လုပ်ကြံခံရမှုကနေ (၂)ကြိမ်လွတ်မြောက်ခဲ့ပြီးနောက် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်အကြောင်း တစေ့တ စောင်း
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၉
နိုဝင်ဘာလ (၅)ရက်ကကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းဖြစ်သူ ဒေါ်နယ်ထရမ့်ဟာ အဓိကပြိုင် ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကမ်မလာဟားရစ်ကိုအနိုင်ရကာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ (၂၀၁၆)ခုနှစ်ကနေ (၂၀၂၀) ပြည့်နှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးပြီး (၂၀၂၄) ခုနှစ် ရွေးကောက်ပွဲမှာ တစ်ကျော့ပြန် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးချယ်ရေး ပြည်နယ် အထူးကိုယ်စား လှယ်မဲ စုစုပေါင်း (၅၃၈)မဲမှာ အနိုင်ရဖို့ အနည်းဆုံး (၂၇၀) ရဖို့လိုအပ်တဲ့ မဲအရေ အတွက်ထက် ပိုမိုရရှိခဲ့ပြီး မဲအရေအတွက် (၃၁၂)မဲ ရရှိခဲ့ကာ ပြိုင်ဘက်ဖြစ်သူ ကမ်မလာဟားရစ်ကတော့ (၂၂၆)မဲသာရရှိခဲ့ပါတယ်။ ပြည်သူအားလုံးရဲ့ ဆန္ဒမဲ အရေတွက် (၇၃)သန်းနီးပါးရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ကမ်မလာဟားရစ်ကတော့ (၆၇) သန်းကျော် ရရှိခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ (၂၀၂၄)ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ကြိုးပမ်းရာမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အပြင် ရွေးကောက်ပွဲမဝင်နိုင် အောင် ပိတ်ပင်တားဆီးမှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပေ မယ့် ရွေးကောက်ပွဲမှာအနိုင်ရအောင် စွမ်းဆောင်ပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲကိုပါဝင်ယှဉ် ပြိုင်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတည်း က အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေဟာ ၎င်းရဲ့အိမ်ကို စီးနင်းရှာဖွေတာတွေလုပ်ဆောင်ခဲ့တဲ့အပြင် ရွေးကောက်ပွဲမဝင်နိုင်အောင် ရာဇဝတ်မှုတွေ တသီတတန်းကြီးနဲ့ စွဲချက်တွေကို ဆက်တိုက်ရင်ဆိုင် ခဲ့ရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံး ရေးကာလအတွင်းမှာလည်း လုပ်ကြံခံရမှု နှစ်ကြိမ်ရင် ဆိုင်ခဲ့ရပြီး အသက်ရှင်လွတ်မြောက်ခဲ့ရပါတယ်။ တကယ်တော့ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက် ပွဲမယှဉ်ပြိုင်ခင်အချိန်တုန်းကဆိုရင် ခပ်ြွကားြွကား နေတတ်တဲ့ ဘီလျံနာတစ်ဦးဖြစ်ခဲ့ပြီး (၂၀၁၆)ခုနှစ် မတိုင်မီ ဆယ်စုနှစ်ပေါင်းများစွာမှာ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် နယူးရော့ခ် အိမ်ခြံမြေလုပ်ငန်းရှင်ကြီးအဖြစ် ရှင်သန်နေထိုင်ခဲ့သူဖြစ်ပါတယ်။
(၁၉၄၆)ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ နယူးရော့ခ် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး ဖရက် ထရမ့်ရဲ့ သားတစ်ယောက်ဖြစ်ပြီး ထရမ့်ဟာ သူ့မိသား စုရဲ့စီးပွားရေးကို (၁၉၇၁) မှာ အမွေ ဆက်ခံခဲ့သူဖြစ်ပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ မိဘကချမ်းသာပေမယ့် သူ့အဖေကုမ္ပဏီမှာ အောက်ခြေဝန်ထမ်းအဆင့်ကနေ သူစပြီးလုပ်ရမယ်လို့ ရည်မှန်းချက်ရှိခဲ့သူဖြစ်သူ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကျောင်းတက်ချိန်မှာ ကျောင်းမှာ စည်းကမ်းဖောက်တာတွေကြောင့် အ သက်(၁၃)နှစ်အရွယ်မှာ စစ်အကယ်ဒမီကျောင်းကို အပို့ခံရသူလည်းဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် ဝါတန်စကူးလ်ကနေ ဘွဲ့တစ်ခုရပြီးတဲ့ နောက်ပိုင်း သူ့အစ်ကိုဖရက်ကလည်း လေယာဉ်မှူး ဘဝကိုရွေးချယ်ခဲ့တာကြောင့် ဒေါ်နယ်ထရမ့်ဟာ သူ့ ဖခင်အရိုက်အရာကိုဆက်ခံပြီး မိသားစုလုပ်ငန်းကို ဦးစီးလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ ကုမ္ပဏီအလုပ်ကိုမဝင်ခင် ဖခင်ဆီကနေ "ငွေနည်းနည်း လောက်"(ဒေါ်လာတစ်သန်းလောက်)ချေးပြီး အိမ်ခြံမြေလုပ်ငန်းကို လုပ်ခဲ့ဖူးတယ်"လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သူ့အဖေလုပ်နေတဲ့ နယူး ရော့ခ်စီးတီးရပ်ကွက်တွေက လူနေအိမ်ရာ စီမံကိန်း အများအပြားကို သူ ပါဝင်ကူညီစီမံပေးခဲ့ပြီး (၁၉၇၁) မှာ ဖခင်ဖြစ်သူရဲ့ကုမ္ပဏီကို လွှဲပြောင်းယူခဲ့ကာ ကုမ္ပဏီနာမည်ကိုလည်း ထရမ့်အဖွဲ့အစည်း (Trump Organization)လို့ အမည်သစ်မှည့်ခေါ်ခဲ့ ပါတယ်။ ဒေါ်နယ်ထရမ့် လွှဲပြောင်းတာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ဖခင်ဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာခဲ့ပြီး ဘရွတ်ကလင်းနဲ့ကွင်းစ်က လူနေ အိမ်ရာလုပ်ငန်းကနေ မန်ဟက်တန်က တန်ဖိုးကြီး အိမ်ရာစီမံကိန်းတွေအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ပါ တယ်။ ကျော်ကြားတဲ့ (၅)ခုမြောက် ရိပ်သာအ ဆောက်အအုံဟာ ထရမ့်မိုးမျှော်တိုက်(Trump Tower) ဖြစ်လာပြီး အဲဒီမိုးမျှော်တိုက်ဟာ ထရမ့်ရဲ့ နာမည်အကျော်ဆုံး အဆောက်အအုံဖြစ်ခဲ့သလို သူ့ အိမ်အဖြစ်လည်း နှစ်ပေါင်းအတော်ကြာရှိနေခဲ့ပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ စီးပွားကျနေတဲ့ ကွန်မင်ဒါ ဟိုတယ်ကို ပြန်မွမ်းမံပြီး ဂရန်းဟားရက် (Grand Hyatt) ဟိုတယ်အဖြစ်လုပ်လိုက်တာဖြစ်ပါတယ်။ ထရမ့်အမှတ်တံဆိပ်နာမည်နဲ့ ကာစီနိုတွေ၊ ကွန်ဒို တိုက်တွေ၊ ဂေါက်ကွင်းတွေ၊ ဟိုတယ်တွေကို အတ္တ လန္တိတ်စီးတီး၊ ချီကာဂို၊ လပ်စ်ဗေးဂတ်စ်တို့မှာသာ မက အိန္ဒိယ၊ တူရကီ၊ ဖိလစ်ပိုင်နိုင်ငံတွေအထိ လုပ်ငန်းချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဖျော်ဖြေ ရေးလုပ်ငန်းမှာလည်း ကြယ်တစ်ပွင့်ဖြစ်လာခဲ့ပြီး မယ်စကြဝဠာ၊ မစ္စအမေရိကန်၊ မစ္စ ဆယ်ကျော်သက် အမေရိကန် အလှမယ်ပွဲတွေကို ဦးစီးကျင်းပပေးသူအ ဖြစ်နဲ့စတင်ခဲ့ရာကနေ အန်ဘီစီရုပ်သံလိုင်းကလွှင့်တဲ့ ဘဝဇာတ်စုံ အပိုင်းလိုက်တင်ဆက်မှု အလုပ်သင်အစီ အစဉ်မှာ အဓိကတင်ဆက်သူ လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ အန်ဘီစီ ရုပ်သံအစီအစဉ်တွေမှာ ရာသီပေါင်း (၁၄) ရာသီအထိ တင်ဆက်ခဲ့သလို တချို့အစီအစဉ်တွေမှာ သူ့ကလေးတွေကိုလည်း ပါဝင်သရုပ်ဆောင်စေခဲ့ဖူးသူ ဖြစ်ပါတယ်။ ထရမ့်ဟာ စာအုပ်များစွာကိုရေးခဲ့ဖူးသ လို ရုပ်ရှင်တွေနဲ့နပန်းပွဲ မြှင့်တင်ရေးအစီအစဉ်တွေ မှာလည်း ပါဖူးပါတယ်။ စီးပွားရေးမှာလည်း အဖျော်ယ မကာကအစ နက်ခ်တိုင်လည်စည်းအထိ ရောင်းပါ တယ်။ ဒါပေမဲ့ သူ့ပိုင်ဆိုင်မှု ဓနပမာဏက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာလျော့ကျခဲ့ပြီး အခုလောလောဆယ် ဒေါ်လာ (၄) ဘီလျံဝန်းကျင်လောက် ပိုင်ဆိုင်တယ် လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။ ဒေါ် နယ်ထရမ့်ဟာ တရားဝင်ဇနီး သုံးဦးရှိခဲ့ဖူးပြီး ချက်အားကစားမယ်လည်းဖြစ်၊ မော်ဒယ်တစ်ယောက် လည်းဖြစ်တဲ့ အိုင်ဗင်နာဇယ်နစ်ခ်ကိုဗာဟာ ဒေါ်နယ် ထရမ့်ရဲ့ပထမဇနီးဖြစ်ပြီး သူ့ဇနီးတွေထဲ နာမည်အ ကြီးဆုံးလို့လည်း ဆိုနိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အိုင်ဗင်နာနဲ့ ပေါင်းသင်းချိန်အတွင်း ကလေး (၃) ယောက်ရခဲ့ပြီး (၁၉၉၀) မှာ သူတို့နှစ်ယောက် ကွာ ရှင်းခဲ့ကြပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရုပ်ရှင်မင်းသမီး မာလာမေပယ်လ်နဲ့ (၁၉၉၃)မှာလက်ထပ်ပါတယ်။ လက်ထပ်ပြီးနောက် နှစ်လလောက်ကြာတော့ သူတို့ ရဲ့ကလေး တက်ဖနီကိုမွေးပါတယ်။ သူတို့ (၂) ယောက် (၁၉၉၉)မှာ ပြတ်စဲကြပါတယ်။ ဒေါ်နယ်ထ ရမ့်ဟာ ဆလိုဗေးနီးယား အလှမော်ဒယ် မယ်လန်နီ ယာကနုစ်နဲ့ (၂၀ဝ၅)ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး ဘာ ရွန်ဝီလျံထရမ့်လို့အမည်ရတဲ့ သားတစ်ယောက် ရှိနေကာ လက်ရှိအချိန်အထိ ပေါင်းသင်းနေဆဲဖြစ်ပါ တယ်။ နိုင်ငံရေးလောကထဲကိုဝင်ရောက်လာပြီး နောက်ပိုင်းမှာတော့ သူဟာ လိင်ပိုင်းဆိုင်ရာမတော် တလျော်တွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အိမ် ထောင်ရေးဖောက်ပြန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင် ဆိုင်ခဲ့ရဖူးပြီး တရားစွဲခံရတာတွေလည်း ရင်ဆိုင်ခဲ့ ရပါတယ်။ အသက် (၃၄)နှစ်အရွယ် (၁၉၈၀) တုန်း က အင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး "နိုင်ငံရေးလုပ်တဲ့သူတွေက အလယ်အလတ်တန်းလောက်သာရှိတဲ့လူတွေ"လို့ ပြောခဲ့သလို "စွမ်းဆောင်ရည်အရှိဆုံးလူတွေ"ဟာ နိုင်ငံရေးလုပ်မယ့်အစား စီးပွားရေးကမ္ဘာကိုရွေးခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ (၁၉၈၇) လောက်မှာတော့ သမ္မတ ဝင်ပြိုင်ရင်ကောင်းမလားလို့ ရယ်ရွှန်းပတ်ရွှန်းနဲ့ သူစပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးပါတီ (Reform Party)ဝင်အနေနဲ့ (၂၀ဝဝ)ပြည့်နှစ်မှာ သမ္မတလောင်းရွေးပွဲထဲ ခဏတာပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး (၂၀၁၂)မှာတော့ ရီပတ်ဘလီကန်ပါတီကနေ ဝင်ပြိုင်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ (၂၀၁၅) ဇွန်လကျမှ သူ အိမ်ဖြူတော်ခရီးအတွက်ဝင်ပြိုင်တော့မယ်လို့ တရား ဝင်ကြေညာခဲ့ပြီး အမေရိကန်အိပ်မက်ဟာ သေဆုံး နေပြီလို့ဆိုကာ "ပိုကြီးကျယ်ပြီး ပိုကောင်းတဲ့ အမေရိ ကန်အိပ်မက်ကို ပြန်ယူကြစို့"လို့ ကတိပြုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သူရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ သူ့ စီးပွားရေးတွေကို ထုတ်ကြွားတတ်ပြီး သူပြောတဲ့ သူ့ မိန့်ခွန်းတွေအထဲမှာ မက္ကဆီကိုဟာ အမေရိကန်ကို မူးယစ်ဆေးဝါးတွေ၊ ရာဇဝတ်ကောင်တွေ၊ မုဒိမ်းသမားတွေကိုပို့နေတာလို့စွပ်စွဲကာ နယ်စပ်မှာ တံတိုင်း ဆောက်မယ်ဆိုတဲ့အချက်တွေ၊ အဲဒီတံတိုင်းဆောက် ခကို မက္ကဆီကိုကပေးအောင် သူလုပ်မယ်ဆိုတဲ့အ ချက်တွေကို ကတိပေးပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။ အငြင်းအခုံဖြစ်စရာစကားတွေကို စင်မြင့်ကပြောရင်း၊ အငြင်းပွားစရာပေါ်လစီတွေကိုချပြရင်း သူ့ကို ချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှု၊ စိတ်ဝင် စားမှု အပြည့်အဝရအောင် ကြိုးပမ်းနိုင်ခဲ့သူလို့လည်း ဆိုကြပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ "အမေရိကန်ကို ပြန်ကြီး ကျယ်အောင်လုပ်ကြစို့ ကြွေးကြော်သံနဲ့အတူ ရီပတ်ဘလီကန်အတွင်းက သူ့ပြိုင်ဘက်တွေကို အနိုင်ရခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်ဘဝကနေ (၂၀၁၆)ခုနှစ် အမေရိကန်ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ ဟီလာရီကလင်တန်ကို အနိုင်ရအောင်စွမ်းဆောင်ပြခဲ့ဖူး ပါတယ်။ (၂၀၁၇) ခုနှစ် ဇန်နဝါရီ(၂၀)ရက်မှာ အမေရိကန်နိုင်ငံရဲ့ (၄၅)ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သမ္မတအဖြစ်တာဝန်ယူတဲ့ ပထမသက်တမ်းအတွင်းမှာ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းတွေ၊ ကုန်သွယ်မှုဆိုင်ရာ အရေးကြီး စာချုပ်တွေထဲကနေ နုတ်ထွက်မှု၊ မွတ်စလင်နိုင်ငံ ကြီး(၇)နိုင်ငံကခရီးသွားတွေကို အမေရိကန်ကိုမလာ ဖို့ ပိတ်ပင်မှု၊ ပြည်ဝင်ခွင့်နဲ့ပတ်သက်ပြီး နောက်ထပ်တင်းကြပ်တဲ့ဥပဒေတွေကို ထုတ်ပြန်မှု၊ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမှု၊ အခွန်တွေကို စံချိန် တင်ဖြတ်တောက်မှု အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပုံစံပြောင်းပစ်မှု စတာတွေကို သူလုပ် ဆောင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောဟန်ဆိုဟန်၊ နဲ့ လုပ်နည်းလုပ်ဟန်တွေဟာ ကမ္ဘာမှာ လူစိတ်ဝင် စားမှုအများဆုံးရရှိခဲ့ဖူးပြီး လူအများထင်မထားတာတွေ လုပ်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ဒုတိယ အကြိမ်တာဝန်ယူချိန်မှာ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့ နိုင်ငံတွေအတွက် ဘာတွေလုပ်ဆောင်ပြမလဲဆိုတာစိတ်ဝင်စားနေပြီး အထူးသဖြင့် ကမ္ဘာတစ်ဝန်းမှာဖြစ် ပွားနေတဲ့စစ်ပွဲတွေကို အဆုံးသတ်အောင် လက်တွေ့ စွမ်းဆောင်ပြနိုင်မလားဆိုတာ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သည့် ဘဝင်ချမ်းမြ တန်ဆောင်မုန်းလ
RELATED POSTS
19 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
19 Nov 2024 | ဆောင်းပါး,ပြည်တွင်း
18 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
18 Nov 2024 | ဆောင်းပါး,ပြည်တွင်း