Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်၏ Burma Act သည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ဟု ပါတီအချို့ ရှုမြင်

မြူနစ် (NSS) - နိုဝင်ဘာ ၁၉

အမေရိကန်နိုင်ငံ၏ Burma Act ဥပဒေသည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ကြောင်း နိုင်ငံရေးပါတီအချို့က ရှုမြင်နေကြသည်။


သမ္မတဘိုင်ဒန်လက်ထက် (၂၀၂၂) ခုနှစ်တွင် အမေရိကန်အမျိုးသားကွယ်ရေး လုပ်ပိုင်ခွင့်အက် ဥပဒေ(NDAA)၌ မြန်မာ့အရေးနှင့်ပတ်သက်၍ အစိတ်အပိုင်းတစ်ရပ်အနေဖြင့်  Burma Act ကို ထည့်သွင်းကာ ပြန်လည်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

Burma Act အရ မြန်မာနိုင်ငံခေါင်းစဉ်ဖြင့် ပြီးခဲ့သော(၂၀၂၃ )ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၃၆)သန်း ထောက်ပံ့ခဲ့သကဲ့သို့ ယခု (၂၀၂၄) ခုနှစ်တွင် လည်း အမေရိကန်ဒေါ်လာ (၁၂၁) သန်းထက်မနည်း ထောက်ပံ့ရန် လျာထားမှုများရှိခဲ့ကြောင်း သိရသည်။

အထက်ပါကဲ့သို့သော ထောက်ပံ့ငွေများသည် နစကအစိုးရ၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းများဖြစ်သော NUG ၊CRPH အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ အဓိကရောက်ရှိ ကြောင်းသိရပြီး လက်နက်မဟုတ်သည့် နည်းပညာ အကူအညီများဖြစ်သာကြောင်း ပြောဆိုနေကြသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံကို ဘိုင်ဒန်အစိုးရ၏ ပြိုင်ဘက် သမ္မတထရမ့်က ပြန်လည် ဦးဆောင်တော့မည်ဖြစ်၍ Burma Act ကို ဆက်လက်အတည်ပြု ဖွယ်ရှိ၊ မရှိကို နိုင်ငံရေးအသိုင်းအဝိုင်းဘက်က စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ “အမေရိကန်မှာလည်း ဘိုင်ဒန်အစိုးရရှုံးပြီးတော့ ထရမ့်အစိုးရတက် လာတဲ့အခါမှာ Burma Act ဆိုတဲ့ဟာကို ထရမ့်က ဆက်လုပ်မလား။ ဒါကို ကျွန်တော်တို့ကတော့ စဉ်းစား ရတော့မယ်။ Burma Act ကြောင့် သူတို့က ကျွန်တော်တို့နိုင်ငံကို ပိုက်ဆံတွေ ထောက်ပံ့နေတာလေ။ အများစုထောက်ပံ့တာက ဒီတိုင်းရင်းသားဒေသတွေ မှာပဲ။ Burma Act ဆိုတာက ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ တကယ်ဒုက္ခရောက်နေတဲ့ သူတွေကို ပေးတာမှမဟုတ်တာ။ စစ်ပွဲတွေ ဖြစ်နေတဲ့ နေရာကို မီးမွှေးသလိုပဲ ရေနံလိုက်လောင်းနေတဲ့ ဟာပဲလေ။ ဓာတ်ဆီလိုက်လောင်းနေတဲ့ဟာပဲ။ မီး ဟုန်းဟုန်းတောက်ရုံပဲ ရှိတယ်လေ” ဟု ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌဦးရန်နိုင်ဝင်းက NSS ကို ပြောသည်။

နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် Burma Act အရ ငွေကြေးတစ်စုံတစ်ရာ ရရှိနေသည့် အတွက်သာ တိုက်နေခြင်းမျိုးဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောသည်။ “Burma Act ဥပဒေကို အမေရိကန်မှာ ဘိုင်ဒန်အစိုးရတုန်းက ပြဋ္ဌာန်း လိုက်တယ်။ ကျွန်တော်တို့ ဒီဘက်မှာ ဒေါ်လာ သန်းနဲ့ချီပြီးတော့ ချပေးတယ်။ နိုင်ငံတကာက ထောက်ပံ့မှုအားလုံးသည် တကယ်တမ်း ကျွန်တော်တို့ နိုင်ငံအပေါ် စေတနာရှိမယ်ဆိုရင် ပြည်သူတွေကို တိုက်ရိုက်ပေးနိုင်တဲ့ဟာတွေကို ပေးရမှာဗျ။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုပဲ ပေးနေတော့ သူတို့ကလည်း ဒီငွေနဲ့၊ ဘိန်းငွေနဲ့ တိုက်ပွဲဖြစ် လာတာဗျ။ ဒီလိုမျိုးသာ ဘေးနားကနေ မမြှောက် ပေးဘူးဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေလည်း သိတာပေါ့လေ။ ရမှန်းသိလို့ တိုက်ပွဲတိုက်တာဗျ။ မရဘူးဆိုရင် သူတိုက်စရာကို အကြောင်းမရှိဘူး” ဟု ၄င်းကသုံးသပ်ထားသည်။

အမေရိကန်၏ Burma Act အရ ရရှိသည့် ငွေ ကြေးများသည် NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ အဓိက စီးဆင်းနေလျက်ရှိကြောင်း သုံးသပ်နေကြသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ဒုဥက္ကဋ္ဌ ဦးခိုင်မင်းကလည်း Burma Act သည် မြန်မာနိုင်ငံအတွင်းရှိ အကြမ်း ဖက်သမားများကို အားပေးကူညီထောက်ပံ့နေခြင်း သာဖြစ်ကြောင်း ရှုမြင်ထားသည်။

“အမေရိကန်က Burma Act ထုတ်ပြီးတော့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို ထောက်ပံ့မယ် ဆိုတဲ့ဟာက စစ်ရေးမဟုတ်တဲ့ အကူအညီတွေကို ထောက်ပံ့မယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ စကားက အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ သဘော ထားက ကျွန်တော်တို့ တိုင်းပြည်အပေါ်မှာ ဘယ်တုန်းကမှ ကောင်းခဲ့တာမျိုး မရှိဘူးလေ။ အဲဒီ တော့ ဒီ Burma Act ဆိုတာကလည်း ကျွန်တော်တို့ တိုင်းပြည်ကို ဒုက္ခပေးဖို့ သူတို့လုပ်တဲ့ လုပ်ရပ်ပေါင်း များစွာထဲက တစ်ခု။ ဒီဟာက ကျွန်တော်တို့အတွက် အကျိုးမရှိတဲ့ကိစ္စပဲ။ အဓိကတော့ Burma Act ဆိုတာကို ရှင်းရှင်းလင်း လင်းပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကြမ်း ဖက်သမားတွေကို အားပေးကူညီထောက်ပံ့တဲ့ ဟာပဲ။ မိတ်ဆွေကောင်းတွေ လုပ်ရမယ့်အလုပ်မျိုး မဟုတ်ဘူး။ သူခိုးကို ဓားရိုးကမ်းတဲ့ အလုပ်ပဲ” ဟု ဦးခိုင်မင်းက ပြောသည်။

မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာ ရယူခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ ဒေသအများအပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ပြီး ယခုအချိန်ထိပါ နိုင်ငံပျက်စီးသွားနိုင်သည့် တိုက်ပွဲများဆီသို့ ဦးတည်နေဆဲဖြစ်သည်။         

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လုပ်ကြံခံရမှုကနေ (၂)ကြိမ်လွတ်မြောက်ခဲ့ပြီးနောက် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်အကြောင်း တစေ့တ စောင်း

RECENT POSTS
အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သည့် ဘဝင်ချမ်းမြ တန်ဆောင်မုန်းလ
19 Nov 2024
လုပ်ကြံခံရမှုကနေ (၂)ကြိမ်လွတ်မြောက်ခဲ့ပြီးနောက် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်အကြောင်း တစေ့တ စောင်း
19 Nov 2024
အမေရိကန်၏ Burma Act သည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ဟု ပါတီအချို့ ရှုမြင်
19 Nov 2024
BBC Burmese၊ Khit Thit မီဒီယာတို့၏ (၂၁-၉-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄) ရက်အထိ သတင်းထုတ်လွှင့်မှုများအပေါ် စစ်တမ်းပြုစုသုံးသပ်ခြင်း
19 Nov 2024
မိုးကုတ်၌ ဟိုတယ်၊ ယာဉ်ယန္တရားများအတွက် TNLA အဖွဲ့က လက်နက်ပြ၍ အခွန်အတင်းအကျပ်တောင်းခံနေ
19 Nov 2024
မန္တလေးမြို့တွင် အစိုးရဝန်ထမ်းအယောင်ဆောင်ကာ လက်နက်ပြ၍ ဆိုင်ကယ်လုယက်သူ (၃)ဦးကို ဖမ်းမိ
18 Nov 2024
တာမွေမြို့နယ်ရှိ ဘုန်ကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
18 Nov 2024
မဏိပူရပြည်နယ်မှာ လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ (၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
18 Nov 2024
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ပေးအပ်
18 Nov 2024
ရန်ကုန် ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေး အကျပိုင်းဖြင့်ဈေးကွက်အေးနေ
18 Nov 2024
ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး သည်းခံပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ပြော
18 Nov 2024
အမေရိကန်အစိုးရက ရုရှားပိုင်နက်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုပေး
18 Nov 2024
အမရပူရမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ငွေလုယက်မှုဖြစ်ပွား
18 Nov 2024
အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုမည့် ICC ရှေ့နေချုပ် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံရ
18 Nov 2024
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို အုပ်စုဖွဲ၍ အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်သွားမှု ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွား
18 Nov 2024
ရွှေဘိုမြို့နယ်တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ
18 Nov 2024
အမ်းတိုက်ပွဲတွင် အထိနာနေသော AA တို့ “အကြံကုန် ဂဠုန်ဆားချက်” လုပ်လာ
18 Nov 2024
ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေလောကသားတို့အတွက် အထူးရက်သတ္တပတ်စပြီ
18 Nov 2024
ကွဲပြားသောဗိသုကာပညာနှင့် နော်ဒစ်အစားအစာတို့ကြောင့် နာမည်ကျော်ကြားတဲ့ ဖင်လန်မြို့တော် ဟယ်လ်စင်ကီအကြောင်း
15 Nov 2024
အမေရိကန်၏ လက်နက်အရောင်းအဝယ် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများအတွက် လောင်စာ
15 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved