Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သည့် ဘဝင်ချမ်းမြ တန်ဆောင်မုန်းလ

ကျွန်းသားငမန်း (NSS) - နိုဝင်ဘာ ၁၉

ဆောင်းဦးအစ ဟေမန္တလရာသီရောက်လာခဲ့ပြီ။ငွေနှင်းမှုန်တို့သည် မြောက်လေအေးနှင့်အတူ လွှမ်း ခြုံဖြန့်ကြက်လာသည်။ ကောင်းကင်အာဇဋာဝယ် မိုး သားတိမ်ရိပ်တို့ကင်းစင်ကာ ငွေလမင်းက ထိန်ထိန် သာလျက်ရှိနေသည်။ ငွေကြယ်စင်များကလည်း အပြာရောင်ကောင်းကင်ထက်တွင် တလက်လက်ဖြင့် တောက်ပလျက်ရှိနေပြန်သည်။ ညအခင်းသည် အေး မြခြင်းနှင့်အတူ အလှကိုဖန်တီးထားသည်။ ကြည့် မောလေရာပတ်ဝန်းကျင်တို့ရှိ လယ်ကွင်းပြင်စိမ်းစိမ်း တို့ အရောင်ပြောင်းပြီး ရွှေရောင်ဝါဝင်း ရွှေအဆင်း ဖြင့်လှတင့်နေကြသည်။ မြောက်လေအဝှေ့တွင် စပါး ပင်တို့ယိမ်းနွဲ့ကာ လယ်ကွင်းပြင်တို့ဝယ် ရွှေရောင်လှိုင်းတို့ လှုပ်ခတ်နေသည်။ ရာသီနှင့်လိုက်၍ ပြောင်း လဲဖြစ်ပေါ်နေသည့် သဘာဝတရားကဖန်တီးပြုပြင် ထားသော မြင်ကွင်းအသစ်အဆန်းများက လောကကို မရိုးနိုင်အောင်အလှဆင်နေလေသည်။

တန်ဆောင်မုန်းလကား ဗုဒ္ဓဘာသာမြန်မာတို့၏ရှစ်လမြောက်သောလဖြစ်သလို ဥတုသုံးလီ ရာသီကူး ပြောင်း ဆောင်းဦးအစရာသီလည်းဖြစ်သည်။ မိုးတိမ် ကင်းပကာ ကောင်းကင်ပြာအာကာထက်တွင်လည်း ကြယ်စင်တွေလင်းလက်လျက် နက္ခတ်တာရာတို့စုံ သောလဖြစ်သည်။ တန်ဆောင်မုန်းလကို ရှေးယခင် က တန်ဆောင်မှုန်၊ တန်ဆောင်မှုန်း ဟု ရေးမှတ်ခဲ့ ကြကြောင်းသိရသည်။ တန်ဆောင်မုန်းလ၏အဓိပ္ပာယ် မှာ တန်ဆောင်သည် ထွန်းလင်းတောက်ပခြင်းဂုဏ်ကိုဆောင်သည်။ မှုန်း(မုန်း)သည် ခြယ်မှုန်းခြင်းဟု အဓိပ္ပာယ်ကိုဆောင်သည်။ ထို့ကြောင့် တန်ဆောင်မုန်း သည် အလင်းရောင်တို့ဖြင့်ခြယ်မှုန်းအပ်သောလဟုအဓိပ္ပာယ်ရသည်။ ဒါနအလင်းရောင်၊ ဆီမီးအလင်း ရောင် စသည်များဖြင့်ခြယ်မှုန်းအပ်သော လလည်း ဖြစ်သည်။

တန်ဆောင်မုန်းလ၏ သာယာအေးမြခြင်းသည် မြင်ကွင်းများက လူတို့၏စိတ်နှလုံးကို ကြည်မွေ့အေး ငြိမ်းစေသည်။ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိခဲ့ စဉ်ကာလကလည်း သူမိုက်ကိုဆရာတင်မိမှားခဲ့သဖြင့် လူဆိုးလူမိုက်အဖြစ်ရောက်ခဲ့ကာ မိဘ၏ကျေးဇူး တရားကို မသိ၊ အာဏာဇောတပ်မက်မိသဖြင့် အဘ ရင်းကိုသတ်မိခဲ့သော အဇာတသတ်သားမိုက်သည် ထိုအပြစ်ဆိုးကြောင့် သောကအပူတို့ ကပ်ငြိခံခဲ့ရသည်။ ထိုအပူကိုငြှိမ်းသတ်နိုင်ဖို့ရာ အဇာတသတ် သည် ဤတန်ဆောင်မုန်းလ၏လပြည့်နေ့တွင်ပင် ဘုရားရှင်၏ခြေတော်ရင်းသို့ ဝပ်စင်းရောက်ရှိခဲ့သည်။မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအပါအဝင် ပရိသတ်တို့အား သာမညဖလ သုတ္တန်တရားတော် မြတ်ကို ဟောကြားချီးမြှင့်တော်မူခဲ့သည်။ အဓမ္မဝါဒီ ဖြစ်သော အဇာတသတ်မင်းသည် ဘုရားရှင်၏သာ သနာတော်အတွင်းမှ ရဟန်းတို့အား ကြည်ညိုလေး စားသက်ဝင်ကာ ဗုဒ္ဓဘုရား၏အဆုံးမ၌တည်ခဲ့သည်။ ခံစားခဲ့ရသော သောကအပူတို့မှ အေးငြိမ်းသက်သာ ခွင့်ရသွားခဲ့သည်။ အဓမ္မနှင့်ဓမ္မတို့အားပြိုင်ရာ ဓမ္မက အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဤဖြစ်ရပ်မှာ တန်ဆောင်မုန်း လ၏ ထူးကဲသောပုံရိပ်တစ်ခုလည်းဖြစ်သည်။

တန်ဆောင်မုန်းလ လှူဒါန

ဤရာသီအချိန်တွင် တစ်မိုးလုံး စိုက်ပျိုးပြုစုခဲ့ရ ပြီး အောင်မြင်ဖြစ်ထွန်းနေသောစပါးခင်းတို့၏မြင် ကွင်းကိုကြည့်ကာ တောင်သူဦးကြီးများမှာလည်း ပျော်တပြုံးပြုံးဖြစ်နေကြသည်။ ရွှေရောင်ဝါဝင်းရွှေ အဆင်းဖြင့် အောင်မြင်ဖြစ်ထွန်းနေသောစပါးခင်း တို့မှာလည်း မှည့်ဝင်းရိတ်သိမ်းနိုင်သည့်အချိန်ရာသီ ပေပဲ။ မိမိတို့ခွန်အားစိုက်ထုတ်၍ ရလာသောအသီး အပွင့်များဖြင့် အလှူဒါနများကိုပြုလုပ်နိုင်ကြသည်။ဗုဒ္ဓပူဇနိယပွဲတော်များကိုကျင်းပ၍ ကုသိုလ်ယူတတ် ကြသည်။ ဤရာသီ၊ ဤကာလတွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ကောက်ဦးဆွမ်းတင်ပွဲ၊ ဆီးမီး တစ်ထောင်၊ ပန်းတစ်ထောင် လှူဒါန်းပူဇော်ပွဲ၊ မီးမြင်း မိုရ်ထွန်းပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ပံ့သကူ ပစ်ပွဲ၊ အကောက်တစ်ထောင် ဝင်္ကပါလှည့်ပွဲ စသည် များဖြင့်ပူဇော်လေ့ရှိကြသည်။

အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် ထူးကဲမွန်မြတ်သည့် ကာလဒါနတစ်ခုဖြစ်သော က ထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြင့် ကုသိုလ်ပွား များနိုင်ကြသည်။ မြတ်စွာဘုရားရှင်၏ ပညတ်တော်နှင့် အညီ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရသောလ ဖြစ်သဖြင့် အမြတ်ဆုံးလဟုလည်းဆိုကြသည်။ က ထိန်အလှူသည် တစ်နှစ်တွင် တစ်လ(သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့အထိ)၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကြိမ်၊ တစ်ကြိမ်တွင် တစ်ကျောင်း၊ တစ်ကျောင်း တွင် တစ်ပါးကိုသာ အချိန်အခါနှင့်အတူပြုလုပ်ရ သော ကာလဒါနကုသိုလ်အလှူတစ်ခု ဖြစ်သည်။ ကထိန်အလှူမှာ အလှူရှင်၏အလိုကျ ကြည်ညိုသဒ္ဓါ ပေါက်၍ လှူဒါန်းမှသာ ကထိန်သင်္ကန်းမြောက်သည် ဟုလည်း ဘုရားရှင်က ပညတ်တော်မူသည်။ ကထိန် သင်္ကန်းဆက်ကပ်အလှူခံရသောရဟန်းတော်၌ က ထိန်အကျိုးငါးပါးကိုရရှိသဖြင့် ရဟန်းတော်များအလေးထားသော၊ အလှူခံရထိုက်သောအလှူလည်းဖြစ် သည်။ အလှူရှင်မှာလည်း ရဟန်းတော်တို့ရရှိသကဲ့ သို့ပင် ကုသိုလ်အကျိုးငါးပါးဖြစ်သော အနှောင်အဖွဲ့ ကင်းလွတ်ခြင်း၊ အဝတ်အစားပေါများခြင်း၊ အဆိပ်အ ပင်းထည့်ထားသောအစားအစာများမှ ကင်းဝေးစေ ခြင်း၊ တာဝန်ကိစ္စမလေးမပင်ပေါ့ပါးခြင်း၊ ကိုယ့်ပစ္စည်းများကို သူတစ်ပါးတို့မယူသွားနိုင်ခြင်း စသည့် အကျိုး ထူးကိုရရှိနိုင်ကြသည်။ အလှူအတန်းနှင့်ပတ်သက်၍ လည်း ရတနာမှာ စိန်၊ ကျောင်းမှာသိမ်၊သင်္ကန်းမှာကထိန်ဟုဆိုစမှတ်ရှိသည်။ ထို့ကြောင့်ပင် အချို့ဆရာ တော်ကြီးများမှာ အလှူဒါယကာများ၏ ကထိန်အလှူ အတွက် (၉)နှစ် (၁၀)နှစ်ခန့်ကပင် ကြိုတင်ပင့် လျှောက်မှုကို လက်ခံရရှိထားတော်မူကြသည်ကို တွေ့ရသည်။

တန်ဆောင်မုန်းလတွင် မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများလည်းရှိသည်။ သင်္ကန်း ရက်လုပ်မှု၊ ချုပ်လုပ်မှုစသည်များအားလုံးကို ညတွင်း ချင်းပြီးစီးအောင်ဆောင်ရွက်၍ အရုဏ်မတက်မီ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ထံ ဆက်ကပ်လှူဒါန်းကြရသည်။နေ့မကူး၊ ရက်မကူး တစ်ရက်အတွင်းအပြီးရက်လုပ်ဆက်ကပ်ရခြင်းကြောင့် မသိုးသင်္ကန်းဟုခေါ်ခြင်း လည်းဖြစ်သည်။ ပံ့သကူပစ်ပွဲကိုလည်း တန်ဆောင်မုန်း လပြည့်နေ့တွင် ပြုလုပ်လှူဒါန်းလေ့ရှိကြသေးသည်။အလှူခံပုဂ္ဂိုလ်အစွဲအလမ်းမထား မိမိလှူဒါန်းလိုသော ပစ္စည်းကို တိတ်တဆိတ်စွန့်ပစ်လှူဒါန်းသည့် အလှူ ဒါနတစ်မျိုးဖြစ်သည်။ ရဟန်းတော်များ၊ သီလရှင်များ အတွက် အသုံးအဆောင်ပစ္စည်းများကို ပံ့သကူစာ တန်းရေးကာ ကျောင်းကန်၊ ဘုရား၊ စေတီ၊ သင်္ခန်းများ အနီး ချထားလေ့ရှိကြသည်။ ယင်းပစ္စည်းများကို မည် သူမဆိုတွေ့ရှိအသုံးပြုနိုင်သော ကြည်နူးဖွယ်ကောင်းသည့် အလှူတစ်မျိုးလည်းဖြစ်သည်။

တန်ဆောင်မုန်းလကား အာဇဋာကောင်းကင် တစ်ခွင်တွင် တိမ်တိုက်တို့ကင်းစင်၍ နက္ခတ်ကြယ် တာရာများကို ကောင်းစွာမြင်တွေ့ရသဖြင့် နက္ခတ် သဘင်ပွဲကိုလည်း ဆင်နွှဲလေ့ရှိကြသည်။ အထူးသ ဖြင့် နက္ခတ်တာရာများစုံသောအချိန်ဖြစ်သဖြင့် ဆေး ပေါင်းခသည်ဟုယုံမှတ်ကာ တန်ဆောင်မုန်းလပြည့် နေ့သန်းခေါင်ချိန်တွင် မယ်ဇလီဖူးများကိုဆွတ်ခူး၍အပျော်သုပ်စားကြသည်လည်းရှိသည်။ ထို့အတူ ဆီ မီးထွန်းညှိပူဇော်ခြင်း၊ တာဝတိံသာ မီးမြင်းမိုရ်ပွဲကျင်း ပခြင်း၊ မီးပုံးပျံများလွှင့်တင်၍ တာဝတိံသာနတ်ပြည်၌ရှိ သော စူဠာမုနိရှင်ကိုရည်စူးပူဇော်တတ်ကြသေး သည်။ မီးမြင်းမိုရ်ထွန်းပွဲတွင် အတောင်ခြောက်ဆယ် အမြင့်ရှိသော တန်ဆောင်မုန်းတိုင်မီး ပြာသာဒ်ကိုတည် ဆောက်စိုက်ထူ၍ တိုင်ထိပ်ပေါ်သို့ မီးလုံးတင်ပူဇော် ခြင်းဖြစ်သည်။ အတောင်ခြောက်ဆယ်မှာ နတ်တို့စံရာ တာဝတိံသာနတ်ပြည်ခြောက်ထပ်ကို ရည်မှတ်ပူ ဇော်ခြင်းလည်းဖြစ်သည်။ ထို့အတူ တန်ဆောင်မုန်းလတွင် ကောက်ဦးဆွမ်းတင်ပွဲများကိုလည်း ပြုလုပ်လှူ ဒါန်းလေ့ရှိကြသေးသည်။ ကောက်ဦးဆွမ်းတင်ပွဲမှာ မြတ်နိုးစရာကောင်းသော အလေ့တစ်ခုလည်းဖြစ် သည်။ တန်ဆောင်မုန်းလသည် ဖုံးတုံးလုံးတုံး တန် ဆောင်မုန်းဟုဆိုကြသည့်အတိုင်း ကောက်စောစပါး တို့ ရိတ်သိမ်းထွက်ရှိရာ အချိန်ကာလလည်းဖြစ်သည်။ ပြည်သူတို့သည်မိမိတို့ လုပ်အားဖြင့်ထွက်ရှိရရှိသော ကောက်ပဲသီးနှံ၊ သလဲစပါး၊ ကောက်ညင်း စသည်များ ကိုဆွတ်ေြွခနယ်လှေ့ပြီး ရရှိသောဆန်များကိုချက် ပြုတ်၍ သက်ရှိထင်ရှား မြတ်စွာဘုရားရှင်အား ရည်စူးပူဇော်ကြခြင်းဖြစ်သည်။ မြို့များ၊ ရွာများတွင် ရွာသူရွာ သား ကာလသားသမီး အပျို၊ လူပျိုများစုပေါင်း၍ ဆွမ်း ကတော့ထိုးပွဲများဖြင့်လည်းကောင်း၊ ကြာရိုးကြာစွယ်၊ ကြာပန်းများဖြင့်လည်းကောင်း ဘုရားကျောင်းကန် များသို့ သွားရောက်ပူဇော်ကန်တော့ ကုသိုလ်ယူကြ သည်။ ရခိုင်တိုင်းရင်းသားများက ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ကောက်ဦးဆွမ်းတင်အလှူဟု မှတ်တမ်းပြုကြသည်။

မှတ်တမ်းရေးပြု စာရတု

တန်ဆောင်မုန်းလနှင့်ပတ်သက်၍ ရှေးစာဆိုများ က စာဖွဲ့မှတ်တမ်းတင်ခဲ့ကြသည်များရှိသည်။ စာဆို ဖိုးသူတော်ဦးမင်းက "အလှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်၊ သည်ချိန်ကိုဝတ်မှုံကြဲလို့  ခဝဲ ရွှေညှာရင်းမှာ သင်းရနံ့ကြွယ်။ ကောင်းကင်လယ် ထက်ဝယ်ဘုံဦး၊ ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင် စွန်းတယ် ထွန်းထိန်လို့မြူး}}ဟု စာဖွဲ့ခဲ့သည်။ စာဆို ရှင်ဦးပုညကလည်း "မိုးဝသန်ကုန်ဆုံးလို့ တန်ဆောင်မုန်း ဗြိ  စ္ဆာ၊ ငါးနှစ်စွန်းခါဝယ် ကြတ္တိကာ ကြယ်မင်း၊ ခဝဲပွင့်သည် မာလာငယ်သည် ချိန်ခါမွှေးပျံ့ထုံသင်း"ဟုဖွဲ့ဆိုခဲ့ပြန်သည်။ မြောက်ဦးခေတ်ရခိုင်စာဆို ဥက္ကာ ပျံကလည်း "တန်ဆောင်မုန်းလ၊ ဟေမန္တသည် ချမ်းစပေါ်၊ လူ့ရွာပွဲသဘင်၊ သိကြားပျော်ရာ၊ ဝတိံသာဝယ် စူဠာမုဏိရှင်ကို၊ ဖူးမြော်ချင် ဆုယူမြှောက်၊ အတောင် ခြောက်ဆယ် မြင့်ဖူးသွယ်သည် တန်ဆောင်မုန်းတိုင် ဆောက်၍၊ အောက်ကကြိုးငင်၊ ပြောင်ပြောင်ညီးသည်၊ မီးထွန်းပွဲသဘင်ကို တူစုံပင်ညှိရကြောင်း၊ ရှစ်စရွတ် သည် မွေဓာတ်ရှင်တော်ပေါင်းကို"ဟု မီးမြင်းမိုရ်ပွဲကျင်းပခြင်းအကြောင်းနှင့်ပတ်သက်ကာ ရေးဖွဲ့စပ်ဆို မှတ်တမ်းတင်ထားခဲ့သည်။

ဓမ္မ နှင့် အဓမ္မအားပြိုင်

တန်ဆောင်မုန်းလပြည့်နေ့ကား ဗုဒ္ဓဘာသာဝင်များအဖို့ ထူးခြားသောလတစ်လလည်း ဖြစ်ပြန်သေးသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားရှင်က သာမည ဖလသုတ္တန်ကိုဟောကြားတော်မူခဲ့သဖြင့် သာမညဖလ အခါတော်နေ့ဖြစ်သည်။ သာမညသည် သာမဏေ၊ ရသေ့၊ ရဟန်းပြုလုပ်ခြင်းဟု အနက် အဓိပ္ပာယ်ရှိသည်။ ဖလသည် အကျိုးကျေးဇူးဖြစ်သည်။ သာမညဖလဆိုသည် ရသေ့ရဟန်းပြုလုပ်ရခြင်း၏အကျိုးကျေးဇူးဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ အဖ သတ်မင်းကြီး အဇာတသတ်ကို ရဟန်းပြုခြင်းအကျိုး ကိုဟောကြားသည့်နေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့် နေ့ကို သံဃာတော်များနေ့ဟုလည်းခေါ်ကြသေး သည်။ သာမညဖလသုတ္တန်ဟော ကြားခဲ့ခြင်းနှင့်ဆက် စပ်၍ လူအများ သတိထားဆင်ခြင်အပ်သော ဇာတ် လမ်းတစ်ပိုဒ်လည်း ရှိသေးသည်။ ထိုသည်ကား ဓမ္မ နှင့်အဓမ္မအားပြိုင်ရာ အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သော ဇာတ်လမ်းလည်းဖြစ်သည်။ 

ဘုရားရှင်၏ဝမ်းကွဲညီ တော်စပ်သူ ရှင်ဒေဝဒတ်မှာ မြတ်စွာဘုရားရှင်အား မင်းနှင့်ပြည်သူများတို့ ယုံကြည်ကိုးကွယ်မှုပေါများ သည်ကို မနာလိုဖြစ်သကဲ့သို့ မိမိကိုယ်တိုင်လည်း ဘုရားရှင်ကဲ့သို့ပင် အလှူရှင်ဒါယကာများနှင့် လှူ ဖွယ်ဝတ္ထု တပည့်တကာပေါများလို၏။ သူသာလျှင် ဘုရားတစ်ဆူလုပ်လို၏။ ထို့ကြောင့် မြတ်ဗုဒ္ဓအား ဘုရားရှင်မှာ အိုမင်းနေပြီဖြစ်သဖြင့် မိမိအားရဟန်း သံဃာတော်များကို စီမံအုပ်ချုပ်ခွင့်ပေးရန်တောင်း ဆိုခဲ့သည်။ ဒေဝဒတ်သည် မြတ်စွာဘုရားရှင်ထံမှ ရဟန်းသံဃာတော်များကိုစီမံအုပ်ချုပ်ခွင့်ရရန် သုံး ကြိမ်တိုင်တိုင်ဆောင်းဆိုခဲ့သည်။ သို့ရာတွင် ဘုရား ရှင်သည် ဒေဝဒတ်ကြောင့် ဗုဒ္ဓသာသနာတော်ကြီး  ပျက်စီးမည်ကိုသိမြင်တော်မူထားသဖြင့် ဒေဝဒတ်ကို ရဟန်းသံဃာတော်များတို့ကို ဦးဆောင်စီမံအုပ်ချုပ် ခွင့် လုံးဝပေးအပ်တော်မူခြင်းမရှိခဲ့။

ဒေဝဒတ်သည် ဘုရားရှင်အားလုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်နည်းမျိုးစုံဖြင့် ကြိုးစားစီစဉ်မှုများ ဆောင်ရွက်ခဲ့သည်။ ဤသို့ဆောင်ရွက်ရာတွင် သာသ နာ့ဒါယကာ ဗိမ္ဗိသာရမင်းကြီး၏သားတော် အဇာတ သတ်မင်းသားကို စည်းရုံးအသုံးချခဲ့သည်။ အဇာတ သတ်မင်းသားမှာ ဒေဝဒတ်အား ဆရာတစ်ဆူအဖြစ် ယုံကြည်ကိုးကွယ်ဆည်းကပ်သူဖြစ်သည်။ တပည့်ဖြစ် သူအဇာတသတ် ဘုရင်ဖြစ်လာမှ ဘုရင်၏အရှိန်အဝါ အင်အားဖြင့် ဘုရားရှင်အားလုပ်ကြံသတ်ဖြတ်ရန် လွယ်ကူမည်ဟု ဒေဝဒတ်ကယုံကြည်ခဲ့သည်။ အဇာ တသတ်မင်းသားမှာလည်း အာဏာဆာလောင်မွတ် သိပ်နေသူဖြစ်လေရာ၊ ဖခင်ဘုရင်ကြီးအားလုပ်ကြံ သတ်ဖြတ်နိုင်ပါမှ ဘုရင်အမြန်ဖြစ်မည်ဟု သွေးဆောင် စည်းရုံးပြီး ဖခမည်းတော် အရိယာသူတော်စင် ဘုရင်ကြီးအား လုပ်ကြံသတ်ဖြတ်စေခဲ့သည်။

အဇာတသတ်မင်းကား ဒေဝဒတ်ကဲ့သို့ အယူမှား သောသူကို ဆရာတင်မှားမိခဲ့သဖြင့် ဖခင်ဖြစ်သူ ဗိမ္ဗိ သာရမင်းကြီးကို ရက်စက်စွာနှိပ်စက်သတ်ဖြတ်ခဲ့ သည်။ ထို့အတူပင် ဒေဝဒတ်၏ခိုင်းစေချက်ဖြင့်ပင် မြတ်စွာဘုရားရှင်အား လေးသည်တော်များဖြင့် ပစ် ခတ်လုပ်ကြံနိုင်ရန်အကူအညီပေးမိခဲ့သေးသည်။ သို့ ရာတွင် အောင်မြင်ခြင်းမရှိခဲ့။ ဒေဝဒတ်သည် မြတ်စွာ ဘုရားရှင်အား ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွနေစဉ် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးကြီးများကိုလှိမ့်ချ ပြီး သတ်ဖြတ်ရန်ကြိုးစားခဲ့သည်။ မအောင်မြင်ခဲ့။ ဒေဝဒတ်သည် မကျေနပ်သေး၍ နာဠာဂီရိဆင်ပြောင် ကြီးကို အရက်သေစာတိုက်ကျွေးပြီး ဘုရားရှင်ဆွမ်းခံ ကြွတော်မူနေစဉ်အနင်းခိုင်း၍ သတ်ဖြတ်ရန်ကြိုးစားခဲ့ သော်လည်း  မအောင်မြင်ခဲ့။ ဒေဝဒတ်သည် မြတ်ဗုဒ္ဓ ၏ရဟန်းသံဃာတော်များကို သွေးဆောင်ဖြားယောင်း ပြီး သွေးကွဲအောင်ဂိုဏ်းခွဲခဲ့ပြန်သေးသည်။ ဒေဝဒတ် ၏သွေးဆောင်ဖြားယောင်းရာနောက် နားယောင်လိုက် ပါခဲ့သူများရှိခဲ့သော်လည်း ရှင်သာရိပုတ္တရာနှင့် ရှင်မ ဟာမောဂ္ဂလာန်တို့က လိုက်လံပြီးတရားဟောရှင်း လင်းတော်မူသဖြင့် အမြင်မှန်ရခဲ့ကြသည်။ ဒေဝဒတ် ၏ဆိုးရွားသောလုပ်ရပ်များကိုသိမြင်လာသော သူ၏တပည့်ရင်း အဇာတ သတ်မင်းသားသည်ပင် ဒေဝဒတ်ကို နောက်ဆုံး၌ အဆက်အသွယ်ဖြတ်ခဲ့သည်။

အဇာတသတ်မင်းကား ဒေဝဒတ်ကဲ့သို့အယူမှား သောသူကိုဆရာတင်မှားမိခဲ့သဖြင့် ဖခင်ဖြစ်သူ ဗိမ္ဗိ သာရမင်းကြီးကို ရက်စက်စွာနှိပ်စက်သတ်ဖြတ်မိ ခဲ့သူဖြစ်သည်။ ထိုသို့သတ်ဖြတ်မိခဲ့၍ ကံကြီးထိုက်ခြင်း ကိုခံရသဖြင့် ညအခါများတွင်အေးချမ်းစွာအိပ်ပျော် ခြင်းမရှိခဲ့။ အိပ်စက်မရခြင်းဝေဒနာမှ သက်သာပျောက် ကင်းစေရန် အမျိုးမျိုးသောဆရာကြီးများထံ ဆည်းကပ်၍ နည်းနာခံယူခဲ့သည်။ သို့ရာတွင် ပျောက်ကင်း သက်သာခြင်းမရှိခဲ့။ သို့ဖြင့် ဘုရားရှင်၏တပည့်သာဝ ကတစ်ဦးဖြစ်သော ဆရာဇီဝက၏ တိုက်တွန်းညွှန်ပြ ချက်အရ ဗုဒ္ဓဘုရားရှင်အား သွားရောက်ဖူးမြော်ရာမှ ဘုရားရှင်က သာမညဖလသုတ္တန်ကို ဟောကြားခဲ့ခြင်း ဖြစ်သည်။ သာမညဖလသုတ္တန်ကို နာကြားရပြီးနောက် အဇာတသတ်သည် သာသနာတော်၌ သက်ဝင်ယုံ ကြည်သူဖြစ်သွားကာ စိတ်၏အေးချမ်းခြင်းကိုလည်း ရသွားခဲ့သည်။

အဇာတသတ်ဆရာတင်မှားမိခဲ့သောဒေဝဒတ်မှာ ဘဝ၏နောက်ဆုံးအချိန်၌ မဟာပထဝီမြေသားပြင် သည် ဟက်တက်ခွဲ၍မြေမျိုခြင်းခံရကာ မဟာအဝီစိငရဲသို့ကျရောက်သွားခဲ့ရသည်။ အဇာတသတ် ဘုရင် မှာလည်း ဖခင်ကိုသတ်ဖြတ်မိခဲ့သော ကံကြီးထိုက်ခဲ့ သဖြင့် ဘုရားရှင်နှင့်တွေ့ဆုံကာ တရားစစ်၊ တရားမှန် ရခဲ့သော်ငြား ငရဲမှလွတ်ကင်းခြင်းမရှိနိုင်ခဲ့။ ငရဲသို့ ကျရောက်ခဲ့ရရှာသည်။ လူမိုက်ကိုဆရာတင်မှားခဲ့သော အဇာတသတ်၏အဖြစ်မှာ သံဝေဂယူစရာဖြစ်သည်။

ယူတတ်လျှင်ရနိုင်

တန်ဆောင်မုန်းလသည် ဟေမန္တအဝင် ဆောင်း ဦးအခါ ကာလသမယဖြစ်သည်။ တောတောင်တို့သည် စိမ်းလန်းစိုပြည်လျက်ရှိသည်။ လယ်ယာမြေတို့မှာ လည်း အစိမ်းတစ်ဝက်၊ တစ်ဝက်မှာရွှေရည်လုကာ ကောက်နှံသီးပွင့်တို့ ရင့်မှည့်လာသည့်အချိန်ကာလလည်းဖြစ်သည်။ မြစ်ရေပြင်သည်ပင် လှိုင်းလေမရှိ ပကတိငြိမ်သက်နေသည်သို့ ထင်ရသည်။ သဘာဝ တရားသည် ဒေါသမာန်မာနတို့ ကင်းစင်နေဘိသို့ အလားပမာရှိနေသည်။ ပတ်ဝန်းကျင်သဘာဝမြင်   ကွင်းများသည် ရာသီလိုက်၍ပြောင်းလဲဖြစ်ပေါ်နေ သည်။ မြင်ကွင်းအသစ်အဆန်းများဖြင့် လောကကို မရိုးနိုင်အောင်အလှဆင်နေလေသည်။ သို့ရာတွင် မပြောင်းလဲသည်ကတော့ ကိုးကွယ်မှုဘာသာတရား ယုံကြည်မှုသဒ္ဓါတရားများဖြစ်ကြသည်။ တန်ဆောင် မုန်းလအခါသမယကား ကြည်နူးဆွတ်ပျံ့ဖွယ်အချိန် ကာလဖြစ်သည်။ ဘာသာတရားယုံကြည်မှုများဖြင့် လွှမ်းခြုံနေသောကာလလည်းဖြစ်သည်။ ဘာသာတ ရား၏အဆုံးအမအောက်တွင် ဗုဒ္ဓဘာသာဝင်တို့စိတ် မှာ အေးငြိမ်းမှုရသကို ခံစားနေကြရသည်။

ဗုဒ္ဓဘုရားရှင်၏လုပ်ပိုင်ခွင့်တွေကို တပ်မက်၊ အာဏာကိုဖြတ်လမ်းနည်းဖြင့်ရယူလိုသော ရှင် ဒေဝ ဒတ်သူမိုက်ကိုဆရာတင်မိ၍ အယူမှားခဲ့ကာ ကျေးဇူး ရှင်ကိုသတ်ဖြတ်မိခဲ့သဖြင့် နောင်တအပူ၊ သောကအ ပူတို့လောင်ကျွမ်းခဲ့ရသော အဇာတသတ်ဘုရင်။ အဆိုပါ အဇာတသတ်ဘုရင်၏ သောကအပူတို့အေး ငြိမ်းရာ တရားဓမ္မအစစ်အမှန်ကို ဤတန်ဆောင်မုန်း လအခါသမယတွင် ဗုဒ္ဓဘုရားရှင်ထံမှ နာကြားခွင့်ရခဲ့ သည်။ အာဏာဇောပြင်းထန်၍ အဖကိုပင်လုပ်ကြံ သတ်ဖြတ်ရန်ဝန်မလေးခဲ့သော အဖသတ်မင်း အဇာ တသတ်ဘုရင်သည် ဗုဒ္ဓဘုရားရှင်၏အဆုံးအမဖြင့် တရာစစ်တရားမှန်ကိုတွေ့ရှိခဲ့ပြီး သောကအပူတို့ အေးငြိမ်းခဲ့ရသည်။

          လူအပေါင်းတို့မှာ ပုထုဇဉ်များဖြစ်သည်နှင့် အညီ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတို့မကင်း နိုင်ကြ။ လောဘ၏နောက်သို့လိုက်ပြီး အမှားများကျူး လွန်မိတတ်ကြသည်။ အမှားနှင့်အမှန်၊ ဓမ္မနှင့်အဓမ္မခွဲခြားဆင်နိုင်စွမ်းနည်းပါးမိတတ်ကြသည်။ သို့ရာတွင် ဘာသာတရား၏အဆုံးအမကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူများကား တရားသဘောနှင့်ဆင်ခြင် နိုင်ကြသည်။ အမှားကိုပြင်ဆင်နိုင်ကြသည်။ တန်ဆောင်မုန်းလအခါသမယတွင် ဘာသာတရားနှင့် ယှဉ်သော ဗုဒ္ဓ၏အဆုံးအမကြောင့် ဓမ္မနှင့်အဓမ္မတို့၏အားပြိုင်မှုတွင် ဓမ္မကအနိုင်ရခဲ့သည့်ဖြစ်စဉ်မှာ စဉ်းစားတွေးခေါ်တတ်သူများအဖို့ ယူတတ်လျှင်ရယူနိုင်သော သင်ခန်းစာများပင်ဖြစ်သည်။   


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သန်လျင်၌ ဆီဘောက်ဆာကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
ရန်ကုန်မြို့၊ သီရိရတနာကားဝန်းရှိ ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
19 Nov 2024
သေနတ်၊ဓားကိုင်ဆောင်ထားသည့်အဖွဲ့က အမျိုးသမီး(၂)ဦးနှင့် အမျိုးသားတစ်ဦးကို ဓားဖြင့်ရက်စက်စွာခုတ်ထစ်သတ်ဖြတ်နေသည့် ရုပ်သံဖိုင်ထွက်ပေါ်
19 Nov 2024
သန်လျင်၌ ဆီဘောက်ဆာကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား
19 Nov 2024
အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သည့် ဘဝင်ချမ်းမြ တန်ဆောင်မုန်းလ
19 Nov 2024
လုပ်ကြံခံရမှုကနေ (၂)ကြိမ်လွတ်မြောက်ခဲ့ပြီးနောက် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်အကြောင်း တစေ့တ စောင်း
19 Nov 2024
အမေရိကန်၏ Burma Act သည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ဟု ပါတီအချို့ ရှုမြင်
19 Nov 2024
BBC Burmese၊ Khit Thit မီဒီယာတို့၏ (၂၁-၉-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄) ရက်အထိ သတင်းထုတ်လွှင့်မှုများအပေါ် စစ်တမ်းပြုစုသုံးသပ်ခြင်း
19 Nov 2024
မိုးကုတ်၌ ဟိုတယ်၊ ယာဉ်ယန္တရားများအတွက် TNLA အဖွဲ့က လက်နက်ပြ၍ အခွန်အတင်းအကျပ်တောင်းခံနေ
19 Nov 2024
မန္တလေးမြို့တွင် အစိုးရဝန်ထမ်းအယောင်ဆောင်ကာ လက်နက်ပြ၍ ဆိုင်ကယ်လုယက်သူ (၃)ဦးကို ဖမ်းမိ
18 Nov 2024
တာမွေမြို့နယ်ရှိ ဘုန်ကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
18 Nov 2024
မဏိပူရပြည်နယ်မှာ လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ (၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
18 Nov 2024
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ပေးအပ်
18 Nov 2024
ရန်ကုန် ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေး အကျပိုင်းဖြင့်ဈေးကွက်အေးနေ
18 Nov 2024
ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး သည်းခံပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ပြော
18 Nov 2024
အမေရိကန်အစိုးရက ရုရှားပိုင်နက်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုပေး
18 Nov 2024
အမရပူရမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ငွေလုယက်မှုဖြစ်ပွား
18 Nov 2024
အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုမည့် ICC ရှေ့နေချုပ် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံရ
18 Nov 2024
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို အုပ်စုဖွဲ၍ အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်သွားမှု ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွား
18 Nov 2024
ရွှေဘိုမြို့နယ်တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ
18 Nov 2024
အမ်းတိုက်ပွဲတွင် အထိနာနေသော AA တို့ “အကြံကုန် ဂဠုန်ဆားချက်” လုပ်လာ
18 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved