Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုမည့် ICC ရှေ့နေချုပ် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံရ

Htay Oung (NSS) - နိုဝင်ဘာ ၁၈

ICC လို့ ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် “ကာရင်ခန်း” ဟာ လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံနေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခန်းအပေါ် ကုလသမဂ္ဂဌာနတွင်း ကြီး ကြပ်ရေးဌာန OIOS က စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ကိစ္စမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးရဲ့ ဂုဏ်သိက္ခာ၊ တာဝန်ပိုင်းဆိုင်ရာတို့နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာအများအပြား ထွက်ပေါ်လာတယ်လို့ “ဂါးဒီးယန်းသတင်းစာ” (16 November 2024) က ရေးသားပါတယ်။

အမျိုးသမီးလက်ထောက်တစ်ဦးကို သူနဲ့ လိင်ဆက်ဆံဖို့ အကြပ်ကိုင်ကြောင်း စွပ်စွဲတဲ့ကိစ္စမှာ စုံစမ်းစစ်ဆေးစဉ် ကာလအတွင်း ရာထူးမှ ခေတ္တနှုတ်ထွက်ပေးရန် ခန်းက ငြင်းဆိုပြီး နဂိုအတိုင်း ဆက်နေရန် OIOS က ဆုံးဖြတ် ပါတယ်။ ဒီကိစ္စမှာ OIOS ရဲ့ လက်ရှိနဲ့ ယခင်အရာရှိ ၂-ဦးတို့ ပါဝင်ပတ်သက်နေပြီး နောက်ဆက်တွဲ ထိခိုက်လ လာနိုင်တဲ့အတွက် စိတ်မသက်မသာဖြစ်ရကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဌာနတွင်းစာရင်းစစ်ခြင်း၊ စုံစမ်းစစ် ဆေးခြင်း၊ စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်း၊ တင်ပြအစီရင်ခံခြင်းတို့ကို တာဝန်ယူဆောင်ရွက်နေတဲ့ OIOS နဲ့ ခန်းတို့ဆက်နွယ်နေတယ်ဆိုတဲ့ကိစ္စဟာ ICC ရဲ့ တရားမျှတမှုနဲ့ ဖြောင့်မတ်မှန်ကန်မှုကို ထိခိုက်နိုင်ကြောင်း  အမည်မဖော်လို သူ ICC ဝန်ထမ်းများက ပြောပါတယ်။ 

ခန်းနဲ့ ဇနီးဖြစ်သူ “အလက်ဂျင်ဒရာ” ဟာ OIOS ဌာနနဲ့ ထဲထဲဝင်ဝင် ပတ်သက်လျှက်ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေကြောင်း၊ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သမာဓိအပေါ် ထိခိုက်လာမှာကို စိုးရိမ်တယ်လို့ ကုလသမဂ္ဂ အကြီးတန်းအရာရှိအချို့ထံမှ သိရှိရပါတယ်။ လွန်ခဲ့တဲ့ မေလမှာ ယခုအခင်းဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် အလက်ဂျင်ဒရာဟာ ခန်းက လိင်ဆက်ဆံရန် အကြပ်ကိုင်ကြောင်း စွပ်စွဲသူ အမျိုးသမီးနဲ့ ဆက်သွယ်ခဲ့ကြောင်း၊ နောက်တစ်နေ့ တစ်နေရာရာမှာ လူချင်းတွေ့ကြဖို့ စောင်းပါးရိပ်ခြေဆိုလာတဲ့အတွက် အထိတ်တလန့်ဖြစ်ခဲ့ရ တယ်လို့  အခြားဌာန ဝန်ထမ်းများကို ပြောပြကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

ခန်းနဲ့ ဇနီးဖြစ်ဟာ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး OIOS ထံ အစီရင်ခံရသူ ICC အကြီးတန်းဝန်ထမ်းတစ်ဦးထံ ဆက်သွယ်ခဲ့တယ်လို့လည်း သတင်းရင်းမြစ်များက ဆိုပါတယ်။ အလက်ဂျင်ဒရာနဲ့ စွပ်စွဲသူအမျိုးသမီး၊ ICC ဝန်ထမ်းများရဲ့ အဆက်အသွယ်ဟာ ပုံမှန် မဟုတ်ပဲ အဆီအငေါ်မတည့် ဖြစ်လွန်းတယ်လို့ ပြောကြပါတယ်။

အလက်ဂျင်ဒရာကတော့ အဆိုပါပြောဆိုချက်များကို ငြင်းဆိုထားပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲသူအမျိုးသမီး သာမက OIOS က ဘယ်သူနဲ့မှ မဆွေးနွေးခဲ့ဖူးကြောင်း၊ ဘယ်သူ့ကိုမှ စိတ်ဓာတ်ကျဖို့၊ ခြိမ်းခြောက်ဖို့ ဒါမှမ ဟုတ်  ဖိန့်လုံးတွေနဲ့ လုံးဝမကြိုးစားခဲ့ဖူးကြောင်း၊ သူ့ ဘဝတလျောက်လုံး နယ်ပယ်အသီးသီးရှိ ထိရှလွယ်ပြီး ချို့တဲ့သူတွေရဲ့အခွင့်အရေးကို သစ္စာသိစွာ ကာကွယ်စောင့်ရှောက်ခဲ့ခြင်းကြောင့် ခုလို ပြောဆိုချက်တွေဟာ သူ့အတွက် အလွန်နစ်နာတယ်လို့ ဂါးဒီးယန်းရဲ့ အမေးကို ပြန်လည်ဖြေဆိုပါတယ်။

ခန်းဟာ OIOS က ညွှန်ကြားရေးမှူးနဲ့ တပူးတွဲတွဲ ရှိခဲ့တာ အမှန်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောပါ တယ်။ ဒုတိယမြောက်ပုဂ္ဂိုလ်မှာ ISIS အိုင်စစ်အစွန်းရောက်အကြမ်းဖက်ကိစ္စ ကုလသ မဂ္ဂ စုံစမ်းစစ်ဆေးမှု တစ်ခုအတွက် 2019 ခုနှစ်မှ စတင်ကာ ခန်းက ငှားရမ်းခဲ့ဖူးသူဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ပြီး  OIOS ၏ စုံစမ်းစစ်ဆေးရေးဌာန ဒါရိုက်တာဖြစ်တယ်လို့ သိရှိရပါတယ်။

ခန်းရဲ့ရှေ့နေများကတော့ စုံစမ်းစစ်ဆေးရေးမှူးနှင့် ဘယ်လို ဆက်ဆံရေးမျှမရှိကြောင်း ငြင်းဆိုခဲ့ပြီး OIOS အရာ ရှိနဲ့ အဆက်အသွယ် မရှိတာလည်း နှစ်အတော်ကြာပြီလို့ ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြု ကြောင်း စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး အားလုံးကို ခန်းက ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ အသက် ၅၄-နှစ်အရွယ် ပါကစ္စတန်နွယ်ဖွား ယူကေနိုင်ငံသား နိုင်ငံတကာ ရာဇဝတ်မှုခင်း ကျွမ်းကျင်သူ “ကာရင် အာ ဆတ် အာမက် ခန်းဟာ စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်ထားတဲ့အမှုမှာ အစ္စရေးခေါင်းဆောင် နှစ်ဦးနဲ့ ဟား မတ်စ်ခေါင်းဆောင် သုံးဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားသူကြီးထံ တောင်းဆိုခဲ့သူဖြစ်ပါတယ်။ ယခုလို စွပ်စွဲခြင်းဟာ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ရုံးတော်က သူ့အပေါ် ယုန်ထင်ကြောင်ထင်ဖြစ်အောင် ကြိုးစားခြင်း ဖြစ်ပုံရတယ်လို့ ပြောပါတယ်။ 

လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၇-ရက် ဂါဇာရှိ ဂါဇာရှိ ဟားမတ်စ်အကြမ်းဖက်အဖွဲ့ရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး အစ္စရေးရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာ ရောက်ရှိတဲ့ စစ်ရာဇ ဝတ်မှုများနဲ့ ပတ်သက်လို့ စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပါတယ်။ ICC ရှေ့နေချုပ် ခန်းဟာ စွပ်စွဲခံထားရတဲ့ ဝန်ကြီး ချုပ်နေတန်ယာဟု၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအတ်ဂဲလင့်တို့ကို ဖမ်းဝရမ်းထုတ်ရန် လွန်ခဲ့တဲ့ မေလ ICC ထံ လျောက်ထားခဲ့ပါတယ်။ 

တရားသူကြီး သုံးဦးတို့က တောင်းဆိုချက်ကို ချိန်ဆနေပါတယ်။ အစ္စရေးကတော့ စွဲချက်တွေကို တစ်ချက်လွှတ် ပယ်ချခဲ့ပြီး တရားဝင် ဝရမ်းမကပ်မီ သူတို့အပေါ့်စွပ်စွဲချက် မှန်-မမှန် စုံစမ်းစစ်ဆေးဖို့ အခွင့်အရေးမပေးတဲ့ အ တွက် ICC ရှေ့နေချုပ် ခန်းကို ဝေဖန်ခဲ့ပါတယ်။

ခန်းတို့ရဲ့ ICC ဟာ ဖိလစ်ပိုင်နိုင်ငံနဲ့လည်း ပတ်သက်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၆-ဦးမြောက် သမ္မတ ရိုဒရီ ဂို ဒူတာတေးဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိအတိုင်း ရာဇတ်မှုခင်းများ၊ အကျင့်ပျက်ခြစားမှုများကို နှိမ် နင်းခဲ့ပြီး မူးယစ်ဆေးလောက ဖြိုခွင်းရာမှာတော့ အငြင်းပွားဖွယ်ဖြစ်ခဲ့ရပါတယ်။ သမ္မတ ရာထူးမတိုင်မီ ဒါဗာအို မြို့တော်ဝန်အဖြစ် ၂၂-နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်ကတည်းက မူးယစ်ဆေးဂိုဏ်းများကို ဖြိုခွင်းရာမှာ ရဲတပ် ဖွဲ့ဝင်များရဲ့ တရားလက်လွတ်သတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း အသံထွက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မြို့တော်တည်ငြိမ်အေးချမ်းလာပေမယ့် အသက်ဆုံးရှုံးရသူတို့မှာ များသောအား ဖြင့် မူးယစ်ဆေး သုံးစွဲသူများ၊ အသေးစား ရာဇဝတ်မှု ကျူးလွန်သူများနဲ့ လမ်းဘေး လေ့လွင့် ကလေးသူငယ်များ ဖြစ်တယ်လို့ ဆိုကြပြီး အဲ့ဒီလို သတ်ဖြတ်မှုများကို ဒူတာတေးက လူသိရှင်ကြား ထောက်ခံခဲ့ပါတယ်။

လူ ၂၀၀၀ ခန့် တရားလက်လွတ်သတ်ဖြတ်ခံရမှုများအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေး လျှက်ရှိပြီး ဖမ်းဆီးထိန်းသိမ်းဖို့အထိဖြစ်လာနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့ ဖိလစ်ပိုင် ကွန်ဂရက်လွှတ်တော် ကြားနာ ရာ မှာတော့ ICC ရဲ့ စုံစမ်းစစ်ဆေးမှု ခံယူဖို့ သူ့အနေနဲ့ အသင့်ရှိကြောင်း ယခုအခါ အာဏာလက်မဲ့ဖြစ်နေသူ အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်းက ပြောပါတယ်။

ICC ထံ အညံ့ခံမှာဖြစ်ကြောင်း ဒူတာတေးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သူတို့အစိုးရအနေနဲ့ တားဆီးရန် မရှိ ကြောင်း၊ အင်တာပိုလ် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားမယ်ဆိုလျှင်လည်း သူတို့ အနေနဲ့ ကူညီပူးပေါင်းမှာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောဆိုတယ်လို့ AP သတင်းအေဂျင်စီ (13 November 2024) က ရေးပါတယ်။ 

ရိုဒရီဂို ဒူတာတေးအပေါ် ဝေဖန်သူတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် ICC က ရုံးတင်စစ်ဆေးခံရစေရန် တွန်းအားပေးခြင်းဖြင့် သမ္မတဟောင်းအနေနဲ့ အရှက်ရစေမယ်လို့ မျှော်လင့်ကြ ပေမယ့် မီးမောင်းထိုးပြမှုမှာ ပြောင်းလဲသွားခဲ့တယ်လို့ “ဒေးလီးထရိုင်ဗြွန်း” (16 November 2024) က ရေးသားပါတယ်။

ဒူတာတေးကို  တရားစွဲထားဆိုတဲ့ ICC ရှေ့နေချုပ် ကာရင်ခန်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး သမ္မတဟောင်းအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂရဲ့ ပွင်လင်းဖြောင့်မတ်မှုနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။

အရှုတ်တော်ပုံကိစ္စှမှာ ခန်းကိုယ်တိုင်နဲ့ သူ့ရဲ့ဇနီး၊ OIOS မှ အကြီးတန်း အရာရှိတစ်ဦးတို့ရဲ့ အကျိုးစီးပွားနဲ့  ဆက်နွယ်တဲ့ ပဋိပက္ခများလည်း ပါဝင်နေပါတယ်။ ICC ဟာ ခန်းနဲ့ပတ်သက်ပြီး ဘက်လိုက်ကြောင်း လူပြော ခံရမယ့် ကိစ္စများမှာ ဌာနတွင်း စုံစမ်းစစ်ဆေးမှုအနေနဲ့ ကျရှုံးခဲ့ပါတယ်။ ဌာနပြင်ပ စုံစမ်းစစ်ဆေးမှုများ မှာ လည်း ဘယ်လောက်အတိုင်းအတာအထိ လွတ်လွတ်လပ်လပ်ရှိမယ်ဆိုတာ သံသယကြီးကြီးနဲ့ ကမ္ဘာက ဆက်လက်စောင့်ကြည့်နေပါတယ်။

မူးယစ်ဆေးဝါးဖြိုခွင်းရေး စစ်ပွဲနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်အထူးတရားရုံးများရဲ့ လွတ်လပ်တဲ့တရားစီရင်ရေးကို လေးစားရန် ပြောဆိုခဲ့သူ ဒူတာတေးနဲ့ ICC အမှုဟာ ခန်းရဲ့ကိစ္စနဲ့ နှောင့်နှေးသွားဖွယ်ရှိကြောင်း၊ ICC အနေ နဲ့ သူ့ဌာနတွင်း ယုံကြည်ဖြောင့်မတ်မှု ပြဿနာနဲ့ ခေါင်းမီးတောက်နေချိန် ဒူတာတေးမှာလည်း သမ္မတတစ်ဦး အနေနဲ့ လုပ်ပိုင်ခွင့် ရှိတယ်လု့ိ ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ဖိလစ်ပိုင်အများစုက ယူဆကြပါတယ်။ 

(Guardian., 17 November 2024,” Some at ICC said to question integrity of UN inquiry into top prosecutor” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမရပူရမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ငွေလုယက်မှုဖြစ်ပွား

RECENT POSTS
မဏိပူရပြည်နယ်မှာ လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ (၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
18 Nov 2024
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ပေးအပ်
18 Nov 2024
ရန်ကုန် ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေး အကျပိုင်းဖြင့်ဈေးကွက်အေးနေ
18 Nov 2024
ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး သည်းခံပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ပြော
18 Nov 2024
အမေရိကန်အစိုးရက ရုရှားပိုင်နက်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုပေး
18 Nov 2024
အမရပူရမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ငွေလုယက်မှုဖြစ်ပွား
18 Nov 2024
အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုမည့် ICC ရှေ့နေချုပ် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံရ
18 Nov 2024
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို အုပ်စုဖွဲ၍ အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်သွားမှု ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွား
18 Nov 2024
ရွှေဘိုမြို့နယ်တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ
18 Nov 2024
အမ်းတိုက်ပွဲတွင် အထိနာနေသော AA တို့ “အကြံကုန် ဂဠုန်ဆားချက်” လုပ်လာ
18 Nov 2024
ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေလောကသားတို့အတွက် အထူးရက်သတ္တပတ်စပြီ
18 Nov 2024
ကွဲပြားသောဗိသုကာပညာနှင့် နော်ဒစ်အစားအစာတို့ကြောင့် နာမည်ကျော်ကြားတဲ့ ဖင်လန်မြို့တော် ဟယ်လ်စင်ကီအကြောင်း
15 Nov 2024
အမေရိကန်၏ လက်နက်အရောင်းအဝယ် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများအတွက် လောင်စာ
15 Nov 2024
အီဂျစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အီဂျစ်နိုင်ငံသမ္မတအဖြစ် သုံးကြိမ်ဆက်တိုက်တာဝန်ယူခွင့်ရရှိခဲ့သူ အယ်စီစီ
15 Nov 2024
ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို ရုရှားနာရီထုတ်လုပ်သူတစ်ဦး တီထွင်ဖန်တီး
15 Nov 2024
ပြည်မြို့ရှိ တန်ဆောင်တိုင်ပွဲတွင် ပင်လယ်ဓားပြလှေပေါ်တက်သည့် လှေ ကားကျိုးကျမှုကြောင့် ကလေးငယ်များအပါအဝင် လူအချို့ဒဏ်ရာရ
15 Nov 2024
တာချီလိတ်မြို့တွင် ကျပ်သိန်း(၁၁၀၀)ကျော်တန်ဖိုးရှိ Iphone များကို ဓားပြတိုက်လုယက်သူများအား အသေပစ်ခတ်ဖမ်းမိ
15 Nov 2024
အင်းဝမြို့ဟောင်းရှိ ‌လောကဝေဿဘူ မြို့ထောင့်စေတီကြီးကို ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းသွားရန် စီစဉ်နေ
15 Nov 2024
ဝါရင့်အနုပညာရှင် ထပ်ဆင့်အကယ်ဒမီရန်အောင်၏နေအိမ်ကို PDF အဖွဲ့က မိုင်းပစ်တိုက်ခိုက်ခဲ့ဟု ဆို
14 Nov 2024
မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
14 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved