ပြ ဧရိယာ ၏ တစ်ဦးချင်းစုစုပေါင်းတန်ဖိုး ပေါင်းထည့်မှု၏ နှစ်စဉ် တိုးတက်မှုနှုန်းမှာ (၄)ရာခိုင်နှုန်းဖြစ်ကြောင်း လည်း သိရသည်။ ဖင်လန်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီ(၁၀ဝ)ခုတွင် (၈၃)ခု၏ ရုံးချုပ်များသည် ဟယ်လ် စင်ကီမြို့ ပြဧရိယာတွင် တည်ရှိကြပြီး လစာအများဆုံးဖင် လန်အမှုဆောင်များ(၂၀ဝ)ဦး၏ သုံးပုံ ပုံ နှစ်ပုံသည် မြို့ပြဧရိယာတွင်နေထိုင်ကြကာ (၄၂)ရာခိုင်နှုန်းမှာ ဟယ်လ်စင်ကီမြို့တွင် နေထိုင်ကြ ကြောင်း သိရသည်။ ထို့ပြင် ထိပ်တန်းဝင်ငွေရှိသူ(၅၀)ဦး၏ ပျမ်းမျှဝင်ငွေသည် ယူရို( ၁ ဒသမ ၆၅)သန်း ဖြစ်ကြောင်းလည်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

RECENT POSTS
အမေရိကန်၏ လက်နက်အရောင်းအဝယ် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများအတွက် လောင်စာ
15 Nov 2024
အီဂျစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အီဂျစ်နိုင်ငံသမ္မတအဖြစ် သုံးကြိမ်ဆက်တိုက်တာဝန်ယူခွင့်ရရှိခဲ့သူ အယ်စီစီ
15 Nov 2024
ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို ရုရှားနာရီထုတ်လုပ်သူတစ်ဦး တီထွင်ဖန်တီး
15 Nov 2024
ပြည်မြို့ရှိ တန်ဆောင်တိုင်ပွဲတွင် ပင်လယ်ဓားပြလှေပေါ်တက်သည့် လှေ ကားကျိုးကျမှုကြောင့် ကလေးငယ်များအပါအဝင် လူအချို့ဒဏ်ရာရ
15 Nov 2024
တာချီလိတ်မြို့တွင် ကျပ်သိန်း(၁၁၀၀)ကျော်တန်ဖိုးရှိ Iphone များကို ဓားပြတိုက်လုယက်သူများအား အသေပစ်ခတ်ဖမ်းမိ
15 Nov 2024
အင်းဝမြို့ဟောင်းရှိ ‌လောကဝေဿဘူ မြို့ထောင့်စေတီကြီးကို ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းသွားရန် စီစဉ်နေ
15 Nov 2024
ဝါရင့်အနုပညာရှင် ထပ်ဆင့်အကယ်ဒမီရန်အောင်၏နေအိမ်ကို PDF အဖွဲ့က မိုင်းပစ်တိုက်ခိုက်ခဲ့ဟု ဆို
14 Nov 2024
မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
14 Nov 2024
ရော်ဘာဈေးသုံးဆကျော်တက်လာသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် အစေးလှီးလုပ်သား များရှားပါးမှုကို ရင်ဆိုင်နေရ
14 Nov 2024
ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာနှင့် R2P ထောင်ချောက်
14 Nov 2024
ရွှေဖရုံသီးလှေနဲ့ (၄၅ ဒသမ ၆၇)မိုင်အထိ လှော်ပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ အမေရိကန် အမျိုးသား
14 Nov 2024
အရှေ့တောင်အာရှ စစ်ဗိုလ်ချုပ်ကြီးတို့ရဲ့ ဒုတိယအသက်မွေးဝမ်းကြောင်း (သို့မဟုတ်) နိုင်ငံရေးတာဝန်
14 Nov 2024
MI ပြန်လည်ဖွဲ့စည်းမည်ဆိုသောကိစ္စဖြစ်လာရန် မရှိကြောင်း ထောက်လှမ်း ရေးအရာရှိဟောင်းအချို့ ဖွင့်ဟ
14 Nov 2024
တန်‌ဆောင်တိုင်ပိတ်ရက်အတွက် ရန်ကုန်-မော်လမြိုင် အထူးရထားများကို ပြေးဆွဲပေးသွားမည်
14 Nov 2024
မြန်မာနိုင်ငံမှာ အရပ်သားတွေ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းတွေကို ရပ် တန့်ဖို့ အင်ဒိုနီးရှားသမ္မတ နဲ့ အမေရိကန်သမ္မတ တိုက်တွန်းတောင်းဆို
14 Nov 2024
မုံရွာမြို့ ရန်ကင်းမီးပွိုင့်အနီးတွင် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ
14 Nov 2024
စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီ ချဉ်းကပ်လာမှုနဲ့အတူ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကို ဖိလစ်ပိုင်အစိုးရထုတ်ပြန်
14 Nov 2024
ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေးမှ ထုတ်ဝေသူကို လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရုပ်သိမ်း
14 Nov 2024
တောင်တရုတ်ပင်လယ်အတွင်း အချုပ်အခြာအာဏာကို အမြဲတမ်းကာကွယ်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ပြော
14 Nov 2024
မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်(၂)ဦးကို PDF အဖွဲ့က သတ်ဖြတ်ပြီးနောက် ကားတစ်စီးနှင့်ဆိုင်ကယ်(၂)စီးကိုပါ လုယက်ယူဆောင်
14 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved