Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မဏိပူရပြည်နယ်မှာ လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ (၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

Htay Oung (NSS) - နိုဝင်ဘာ ၁၈

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မြို့တော် အင်ဖာရှိ လွှတ် တော်အမတ်များနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးများရဲ့နေအိမ်တွေကို မီးရှို့ဖျက် ဆီးမှုဖြင့် လူ(၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ “အယ်လ်ဂျာ ဇီးယား” (17 November 2024) က ရေးသားပါတယ်။

မေထေး (ကသည်း) အသိုက်အဝန်းမှ ပြန်ပေးဆွဲခံရသူ ၆-ဦးတို့ရဲ့ ရုပ်အလောင်းများကို သောကြာနေ့မှာ ပြန်လည်တွေ့ရှိပြီးနောက် ဒေသတွင်း တိုက်ခိုက်မှုများအတွက် တာဝန်ခံရန် တောင်းဆိုဆန္ဒပြပွဲများဖြစ် ပေါ်လာပါတယ်။ ၂၀၂၃ ခုနှစ် မေလကတည်းက ဟိန္ဒူဘာသာဝင် မေထေးကသည်းနဲ့ ခရစ်ယာန်ကူကီးအသိုက်အဝန်းများ အကြား အပြန်အလှန် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၂၅၀)ဦးသေဆုံးပြီး ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ပျောက်ဆုံးနေတဲ့ မေထေးမိသားစုဝင်များလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက် (၂)နှစ်အရွယ် ကလေး ငယ်တစ်ဦးရဲ့ ရုပ်အလောင်းများကို တနင်္ဂနွေနေ့က မြစ်တစ်စင်းမှာ မျောပါလျှက် တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနေ့မှာ ပဲ ကူကီးအမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို အာဏာပိုင်များ က  အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မဏိပူရပြည်နယ်နေ ကူကီးလူမျိုးစုမှ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဟာ အရှင်လတ်လတ် မီးရှို့ခံသတ်ဖြတ်ခဲ့ရပြီးနောက် တင်းမာမှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် မေထေးလက်နက်ကိုင် သူပုန်များလက်ချက်လို့ ကူကီးအဖွဲ့တွေက ပြောပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက တနင်္ဂနွေနေ့ ရိုက်တာသတင်းဌာနကို ပြောကြားရာမှာ အဆိုပါ ဒေသရဲ့ ယနေ့ အခြေအနေဟာ အတော်လေး ငြိမ်သက်နေပေမယ့်  မှန်းဆမရဘူးလို့ ဆိုပါတယ်။။ ရဲတပ်ဖွဲ့က ရက်အကန့်အသတ်မရှိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို စနေနေ့မှာ ထုတ်ပြန်လိုက်ပြီး အင်တာနက်နဲ့ မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကိုလည်း ဆိုင်းငံ့ထားပါတယ်။

(၂)ရက် ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ လူ(၈)ဦးဒဏ်ရာရရှိခဲ့ပြီး လူအုပ်ကြီးကို လူစုခွဲရန်မျက်ရည်ယိုဗုံးများနဲ့ ပစ်ခတ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အရှေ့မြောက်ဖျားပြည်နယ်မှာ လုံခြုံရေးတပ် အင် အားကို ပိုမိုချထားကြောင်း သိရှိရပါတယ်။ တစ်နှစ်ခွဲကျော် လူမျိုးရေးအကြမ်းဖက်မှုများဖြစ်ပွားနေတဲ့ မဏိပူရပြည်နယ်ကို ဝန်ကြီးချုပ်နာရင်ဒြာမိုဒီအနေနဲ့ သွားရောက်လည်ပတ်ရန် အိန္ဒိယ အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဓီက စနေနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ 

ယမန်နှစ် လူများစု မေထေး(ကသည်း) မျိုးနွယ်စုတို့ကို အလုပ်အကိုင်ပိုမိုချထားပေးတဲ့ အစိုးရ ခွဲတမ်းအစီအ စဉ်ကို ကူကီးတို့ ဆန့်ကျင်ကန့်ကွက်ရာမှ လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်လာပြီးကတည်းက မိုဒီအနေနဲ့ မဏိပူရပြည်နယ်ကို သွားရောက်ခြင်း မရှိသေးပါဘူး။ မကြာသေးမီက မဏိပူရမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ သွေးထွက်သံယိုမှုတွေ ဆက်လက် ဖြစ် ပွားနေခြင်းဟာ အလွန်စိတ်ပျက်စရာကောင်းကြောင်း နှစ်အတော်ကြာ စိတ်ဝမ်းကွဲမှုနဲ့ ပူဆွေးသောက ခံစား ရပြီးနောက် ဗဟိုနဲ့ ပြည်နယ်အစိုးရတို့အနေနဲ့ ရင်ကြားစေ့ရေး အစွမ်းကုန်ကြိုးစားပြီး အဖြေတစ်ခုခု ရှာဖွေနိုင် လိမ့်မယ်လို့ အိန္ဒိယနိုင်ငံသားတိုင်းက မျှော်လင့်လျှက်ရှိကြောင်း၊ မဏိပူရကို သွားရောက်လည်ပတ်ပြီး ဒေသ တွင်း ငြိမ်းချမ်းရေးနဲ့ ဖေးမကုစားရေးတွေကို ပြန်လည်ထူထောင်ဖို့ ဝန်ကြီးချုပ်ကို ထပ်မံတိုက်တွန်းကြောင်း အတိုက်အခံခေါင်းဆောင် ဂန္ဒီက သူ့ရဲ့ X လူမှုကွန်ရက်ပလက်ဖောင်းမှာ ရေးသားထားပါတယ်။

မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် အင် ဘီရန်ဆင်းရဲ့ တာဝန်ပျက်ကွက်မှုကို ကိုးကားပြီး နာရင်ဒြာ မိုဒီရဲ့  အာ ဏာရ ဘာရတ်တီယာ ဂျနာတာပါတီ (BJP) ရဲ့ မဟာမိတ် အမျိုးသား ပြည်သူ့ပါတီ (NPP) က အစိုးရအပေါ် ထောက်ခံမှု ပြန်လည်ရုပ်သိမ်းကြောင်း တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုဖြစ်ပွားစဉ်အတွင်း မဏိပူရမြို့မှာ အင်တာနက်ဝန်ဆောင်မှုတွေကို လနဲ့ချီပိတ်ထားခဲ့ ရပါတယ်။ တနင်္လာ ယနေ့နံနက်ပိုင်း ဂျီဘရမ်ခရိုင် ကန့်ကွက်ဆန္ဒပြပွဲမှာ အကြမ်းဖက်မှုများ ဆက်လက်ပြင်း ထန်လာပြီး ရဲတပ်ဖွဲ့ဝင်များနဲ့ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာမှ အသက် ၂၀ ကျော်အရွယ် ဆန္ဒပြသူတစ်ဦး သေဆုံးကြောင်း သိရှိရပါတယ်။

ယခုဆက်လက်ဖြစ်ပွားတဲ့ ပဋိပက္ခဆိုတာ မဏိပူရပြည်နယ်ကို လူမျိုးစုနယ်မြေနှစ်ခုအဖြစ် ပိုင်းခြားထားတဲ့ မေထေး(ကသည်း) နေထိုင်ရာ ချိုင့်ဝှမ်းဒေသနဲ့ ကူကီး-ဇို မျိုးနွယ်စုတို့ ကြီးစိုးရာ တောင်ကုန်းဒေသများအကြား မကြေလည်မှုများမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက် ကူကီးစစ်သွေးကြွ ၁၀-ဦး သေဆုံးခဲ့ရတဲ ဂျီရီဘမ် ခရိုင်ပစ်ခတ်မှုအပြီး ဓါးစာခံအဖြစ် ဖမ်း ဆီးခေါ်ဆောင်ခြင်းခံရသူ မေထေး ၆-ဦးကို ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိရခြင်းဖြစ်ပါတယ်။ အမျိုးသမီး ၃-ဦး ကလေး (၁)ဦးပါ ရုပ်အလောင်း (၅)လောင်းအဖြစ် တွေ့ရှိရပြီး အာသံ ပြည်နယ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး နောက် သေဆုံးရခြင်းအကြောင်းရင်းကို သိရှိရမယ်လို့ ဆိုပါတယ်။ ကျန်ရှိ နေတဲ့ မေထေးတစ်ဦးကို ရဲတပ်ဖွဲ့ ဝင်များက ဘာရက်မြစ်အတွင်း ရှာဖွေနေကြပါတယ်။   

လပေါင်းအတော်ကြာအောင် အကြမ်းဖက်မှုများ ဖြစ်ပွားနေတဲ့အတွက် ဒေါသထွက်နေသူလူအုပ်ကြီးက ပြည် နယ်ဝန်ကြီးများ၊ လွှတ်တော်အမတ်များနဲ့ အစိုးရအဆောက်အအုံများကို မီးတင်ရှို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ သောင်းကျန်းနေတဲ့ လူမျိုးရေးနောက်ခံသေနတ်သမားတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့ အရပ်ဘက်အဖွဲ့ အစည်းများက တောင်းဆိုထားပြီး အခြေအနေမှာ တင်းမာနေတယ်လို့ NDTV က ယနေ့ရေးသားပါတယ်။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ မဏိပူရပြည်နယ် နောက်ထပ်နယ်မြေ (၆)ခုကို အိန္ဒိယအစိုးရက “မငြိမ်မသက်ဖြစ်ပွား နေသော ဒေသများ” အဖြစ် ကြေညာလိုက်ပြီး ၁၉၅၈ ခုနှစ် တပ်မတော် (အထူးအာ ဏာများ) အက်ဥပဒေ (AFSPA) အောက်မှာ ထည့်သွင်းထားပါတယ်။ ကူကီး-ဇိုမျိုးနွယ်စုတို့ကလည်း သူတို့အများစုနေထိုင်ရာ တောင်ကြားခရိုင်များအားလုံးကို AFSPA ဥပဒေ အောက် ထည့်သွင်းပေးရန် တောင်းဆိုနေကြပြီး မေထေးတို့ကလည်း မဏိပူရချိုင့်ဝှမ်းခရိုင် ရဲစခန်း ၁၃-ခုတို့ကို AFSPA ဥပဒေ အပ်နှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။  

(Al Jazeera., 18 November 2024,” India police arrest 23 after violence erupts in northeast state of Manipur” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တာမွေမြို့နယ်ရှိ ဘုန်ကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ

RECENT POSTS
တာမွေမြို့နယ်ရှိ ဘုန်ကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
18 Nov 2024
မဏိပူရပြည်နယ်မှာ လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ (၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
18 Nov 2024
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ပေးအပ်
18 Nov 2024
ရန်ကုန် ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေး အကျပိုင်းဖြင့်ဈေးကွက်အေးနေ
18 Nov 2024
ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး သည်းခံပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ပြော
18 Nov 2024
အမေရိကန်အစိုးရက ရုရှားပိုင်နက်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုပေး
18 Nov 2024
အမရပူရမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ငွေလုယက်မှုဖြစ်ပွား
18 Nov 2024
အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုမည့် ICC ရှေ့နေချုပ် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံရ
18 Nov 2024
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို အုပ်စုဖွဲ၍ အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်သွားမှု ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွား
18 Nov 2024
ရွှေဘိုမြို့နယ်တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ
18 Nov 2024
အမ်းတိုက်ပွဲတွင် အထိနာနေသော AA တို့ “အကြံကုန် ဂဠုန်ဆားချက်” လုပ်လာ
18 Nov 2024
ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေလောကသားတို့အတွက် အထူးရက်သတ္တပတ်စပြီ
18 Nov 2024
ကွဲပြားသောဗိသုကာပညာနှင့် နော်ဒစ်အစားအစာတို့ကြောင့် နာမည်ကျော်ကြားတဲ့ ဖင်လန်မြို့တော် ဟယ်လ်စင်ကီအကြောင်း
15 Nov 2024
အမေရိကန်၏ လက်နက်အရောင်းအဝယ် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများအတွက် လောင်စာ
15 Nov 2024
အီဂျစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အီဂျစ်နိုင်ငံသမ္မတအဖြစ် သုံးကြိမ်ဆက်တိုက်တာဝန်ယူခွင့်ရရှိခဲ့သူ အယ်စီစီ
15 Nov 2024
ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို ရုရှားနာရီထုတ်လုပ်သူတစ်ဦး တီထွင်ဖန်တီး
15 Nov 2024
ပြည်မြို့ရှိ တန်ဆောင်တိုင်ပွဲတွင် ပင်လယ်ဓားပြလှေပေါ်တက်သည့် လှေ ကားကျိုးကျမှုကြောင့် ကလေးငယ်များအပါအဝင် လူအချို့ဒဏ်ရာရ
15 Nov 2024
တာချီလိတ်မြို့တွင် ကျပ်သိန်း(၁၁၀၀)ကျော်တန်ဖိုးရှိ Iphone များကို ဓားပြတိုက်လုယက်သူများအား အသေပစ်ခတ်ဖမ်းမိ
15 Nov 2024
အင်းဝမြို့ဟောင်းရှိ ‌လောကဝေဿဘူ မြို့ထောင့်စေတီကြီးကို ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းသွားရန် စီစဉ်နေ
15 Nov 2024
ဝါရင့်အနုပညာရှင် ထပ်ဆင့်အကယ်ဒမီရန်အောင်၏နေအိမ်ကို PDF အဖွဲ့က မိုင်းပစ်တိုက်ခိုက်ခဲ့ဟု ဆို
14 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved