Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနာဂတ်အာကာသစစ်ပွဲများကို ဥပဒေမူဘောင်များဖြင့် ချိန်ထိုးသုံးသပ်ကြည့်တဲ့အခါ (ဘာသာပြန်ဆောင်းပါး)

ALynn (NSS) - ဇူလိုင် ၂၄

ယခုလို နည်းပညာများ လက်လှမ်းမမီနိုင်အောင် တိုးတက်နေသော ခေတ်ကြီးထဲမှာ အာကာသစစ်ပွဲများကလည်း ကျွန်ုပ်တို့အပေါ်တည့်တည့်သို့ တဖြည်းဖြည်း ရောက်လုနီးဖြစ်လာပြီဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံတော်တော်များများက အရပ်ဘက်အာကာသစူးစမ်း လေ့လာရေးအပြင် အာကာသ၏ စစ်ဘက်ဆိုင်ရာနယ်ပယ်များတွင်ပါ ရင်းနှီးမြှုပ်နှံမှုများ မခန့်မှန်းနိုင်အောင် ပြုလုပ်လာကြသည့်အတွက် အာကာသအတွင်း ပဋိပက္ခဖြစ်နိုင်ခြေ အန္တရာယ်များ တစ်နေ့တခြား တိုးမြင့်လာခဲ့ပါတယ်။ လူသားမျိုးနွယ်သည် စကြဝဠာအတွင်းသို့ ဖြန့်ကျက် ရောက်ရှိလာသည်နှင့်အမျှ တစ်ချိန်က ငြိမ်းချမ်းသော အာကာသနယ်မြေသည် ဗျူဟာမြောက် ပြိုင်ဆိုင်မှုနှင့် ပဋိပက္ခများအတွက် အလားအလာရှိသောနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ထိုကဲ့သို့ အာကာသအတွင်း စစ်ရေးနယ်ပယ်ချဲ့ထွင်လာခြင်းကြောင့် နိုင်ငံတော်ကာကွယ်ရေးနှင့် မဟာဗျူဟာအကျိုးစီးပွားများအတွက် အာကာသသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အာကာသကို စစ်အင်အား ဖြန့်ကျက်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်းသည် နိုင်ငံများအတွက် စစ်နယ်ဝန်းပြောင်းလဲသတ်မှတ်လာခြင်း အမှတ်အသားဖြစ်ပါတယ်။ နေတိုး မဟာမိတ်အနေဖြင့် မြေ၊ ရေ၊ လေနှင့် ဆိုက်ဘာနယ်ပယ်တို့အပြင် အာကာသကိုပါ ပဉ္စမ မြောက်စစ်ဆင်ရေးနယ်ပယ်အဖြစ် ထည့်သွင်းလာခြင်းက သိသာ ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါတယ်။ ထို့ပြင် အမေရိကန်စစ်တပ်အတွင်း ဌာနခွဲအသစ် တစ်ခုအဖြစ် အမေရိကန် အာကာသတပ်ဖွဲ့ (USSF) ကို တည်ထောင်လိုက်ခြင်းက နိုင်ငံများကြားတွင် အာကာသစစ်ရေး နယ်ပယ်ချဲ့ထွင်ခြင်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်နိုင်မှုများ၊ တရားဥပဒေဆိုင်ရာ အငြင်းပွားဖွယ် ကိစ္စများကို ဖြစ်ပေါ်လာစေပါတယ်။ 

တရားဝင်သဘောတူညီချက်များ၊ စာချုပ်များဖြင့် ချည်နှောင်ထားခြင်းမရှိသည့်အတွက် နိုင်ငံများက အာကာသအတွင်း လက်နက်များကို အပြိုင်တပ်ဆင်လာကြပါတယ်။ အာကာသ အတွင်း စစ်ရေးခြိမ်းခြောက်မှုများက တဖြည်းဖြည်းတိုးမြင့်လာသော်လည်း အာကာသနယ်ပယ်နှင့် သင့်လျော်စပ်ဆိုင်သည့် စံနှုန်းသတ်မှတ်ချက်များနှင့် စည်းမျဉ်းများချမှတ်ဖို့ ခဲယဉ်းနေဆဲ ဖြစ်ပါတယ်။ ဤကဲ့သို့ အာကာသအတွင်း စစ်ရေးခြိမ်းခြောက်မှုများသည် ကုန်းတွင်းစစ်ပွဲများတွင် အစဉ်အလာအရ ကျင့်သုံးခဲ့သည့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အပေါ် ဥပဒေရေးရာစိန်ခေါ်မှုများပါ ရှိလာနိုင်ပါတယ်။ ယခုအခါ ကမ္ဘာမြေ၏ စစ်မြေပြင်များနှင့် အလွန်ကွာခြားသည့် အာကာသစစ်နယ်မြေတွင် IHL ၏ အခြေခံမူများဖြစ်သည့် မလိုလားအပ်သော ဆင်းရဲဒုက္ခများကို တားဆီးခြင်းကဲ့သို့သော စည်းမျဉ်းများက အစမ်းသပ်ခံ ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ခေတ် သစ်အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေများကသာ ယင်းအခြေအနေများနှင့် ပတ်သက်၍ သင့်လျော်သော လမ်းညွှန်သတ်မှတ်မှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ရပါတယ်။

အာကာသနှင့်စပ်လျဉ်း၍ အကျုံးဝင်ကျင့်သုံးနိုင်သော ယခင်ကချမှတ်ခဲ့သည့် ဥပဒေမူဘောင်အချို့

အာကာသရေးရာသဘောတူစာချုပ် (Outer Space Treaty) နှင့်ပတ်သက်၍ မူလဇစ်မြစ်ကို ရှာဖွေကြည့်သည့်အခါ ၁၉၆၆ ခုနှစ်၊ ဥပဒေရေးရာဆပ်ကော်မတီ၏ ဆွေးနွေး မှုများက စတင်သည်ဟု ဆိုရပါမယ်။ ထိုဆွေးနွေးပွဲများအပြီး အလားတူနှစ်တွင်ပင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် 2222 (XXI) ဖြင့် အဆိုပါသဘောတူစာချုပ်ကို အတည် ပြုခဲ့ပါတယ်။ ဤစာချုပ်သည် အာကာသစူးစမ်းလေ့လာရေးနှင့် အာကာသနယ်ပယ်ကို အသုံး ပြုရာတွင် နိုင်ငံများ၏ ပြုမူလှုပ်ရှားမှုများကို ထိန်းချုပ်သည့် တရားဥပဒေဆိုင်ရာ အခြေခံမူများ ကြေငြာစာတမ်းတွင် ပြဋ္ဌာန်းထားသော အခြေခံမူများကို ကိုးကားထားကာ အချို့သော ပြဋ္ဌာန်းချက်များကို ထပ်မံဖြည့်စွက်ထားခြင်းဖြစ်ပါတယ်။ အာကာသရေးရာသဘောတူစာချုပ်ကို ရုရှား၊ ယူကေနှင့် အမေရိကန် သုံးနိုင်ငံအစိုးရများက ၁၉၆၇ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ် ရေးထိုးခဲ့ပြီး အောက်တိုဘာလတွင် အသက်ဝင်လာခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) သည်လည်း ၎င်းစာချုပ်နှင့်ပတ်သက်၍ ၎င်း၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရည်မှန်းချက်များနှင့် ကိုက်ညီသော အာကာသဥပဒေဆိုင်ရာ စည်းမျဉ်းများ ပါဝင်လာအောင် မွမ်းမံခဲ့ပါတယ်။ ၎င်းစာချုပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို ပုံဖော်ရာတွင် ICRC ၏ အခန်းကဏ္ဍက ထင်ရှားသည်ဟု ဆိုရပါမယ်။ ဤဆုံးဖြတ်ချက်သည် အာကာသဆိုင်ရာ ခြိမ်းခြောက်မှုများကို တားဆီးရန် ရည်ရွယ်၍ အာကာသတွင် လုပ်ဆောင်သော အပြုအမူများအတွက် စံနှုန်းများ၊ စည်းမျဉ်းများနှင့် အခြေခံ မူဘောင်များ သတ်မှတ်ခြင်းဖြစ်ပါတယ်။ ထို့ပြင် အာကာသအတွင်း လက်နက်ပြိုင်ဆိုင်မှုကို တားဆီးခြင်းဆိုင်ရာ အထွေထွေညီလာခံ ဆုံးဖြတ် ချက်နှင့်အတူ ICRC ၏ ပူးပေါင်းမွမ်းမံမှု များကြောင့် အာကာသနယ်ပယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို တန်ဖိုးထားဖို့ အလေးပေးဖော်ပြခြင်းခံလာရပါတယ်။

IHL ပါ စည်းမျဉ်းများနှင့်အညီ ICRC ၏ ဓလေ့ထုံးတမ်းဆိုင်ရာ သတ်မှတ်ချက်များက လက်နက်များကို အဆင်ခြင်မဲ့ မလိုလားအပ်ပဲ ထိခိုက်ဒဏ်ရာရရှိအောင်၊ အလွန်အမင်း ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိအောင် အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။ ထိုတားမြစ်ချက် များသည် မြေပြင်တွင်ဖြစ်ပွားသော စစ်ပွဲများအတွက်သာမက အာကာသစစ်ရေးလှုပ်ရှားမှုများ အတွက်ပါ အကျုံးဝင်နေပါတယ်။ ထို့ပြင် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကွန်ဗင်းရှင်း (ENMOD) အရ ပုဒ်မ ၁ နှင့် ၂ တို့တွင် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များအတွက် စစ်လက်နက် သို့မဟုတ် အခြားသောရန်လိုသည့်နည်းလမ်းများကို အသုံးပြု ခြင်းအား တားမြစ်ထားပါတယ်။ ယင်းပုဒ်မများတွင် ပြဋ္ဌာန်းထားချက်များအရ ကမ္ဘာမြေနှင့် အာကာသ၏ သဘာဝဖြစ်စဉ်များကို ဆိုးဆိုးရွားရွားပြောင်းလဲပစ်နိုင်သည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များကို တားမြစ်ထားကြောင်း ဖော်ပြထားပါတယ်။ 

အာကာသဆိုင်ရာ ဥပဒေမူဘောင်များရှိပင်ရှိသော်ငြား စိန်ခေါ်မှုများကရှိနေဆဲ

အာကာသရေးရာသဘောတူစာချုပ်ပါပြဋ္ဌာန်းချက်များ၊ ICRC က မွမ်းမံထားသော စည်းမျဉ်းများကို တကယ့်လက်တွေ့ကမ္ဘာတွင် ဖြစ်ပျက်နေသော အာကာသဆိုင်ရာ အရေးကိစ္စ များတွင် ကျင့်သုံးရာ၌မူ စိန်ခေါ်မှုများစွာရှိလာပါတယ်။ အထူးသဖြင့် အာကာသဆိုင်ရာ စမ်းသပ်မှု ဖြစ်စဉ်များကို ထိန်းချုပ်ကန့်သတ်ရာတွင် လက်ရှိကျင့်သုံးနေသော ဥပဒေစံနှုန်းများက ကိုက်ညီ မှုရှိ/မရှိ သုံးသပ်ရသည်မှာ အကြပ်ရိုက်စရာဖြစ်လာပါတယ်။ ဥပမာအားဖြင့် တရုတ်သည် ၂၀၀၇ ခုနှစ်တွင် အာကာသအတွင်းရှိ ၎င်း၏အသုံးမပြုတော့သော မိုးလေဝသဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုဖျက်ဒုံးပျံ (ASAT) ဖြင့် ဖျက်ဆီးခဲ့ပါတယ်။ ၎င်းဖြစ်ရပ်က တရုတ်အစိုးရ၏ အာကာသဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားမှုကို ပြသနေသည်သာမက ထိုကဲ့သို့သော အာကာသ သုံးလက်နက်များ၏ အကျိုးဆက်ကြီးမားပုံကိုလည်း မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရပါတယ်။ တရုတ်က အသုံးပြုခဲ့သော ဂြိုဟ်တုဖျက်ဒုံးပျံ၏ ထိမှန်မှုကြောင့် အာကာသအတွင်း အကျိုးအပဲ့အစအနပေါင်း ၂ သန်း ကျော်လောက်ကိုဖြစ်စေခဲ့ပြီး ၎င်းအစအနတစ်ခုသည် ၁၀ စင်တီမီတာလောက်အထိ ကြီးမားကြောင်းသိရပါတယ်။ ထို့ပြင် ယင်းအစအနများက တစ်စက္ကန့်လျှင် ၃,၀၀၀- ၇,၆၀၀ မီတာ အရှိန်နှုန်းဖြင့် အာကာသအတွင်း လှည့်ပတ်နေခြင်းက အာကာသ၏ သဘာဝဖြစ်စဉ်များအပေါ် သိသိသာသာ အန္တရာယ်ရှိလာစေပါတယ်။ 

ထို့ကြောင့် တရုတ်၏ ၂၀၀၇ ခုနှစ် ASAT ဒုံးပျံစမ်းသပ်မှုသည် အာကာသလက်နက်များ၏ စွမ်းပကားကို ထင်သာသာမြင်သာရှိလာစေသည်သာမက အာကာသလက်နက်များနှင့်ပတ်သက်၍ လက်ရှိကျင့်သုံးနေသော အာကာသရေးရာသဘောတူစာချုပ်ပါပြဋ္ဌာန်းချက်များ၏ ဥပဒေဆိုင်ရာ ချွတ်ယွင်းချက်များ၊ အားနည်းချက်များကို မီးမောင်းထိုးပြနေပါတယ်။ ထို့ပြင် ၎င်းဖြစ်စဉ်တွင် အာကာသအကျိုးအပဲ့အချင်းချင်းပွတ်တိုက်မှုများကြောင့် Kessler Syndrome ဟုခေါ်သော ထာဝရအကျိုးအပဲ့အပျက်အစီးများဖြင့် လည်ပတ်နေသော အာကာသပြင်ကို ဖြစ်စေနိုင်ပါတယ်။ ထိုသို့သော အကျိုးဆက်များကြောင့် ASAT ဒုံးပျံများ အသုံးပြုခြင်းသည် အခြားသော အန္တရာယ် များကိုပါ ဖိတ်ခေါ်နေသလိုဖြစ်လာပါတယ်။ ဥပမာ- ၂၀၀၉ ခုနှစ်က အသုံးပြုခြင်းမရှိတော့သော ဆိုဗီယက်ခေတ်က လွှင့်တင်ထားသည့် Cosmos 2251 ဂြိုဟ်တုနှင့် Iridium ဆက်သွယ်ရေးသုံး ဂြိုဟ်တုအကြား တိုက်မိခြင်းဖြစ်စဉ်မှာ ၎င်း ASAT ဒုံးပျံများ၏ နောက်ဆက်တွဲ ဆိုးကျိုးများဟု မှတ်ယူနိုင်ပါတယ်။ 

လူသားကျင့်ဝတ်များကို ထည့်သွင်းစဉ်းစားကြည့်တဲ့အခါ

ယခုနောက်ပိုင်းတွင် ASAT ဒုံးပျံများကို အာကာသအတွင်းရှိဂြိုဟ်တုများကို ဖျက်ဆီး ဖို့အတွက် အသုံးပြုလာခြင်းသည် အာကာသအတွင်း စစ်ရေးလှုပ်ရှားမှုအဖြစ် သတ်မှတ်နိုင် ပါတယ်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ASAT လက်နက်များကို အသုံးပြုခြင်းသည် အာကာသအကျိုးအပဲ့များကို ဖြစ်စေပြီး နှစ်ပေါင်းကြာမြင့်လာသည်နှင့်အမျှ လူထုအကျိုးပြု ဂြိုဟ်တုများ (ဆက်သွယ်ရေးနှင့် မိုးလေဝသခန့်မှန်းချက်များအတွက်အသုံးပြုသော ဂြိုဟ်တုများ အစရှိသည်) အား ဝင်တိုက်မိခြင်းကဲ့သို့ အန္တရာယ်များကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ၎င်းအန္တရာယ်များ၏ ရလဒ်ကို IHL ဥပဒေရှုထောင့်က သုံးသပ်လျှင် လူသားမျိုးနွယ်အပေါ်  ကျူးလွန်ဖောက်ဖျက်ခြင်းများ ရှိလာတာကို တွေ့ရပါတယ်။ 

မိုးလေဝသဂြိုဟ်တုများပျက်စီးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များကို စီမံခန့်ခွဲဖို့ ပျက်ကွက်တာမျိုးတွေ၊ လူသားများအား အကာအကွယ်ပေးရေးအစီအမံများကို ကောင်းစွာ မခန့်ခွဲ နိုင်တာမျိုးတွေ ဖြစ်လာစေပါတယ်။ ဆက်သွယ်ရေးဂြိုဟ်တုများ ပျက်စီးစေခြင်းကလည်း လူသားများအတွက် အရေးပါသော ဆက်သွယ်ရေးများကို ပြတ်တောက်စေကာ အရေးပေါ်ကိစ္စ များတွင် အခက်ကြုံစေနိုင်ပါတယ်။ IHL ဥပဒေသည် လူသားမျိုးနွယ်စုအား ကာကွယ် စောင့်ရှောက်ခြင်းကို အမြင့်ဆုံးအလေးပေးထားရာ ထိုကဲ့သို့ လူသားမျိုးနွယ်ကို ထိခိုက်စေမည့် အာကာသအတွင်း လူသားအကျိုးပြုဂြိုဟ်တုများကို အာကာသလက်နက်အသုံးပြု ဖျက်ဆီးခြင်းက IHL ဥပဒေကို ချိုးဖောက်ရာရောက်သည်နှင့် အတူတူပဲ ဖြစ်ပါတယ်။ 

ထို့ပြင် အာကာသယာဉ်မှူးများသည်လည်း IHL ဥပဒေအရ အကာအကွယ်ပေးရမည့် လူသားများဖြစ်ပါတယ်။ အာကာသယာဉ်မှူးများသည် အာကာသအကျိုးအပဲ့များ ပွတ်တိုက်မှု၏ အန္တရာယ်ကို အများဆုံးရင်ဆိုင်ကြုံတွေ့ရနိုင်သည့် လူသားများဖြစ်ပါတယ်။ ထို့ကြောင့် IHL သည် အာကာသယာဉ်မှူးများ၏ ဘေးကင်းလုံခြုံမှုအပါအဝင် အာကာသအတွင်း လူသားဆိုင်ရာ စည်းမျဉ်းများနှင့်လည်း အကာအကွယ်ပြုထားပါတယ်။ 

အာကာသအတွင်း လှုပ်ရှားမှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် အာကာသဆိုင်ရာ သဘောတူစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများနှင့် ထိန်းချုပ်ကန့်သတ်ဖို့ စဉ်းစားနေကြသော်လည်း လက်တွေ့တွင်မူ အာကာသအတွင်း အသုံးပြု နိုင်သည့် စစ်လက်နက်စွမ်းရည်များမှာ နေ့စဉ်နှင့်အမျှ တိုးတက်လာသည်ဖြစ်ရာ ထိရောက်သည့် ထိန်းချုပ်ကန့်သတ်မှုကို ပြုလုပ်နိုင်မည့် ဥပဒေမူဘောင်များကို လိုအပ်ဆဲဖြစ်ပါတယ်။ နိုင်ငံများ အနေဖြင့် မိမိတို့အသိစိတ်ဖြင့် အာကာသလက်နက်များကို ထိန်းချုပ်ကန့်သတ်ရအောင်ကလဲ ခေတ်မီစက်မှုနိုင်ငံများအနေဖြင့် မြေ၊ ရေ၊ လေ သုံးလက်နက်ဆန်းမျိုးစုံကို တီထွင်သင့်သလောက် တီထွင်ပြီးပြီဖြစ်ရာ အာကာသသို့ချဲ့ထွင်ဖို့ပဲ ပိုစဉ်းစားလာကြပါတော့တယ်။ ထို့ကြောင့် မဝေးတော့သော အနာဂတ်တွင် အာကာသစစ်ပွဲများလည်း ဖြစ်ကောင်းဖြစ်လာနိုင်ရာ နိုင်ငံများ အနေဖြင့် လူသားမျိုးနွယ်စုကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မည့် ခေတ်မီ အာကာသဆိုင်ရာ ကန့်သတ်ချက်များ၊ စည်းမျဉ်းဥပဒေများကို တတ်နိုင်သမျှ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အသံကျယ်ကျယ် ထုတ်လာသည့် Global South (ဘာသာပြန်ဆောင်းပါး)

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved