အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရှုံးနိမ့်သွားလိမ့်မယ်လို့ ယူကရိန်းသမ္မတပြော
Pika (NSS) - နိုဝင်ဘာ ၂ဝ
အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းက ရှုံးနိမ့်သွားလိမ့်မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဇီလန်စကီးက "အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ဒီစစ်ပွဲမှာ ကျွန်တော်တို့ရှုံးနိမ့်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားရမှာပါ။ ကျွန်တော်တို့မှာ စစ်လက်နက် ပစ္စည်း ထုတ်လုပ်တဲ့နေရာတွေရှိပါတယ်။ ဒါပေမဲ့ စစ်ပွဲကိုနိုင်ဖို့အတွက်တော့ မလုံလောက်ပါဘူး။ ပြီးတော့ အဲဒါက အသက်ရှင်သန်ဖို့အတွက်လည်း မလုံလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့အစိုးရဟာ ယူကရိန်းကို စစ်ရေးကူညီပံ့ပိုးပေးမှုတွေ လျှော့ချနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးမယ်လို့ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ယူကရိန်းနဲ့ အမေရိကန်ကြားမှာ အဓိကအရေးကြီးဆုံးအရာက စည်းလုံးညီညွတ်မှုဖြစ်တယ်လို့လည်း ဇီလန်စကီးက ထပ်မံပြောကြားခဲ့ပါတယ်။ ဇီလန်စကီးက "ရုရှားသမ္မတပူတင်သာ ဆန္ဒရှိမယ်ဆိုရင် ဒီစစ်ပွဲကို လုံးဝအဆုံးသတ်ပစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါကလည်း အမေရိကန်အပေါ် အများကြီးမူတည်ပါတယ်။ ပူတင်ဟာ အမေရိကန်လောက်တော့ အင်အားမကြီးပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၂)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ယခုအချိန်အထိ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုအချက်အလက်များကို ဘာသာစကား(၅)မျိုးဖြင့် ဖော်ထုတ်ရှင်းလင်းရန် နစက စီစဉ်နေ
RELATED POSTS
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
18 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ