Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အသံကျယ်ကျယ် ထုတ်လာသည့် Global South (ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး  (NSS) - ဇူလိုင် ၂၄

ဘရာဇီးလ်သမ္မတ လူလာသည် မကြာသေးမီအချိန်အတွင်းက ဂါဇာအရေးနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံရှိ ၎င်း၏ သံအမတ်အား ပြန်လည်ခေါ်ယူခဲ့သည်။ ဂါဇာအရေးနှင့်ပတ်သက်ပြီး အစ္စရေး နိုင်ငံ၏ အပြုအမူအား ဆန့်ကျင်ကြောင်း ပြသလိုက်ခြင်းဖြစ်ပြီး Global South ၏ ရပ်တည်ချက်အား ထုတ်ပြလိုက်ခြင်းလည်း ဖြစ်သည်။ 

ဖွံ့ဖြိုးဆဲနိုင်ငံများ စုဖွဲ့ထားသည့် Global South သည် ဂါဇာတွင် အစ္စရေးတို့ ဆင်နွှဲနေသည့် စစ်ပွဲအပါအဝင် ကမ္ဘာနိုင်ငံရေးရှိ ကိစ္စရပ်အတော်များများတွင် Global South ၏အသံကို လူသိရှင် ကြား ထုတ်ဖော်လာသည်။ Global South တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော တောင်အာဖရိက နိုင်ငံသည်လည်း ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် အစ္စရေးနိုင်ငံအား နိုင်ငံတကာတရားရုံး (International Court of Justice) တွင် တရားစွဲဆိုနိုင်ရေး ဦးဆောင်ကြိုးပမ်းမှု ပြုလုပ်နေသည်။  

Global South သည် အများစုဖြစ်ရာ ကမ္ဘာ့နိုင်ငံရေးတွင် ဆက်လက်ပြီး နှုတ်ဆိတ်နေခြင်း မရှိ တော့သည်ကို တွေ့ရှိလာရသည်။ အင်အားကြီးနိုင်ငံများသည်လည်း Global South ၏ အသံကို နားစွင့်လာရပြီ ဖြစ်သည်။ ယင်းအချက်ကို ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းက ပေကျင်း၌ကျင်းပခဲ့သည့် တရုတ်အမျိုးသားကွန်ဂရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထောက်ပြခဲ့သည်။ Global South တွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ပစိဖိတ်ကျွန်းနိုင်ငံများပါဝင်ပြီး နိုင်ငံတကာ အထိုင်ပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျသည့်အားတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာကြီးသည် ရာစု တစ်ခုအတွင်း မမြင်ရသောအပြောင်းအလဲများ ကြုံတွေ့နေရသည့်အချိန်တွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်ကြောင်း မစ္စတာဝမ်ယိက ဆိုသည်။ 

၂၀၂၄ ခုနှစ်သည် Global South အတွက် အမှတ်ရစရာနှစ်တစ်နှစ် ဖြစ်နိုင်ပြီး ညီညွတ်မှု အတွက် စမှတ်တစ်ခုလည်း ဖြစ်နိုင်သည်။ Global South အနေဖြင့် ဂါဇာအရေး၊ ယူကရိန်းအရေးမှ သည် စားနပ်ရိက္ခာဖူလုံရေးနှင့် ရာသီဥတုပြောင်းလဲရေးအထိ စိန်ခေါ်မှုများကို မည်သို့ဖြေရှင်းမည် ဆို သည့် စိန်ခေါ်မှုများကလည်း စောင့်ကြိုနေသည်။ ထို့ပြင် ကမ္ဘာ့အထိုင်အား ပုံဖော်ပေးမည့် ကမ္ဘာလုံး ဆိုင်ရာ အင်စတီကျူးရှင်းများအား မည်သို့ပြုပြင်ပြောင်းလဲမည် ဆိုသည့်အချက်ကလည်း Global South အတွက် စိန်ခေါ်မှု ရှိနေဆဲဖြစ်သည်။ 

သို့သော် Global South အနေဖြင့် အတူကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား အတူရင်ဆိုင် ဖြေရှင်းနိုင်ကြမည်လား ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများကြောင့် ဖြစ်လာသည့် အတွင်းအပြင် အက်ကြောင်းများအား ရင်ကြားစေ့ရန် လိုအပ် သည်။ အထူးသဖြင့် အမေရိကန်နှင့်တရုတ်တို့ကြား အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် အက်ကြောင်းမှာကြီးမားသည်။ အင်အားကြီးနှစ်နိုင်ငံတို့၏ ပြိုင်ဆိုင်မှုကြား ဟန်ချက်ညီအောင် ရပ်တည်ရန်နှင့် မိမိ၏အခန်းကဏ္ဍ ပိုမိုခိုင်မြဲအောင် ကြိုးပမ်းရသည်မှာ Global South အတွက် လွယ်ကူသည့် အလုပ်တော့လည်း မဟုတ်ပါ။ 

ယခုအခါ Global South နိုင်ငံများအား တစ်ဖက်ဖက်တွင် ရွေးချယ်ရန် တွန်းအားပေးနေပြီ ဖြစ်သည်။ ပစိဖိတ်ကျွန်းနိုင်ငံများတွင် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများ ပြင်းထန်နေရာ ပစိဖိတ်ကျွန်း နိုင်ငံများအနေဖြင့် ဘက်ရွေးရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည် ဖစိဖိတ်ကျွန်း နိုင်ငံများနှင့် စီးပွားရေး၊ လုံခြုံရေး ဆက်ဆံမှုတွင် ပိုမိုနက်ရှိုင်းလာသည်။ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကလည်း ဖစိဖိတ်ကျွန်းနိုင်ငံများတွင် သံရုံးသစ်များဖွင့်လှစ်ခြင်း၊ ထိတွေ့ ဆက်ဆံမှုများ ပိုမိုပြုလုပ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးပမ်းလာသည်။ အထူးသဖြင့် ဆိုလိုမွန်ကျွန်းနိုင်ငံနှင့် တွန်ဂါနိုင်ငံတို့တွင် ဖြစ်သည်။ 

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မှန်ကြည့်သကဲ့သို့ ကြည့်နေကြ သည်။ တရုတ်နိုင်ငံဘက်မှရှုမြင်ချက်မှာ ပစိဖိတ်ဒေသ၊ အာဖရိကဒေသနှင့် လက်တင်အမေရိက ဒေသတို့တွင် တရုတ်နိုင်ငံ၏ တရားဝင်ပူးပေါင်းဆောင်ရွက်မှုများအား အမေရိကန်နိုင်ငံက ဖျက်လို ဖျက်ဆီးလုပ်ရန် ကြိုးပမ်းနေသည်ဟုရှုမြင်သည်။ ပစိဖိတ်ကျွန်းနိုင်ငံများအားလုံးတွင် ဖွံ့ဖြိုးရေး မိတ်ဖက်များအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပိုင်ခွင့်ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပါပူဝါနယူဂီနီသို့ ရောက်ရှိစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံးသည် ချောကလက်နှင့်ကော်ဖီပို့ကုန်မှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍအထိ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည့်သဘောတူညီချက် အများအပြား လက်မှတ်ရေးထိုးခဲ့ကြသည်။ ပစိဖိတ်ကျွန်းနိုင်ငံများသည် ဒေသခံပြည်သူများ၏ နေအိမ် များဖြစ်ပြီး မည်သည့်အင်အားကြီးနိုင်ငံ၏ နောက်ဖေဝင်ပေါက်မဟုတ်ကြောင်း မစ္စတာဝမ်ယိက ပြောဆိုခဲ့သည်။ 

အမေရိကန်နိုင်ငံတွင်လည်း စိုးရိမ်စရာများရှိသည်။ အမေရိကန်နိုင်ငံဘက်မှ ရှုမြင်ချက်မှာ တရုတ် နိုင်ငံသည် အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို အားနည်းစေရန် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်နေသည်ဟု ရှုမြင်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ရေးရာများတွင် ဝင်ရိုစုံ ကမ္ဘာကြီးစိုးသည့်အထိုင် ပိုမိုအသက်ဝင်လာစေရေး တွန်းအားပေးနေသည်။ ယင်းကို Global South ကလည်း ဒေါက်တိုင်တစ်ခုအဖြစ် ပါဝင်နေသည်ဟု အမေရိကန်နိုင်ငံက ယူဆသည်။ ယင်းမှာ အမေရိကန်တို့၏ သြဇာအာဏာကျဆင်းရေးအတွက် ကြိုးပမ်းချက်အဖြစ် ရှုမြင်နေခြင်းဖြစ်သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား မယုံကြည်မှုနက်ရှိုင်းလာခြင်းသည် အခြားသော တတိယ နိုင်ငံ များနှင့်ဆက်ဆံရေးအပေါ် သက်ရောက်လာပြီး ဘက်တစ်ဖက်ဖက်အား မဖြစ်မနေရွေးချယ်ရန် ဖြစ်လာစေသည်။ 

သေချာသည်မှာ Global South အတွင်းတွင်လည်း မတူကွဲပြားမှုများက ရှိနေသည်။ Global South တွင် အရေးပါဆုံးနှင့်အငြင်းပွားရဆုံး နှစ်နိုင်ငံမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်လေးစုအတွင်း နှစ်နိုင်ငံဆက်ဆံရေး အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ တရုတ် နှင့် အိန္ဒိယနိုင်ငံတို့သည် BRICS ကဲ့သို့သော နိုင်ငံစုံပါဝင်သည့် ဖိုရမ်များတွင် ထိတွေ့ဆက်ဆံသော် လည်း နှစ်နိုင်ငံဆက်ဆံရေးတွင်မူ မလွှဲသာမရှောင်သာသည့် ဘုံအကျိုးစီးပွား ကိစ္စများတွင်သာ ထိတွေ့ဆက်ဆံသည်ကို တွေ့ရသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် Global South နိုင်ငံများနှင့် အတူ ရှေ့ခရီးဆက်နေကြသည်။ တရုတ်နိုင်ငံသည် လာမည့် ၂၀၂၅ ခုနှစ်တွင် အရေးပါသည့် Global South ထိပ်သီးအစည်းအဝေးနှစ်ခုကို လက်ခံကျင်းပမည်ဖြစ်သည်။ တစ်ခုမှာ Forum on China-Africa Cooperation(FOCAC) နှင့် အခြားတစ်ခုမှာ China-Latin American ၊ Caribbean Forum (China-CELAC)တို့ ဖြစ်သည်။ နှစ်နိုင်ငံလုံးသည် BRICS အဖွဲ့ဝင်ချဲ့ထွင်ရေး ဆောင်ရွက်ရာတွင် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိကြသည်။ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံတို့ကို လည်း အဖွဲ့အတွင်းသို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ Global South နိုင်ငံများကြားတွင် ရှိနေသည့် ခံစားချက်မှာ ၎င်းတို့သည် multiple crises ခေါ် အကျပ်အတည်း အမျိုးမျိုးတို့၏ ရိုက်ခတ်မှု လှိုင်းလုံး ကို ကြုံတွေ့နေရသည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့တွင် လက်ခံကျင်းပခဲ့သည့် Global South ထိပ်သီး အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ သို့သော် ယင်းကြေညာချက်သည် အနောက် နိုင်ငံများ၏ အာရုံစိုက်မှုကို မရရှိခဲ့ဟုဆို သည်။ 

Global South ထိပ်သီးအစည်းအဝေးတွင် စိုးရိမ်စရာတစ်ခုအဖြစ် ဖော်ပြသည့်အချက်မှာ ပထဝီနိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့်စားနပ်ရိက္ခာနှင့် စွမ်းအင်ကဏ္ဍအပေါ် အကျိုး သက်ရောက်မှု ဖြစ်သည်။ Global South နိုင်ငံများအနေဖြင့် ပဋိပက္ခများကြားတွင် ဘက်တစ်ဖက် တွင် ရပ်တည်ရမည့် အရေးနှင့်ပတ်သက်၍ စိုးရိမ်မှုကြီးလာသည်။ တစ်ဖက်တွင်လည်း ပဋိပက္ခများ သည် ဖွံ့ဖြိုးဆဲကမ္ဘာ၏ လုံခြုံရေး၊ လူနေမှုဘဝနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအား မဖြေရှင်းနိုင်မည်ကိုလည်း စိုးရိမ်လာသည်။ ယူကရိန်းစစ်ပွဲသည် Global South နိုင်ငံများ၏ စားနပ် ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးအပေါ် များစွာအကျိုးသက်ရောက်စေခဲ့သည်။ ဂါဇာတွင် ပဋိပက္ခများ ဆက်ဖြစ်နေခြင်းသည် Global South နိုင်ငံများအတွက် အနောက်နိုင်ငံများ၏ ကြောင်သူတော်ဝါဒ မျက်နှာဖုံးကို ကွာကျစေခဲ့သည်။ 

Global South နိုင်ငံများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ၊ နယူဒေလီတွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ အလေး အနက်ပြောဆိုခဲ့ကြသည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် မည်သည့်နိုင်ငံမှ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် ကမ္ဘာဂြိုဟ်အတွက် တိုက်ခိုက်ရမည့် တိုက်ပွဲကြားတွင် ရွေးချယ်မနေသင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အနောက်နိုင်ငံများသည် အပြောသာရှိပြီး လက်တွေ့ အကောင်အထည် မဖော်ကြသူများ ဖြစ်သည်ဟု Global South နိုင်ငံများက ရှုမြင်ကြသည်။ 

Global South အဖွဲ့ဝင်နိုင်ငံများကြားတွင် ဖြေရှင်းရမည့် ရှုပ်ထွေးသည့် ပြဿနာတစ်ရပ် ကလည်း ရှိနေပြန်သည်။ Global South ၏ ဦးဆောင်အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံတွင် တစ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံသည်လည်း အမေရိကန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင် ပြောင်းလဲရေးအပေါ် စိတ်အားထက်သန်မှုမရှိသည်ကို တွေ့နေရသည်။ Global South အဖွဲ့ဝင်နိုင်ငံ များ ဖြစ်သည့် ဘရာဇီးလ်၊ အိန္ဒိယနှင့် အာဖရိကရှိ နိုင်ငံအများစုသည် ကမ္ဘာတွင် အရေးကြီးဆုံးသော လုံခြုံရေးအင်စတီကျူးရှင်းအား ပိုမိုကျယ်ပြန့်ပြီး ပိုမိုတရားမျှတမှုရှိသော ပြုပြင်ပြောင်းလဲမှု ပြုလုပ် ရန် တောင်းဆိုနေကြသည်။ သို့သော် ပြုပြင်ပြောင်းလဲနိုင်မည့် အလားအလာမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။ 

သို့ဖြစ်ရာ Global South ၏ အနာဂတ် မည်သို့ရှိမည်၊ မည်မျှအထိ ခရီးဆက်နေနိုင်မည်ဟု မေးလာပါက မသေချာမရေရာမှုများ ရှိနေဆဲဟုပင် ဆိုရမည်ဖြစ်သည်။ သို့သော် သေချာသည့်အချက် မှာ Global South သည် အရှိန်အဟုန်ဖြင့် နိုးထလာပြီး ကမ္ဘာ့အထိုင်တွင် ၎င်းအတွက် နေရာ တစ်နေရာ တောင်းဆိုနေပြီဆိုသည့်အချက်ပင်ဖြစ်သည်။ Global South သည် အဖွဲ့အတွင်း အက်ကြောင်းတစ်ချို့ရှိသော်လည်း ၎င်း၏အသံသည် ကျယ်လောင်ပြီး ထိရောက်မှု ရှိသည် ဆိုသည့် အချက်ကို သိရှိသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ အသံကျယ်ကျယ် ထုတ်နေနိုင်သမျှ Global South မှာ အရေးပါနေဦးမည် ဖြစ်သည်မှာ ငြင်းဆန်၍မရသည့် အရှိတရားတစ်ခု ဖြစ်နေသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရတနာပုံခေတ် ဝတ်စားဆင်ယင်မှု ပုံစံများကို ပြန်လည် ရှာဖွေဖော်ထုတ် ထိန်းသိမ်းနေ

RECENT POSTS
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား
07 Oct 2024
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved