Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)

သုတကျော် (NSS) - အောက်တိုဘာ ၇

စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာတွင် တောင်ပေါ်မြို့အချို့သည်လည်း ရေဘေးကို ကြုံခဲ့ကြရသည်။ ထို့ပြင် မြေပြိုမှုကိုလည်း ခံစားခဲ့ကြရသည်။ ပိုင်ဆိုင်မှုများလည်း ဆုံးရှုံးခဲ့ကြရသည့်အပြင် အချို့မှာ အသက်ပင်ဆုံးရှုံးရကြရာ ဒေသခံများမှာ စိတ်ဒဏ်ရာပင်ရသွားသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် ရေဘေးသင့် ပြည်သူများ အတွက်လည်း အဘက်ဘက်မှ ပြန်လည် ထူထောင်ရန် လိုအပ်နေသည်။ လက်ရှိတွင် ရှမ်းပြည်နယ်က ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ရေဘေး စတင်စဉ်ကပင် ဘေးသင့်ဒေသများသို့ သွားရောက် ကာ ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ကူညီဆောင်ရွက်ခဲ့သည့် ရွှေမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ မရွှေလဲ့အား The Statesman Journal မှ မေးမြန်းထားသည်များကို NSS ကထပ်ဆင့်ကောက် နုတ်ဖော်ပြအပ်ပါသည်။

မေး- အစ်မတို့အနေနဲ့ လက်ရှိမှာ ကူညီနေတဲ့ အပိုင်းလေး သိပါရစေခင်ဗျာ။ 

ဖြေ - အစ်မတို့က တောင်ကြီး၊ ကလော ၊ အောင်ပန်း၊ အင်းလေ၊ ညောင်ရွှေအပိုင်းမှာတော့ ကူညီနေတာ ငါးရက် ရှိပါပြီ။ 

မေး - အခု ကူညီတဲ့အခါမှာ အခက်အခဲတွေက ဘယ်လို ရှိပါသလဲ ခင်ဗျ။ 

ဖြေ- အခက်အခဲတွေကတော့ အစ်မတို့ ပုံမှန်ဆိုရင်ပေါ့ (၁၁)ရက်နေ့ ကနေစပြီး ကူတာက ရေပြင် ကယ်ဆယ်ရေးပေါ့ နော်။ တောင်ကြီးနဲ့ ရှမ်းဘက်ကို တက်လာတဲ့အခါမှာတော့ မြေပြိုတာ နောက်ပြီးတော့ နွံတွေနဲ့ အိမ်အလုံးလိုက် မြုပ်သွားတာ ဒါမျိုးလေးတွေတော့ များတယ်ပေါ့နော်။ အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ အစ်မတို့မှာ သုံးရတဲ့ ကားတွေက အဆင်မပြေဘူး။ နောက် Double cab လိုမျိုး ဆိုင်ကယ်တွေလိုမျိုး ဝင်လို့ရတာမျိုးတွေ ရှိတယ်။ တောင်တွေ ပေါ်တက်တယ်ဆိုလို့ ရှိရင်  ရာသီဥတုကိုမှ တစ်ချက် ပြန်စောင့်ရတယ်။ မိုးနည်းနည်းဖွဲတယ်ဆိုရင် မြေသားပြိုတာ များတယ်ဆိုရင် အစ်မတို့သွားပြီး ကူလို့ မရဘူးပေါ့နော်။ အဲဒီလိုမျိုး သဘာဝအတိုင်း ပြန်စောင့်ရတာ၊ ရာသီဥတုတွေ ပြန်စောင့်ရတာမျိုးတော့ရှိတယ်။ အဲဒါပြီးတော့ အစ်မတို့မှာပါလာတဲ့ အကူကိရိယာတွေရဲ့ လိုအပ်ချက် တွေကများတော့ အခက်အခဲတွေကတော့ ဒီဘက်အပိုင်းမှာ ပိုပြီးများပါတယ်။

မေး - လက်ရှိ အစ်မတို့က ပြန်လည်ထူထောင်ရေးကို ကူညီနေတယ်လို့ သိရပါတယ်။ အစ်မတို့ ကူနေတဲ့ အနေအထား အရ အစ်မတို့ ကူနေတဲ့အပိုင်းမှာ ဘယ်အခြမ်းက အဆိုးဆုံးဖြစ်ပါသလဲ။ 

ဖြေ- မြေပြိုတာကတော့ လက်ရှိမဲနယ်တောင်၊ ကလော၊ ရှမ်းအရှေ့ ကျိုင်းတုံလမ်း၊ ခွေးရုပ်၊ ရွှေတော ဒီဘက် တွေမှာတော့ မြေပြိုတာများတယ်။ ရွှေတောမှာဆိုရင်တော့ အိမ်ခြေ ရာဂဏန်းလောက် အထိကို နွံတွေနစ်သွားတာမျိုး တွေရှိတယ်။ နွံရေ တွေပေါ့နော်။ 

မေး- မြေပြိုတာမှာ ဒေသခံတွေက ပြေးလို့လွတ် လိုက်ကြပါရဲ့လား။ ဘယ်လို အခြေအနေမျိုး ရှိပါ သလဲ။ ဆုံးရှုံးမှုတွေက ဘယ်လို ရှိပါသလဲ။ 

ဖြေ- အဲဒီလိုတော့မဟုတ်ဘူး။ တချို့တွေကတော့ များသောအားဖြင့် အစ်မလိုက်မေးကြည့်သလောက် ကတော့ ပြေးလို့ရလိုက်ကြတယ်။ လင်းလင်းထင်း ထင်းအချိန်မှာ ဖြစ်တာဆိုတော့လေ။ လင်းတဲ့အချိန် မှာ ဖြစ်တာဖြစ်တဲ့အတွက် သူတို့ အရမ်းကြီး ပိတ်မိတာမျိုးတွေတော့ မရှိဘူး။ ရှောင်လို့ရတယ်။ တစ်ခုကတော့ သူတို့ရဲ့ အိမ်ခြေတွေ ဆုံးရှုံးမှုများတာပေါ့နော်။ သူတို့အိမ်တွေ မြုပ်သွားတာတို့ ၊ နောက်ပြီးတော့ တောင်ကျရေကျလာတဲ့ အချိန်တွေမှာ အရမ်းကိုမျောပါပြီးတော့မှ အိမ်အလုံးလိုက် ပျောက်သွားတာမျိုးတို့၊ ဥပမာ မဲနယ်တောင် ဘက်မှာဆိုရင် တောင်ကျ ရေတွေကျလာတဲ့အချိန်မှာ ကျောက်တုံးတွေပေါ့နော်၊ မြေသားအလုံးလိုက်တွေ၊ သစ်ပင်တွေပါ ပြိုကျမှုတွေရှိတဲ့အတွက် ဒေသခံတွေမှာ ဆုံးရှုံးမှုတွေ အရမ်းကြီးပါတယ်။ 

မေး-အဲဒီမှာ သေဆုံးသူတွေ ရှိတယ်လို့လည်း သိရတယ်ပေါ့နော်။ သေဆုံးသွားတဲ့သူတွေကလည်း ဘာကြောင့် သေဆုံး သွားရသလဲ ခင်ဗျာ။

ဖြေ- သေဆုံးမှုနှုန်းတွေကရှိပေမယ့် အစ်မတို့ကတော့ အတိအကျ သေသေချာချာတော့ စာရင်းကောက်ယူလို့ မရသေး ဘူးပေါ့နော်။ နောက်တစ်ခုက တော့ သူတို့ဖြစ်တာက မြေပြန့်မှာဖြစ်တဲ့အတိုင်းပဲ (၁၁)ရက်လောက်ကတည်းက ဖြစ်တာ ဖြစ်တဲ့ အတွက် အစ်မတို့မှာ သူတို့ပြောတဲ့ Data အရ ပိတ် မိတာတွေဆိုလို့ ရှိရင်လည်း ဒေသခံအသင်းတွေက ဆယ် ထုတ်ပြီးသား၊ ကူညီပြီးသား။ အစ်မတို့က ပြန်လည်ထူထောင်ရေးနဲ့ သူတို့ကို လှူဒါန်းရေး၊ လိုအပ်တာလေး ကူတာလေး တွေပေါ့နော်။ အဲဒါလေးတွေပဲ ကူညီရတာဖြစ်တဲ့အတွက် သေဆုံးမှုတွေနဲ့ ပတ်သက်တာတော့ အစ်မသေချာ မသိပါဘူး။ 

မေး- ပြန်လည်ထူထောင်ရေး ကူညီတဲ့အခါမှာ ဒေသခံတွေမှာ ဘယ်လို အခက်အခဲဖြစ်တာ မြင်ရပါသလဲ။ အစ်မ တို့မှာ ကော ဘယ်လို အခက်အခဲရှိပါသလဲ။  

ဖြေ- ဒေသခံတွေမှာကတော့ တချို့တွေမှာ အိမ်တွေက လုံးဝပျက်စီးသွားတာရှိတယ်။ မျောပါသွားတာတွေ ရှိတယ်ပေါ့ နော်။ သူတို့တွေမှာ အဓိကက ပထမဦး ဆုံးအနေအထားက လေလုံ၊ မိုးလုံလေးတွေ နေနိုင်ဖို့ နေရာတွေလိုအပ်တယ်။ နောက်ပြီးတော့ အစ်မတို့ Camp တဲတွေ ပြန်ပြီးတော့မှ တည်ဆောက်ပေးရတာ မျိုးတွေရှိတယ်။ နောက်တစ်ချက်က တော့ ဒေသခံတွေမှာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် တချို့နေရာတွေဆိုရင် အစ်မတို့ ကူညီမှုတွေက မရောက်နိုင်သေးဘူး။ လမ်းပန်းဆက်သွယ်ရေး အနေအထားတွေက အရမ်းခက်ခဲတယ်။ ဥပမာဆိုရင် ခွေးရုပ်ဘူတာ ဆိုရင် ဆိုင်ကယ်တစ်စီး ဘီးတစ်လိမ့်စာ ထက်ခပ်နည်းနည်းပဲပိုတာ အရမ်းများတယ်။ ချောက်အရမ်းများတယ်။ အဲဒီ တော့ ရာသီဥတုအခြေနေကို ပြန်စောင့်ရတာဖြစ်တဲ့အတွက် အစ်မတို့အချိန်အတိုင်း အတာတစ်ခုကို ပြန်စောင့်ပြီးတော့ ကူရတဲ့ အခက်အခဲတွေများတယ်။ နောက်အင်းလေးထဲမှာဆို ရင်လည်း ရွာတွေအရမ်းများတယ်။ များတဲ့အထဲမှာမှ ဒီလိုပဲ မိုးရွာပြီဆို သွားနိုင်ဖို့အတွက် နည်းနည်း အခက်ခဲများသေးတယ်။ နောက်တစ်ခုက Information ပေါ့နော်။ ဒီဘက် မှာကျတော့ တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ် ချိတ်ဆက်ရတာလေးတွေက အချိတ်အဆက် နည်းနည်းလေး မမိတာပေါ့ နော်။ အဲဒါလေးတွေကလည်း ဒေသခံတွေရဲ့ အကူ အညီရယူဖို့ အစ်မတို့က အကူအညီပေးဖို့တွေမှာ နည်းနည်းလေးတော့ အဆင်မပြေမှုလေးတွေတော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အစ်မတို့ နယ်မြေခံ ပရဟိတအသင်းအဖွဲ့တွေ၊ ကူညီပေးတဲ့သူ တွေနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒေသတာဝန်ခံတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါတယ်။ 

မေး- မြေပြိုတဲ့ အနေအထားပေါ့နော်။ အစ်မတို့ အနေနဲ့ အဲဒီမှာ မြေပြိုတာက ဘယ်လိုပုံစံ ပြိုကျ တယ်လို့ မြင်ရပါသလဲ။ 

ဖြေ- ဟုတ်ကဲ့။ အစ်မအမြင်ကတော့ တချို့နေရာ တွေမှာ မြေပြိုလို့ရှိရင် မြေသားပျော့ပြီးမှ ပြိုကျတာ ရှိတယ်။ ဥပမာ ရွှေတောကို သွားတဲ့လမ်းဆိုရင် စာသင်ကျောင်းတွေပါ အထဲထဲမှာ ကြမ်းပြင်တွေက အက်ကြောင်းတွေ ထပ်ပြီးတော့မှ နည်းနည်း ပြိုကျလု၊ ပြိုကျခင်လေး ရှိတယ်ပေါ့နော်။ ဥပမာ ခွေးရုပ်ဘက် ကိုသွားတဲ့ စာသင်ကျောင်းတွေဆိုရင် သူတို့ရဲ့ အရှေ့မြေသားတွေကျတော့ ပြိုကျတယ်။ ဒါပေမဲ့ စာသင်ကျောင်းကို အများကြီးတော့ မထိခိုက်ဘူး။ မိုးအများကြီး ဆက်တိုက်ရွာရင်တော့ ဒီကလေးတွေ ထိခိုက်နိုင်ခြေ ရှိ၊ မရှိတော့ ပြန်ပြီးတော့ ဆန်းစစ်တာ လုပ်ဖို့တော့လိုမယ်။ ဒါပေမဲ့ မဲနယ်တောင်တို့၊ တခြားတောင်တန်းတွေဘက်တွေမှာ ဆိုလို့ ရှိရင်တော့ မြေပြိုကျတဲ့နေရာမှာ ကျောက်တုံး တွေလိုမျိုး အစိုင်အခဲတွေပါ ပါတယ်။ အပင်ကြီးတွေပါ ပါတာဖြစ်တဲ့အတွက် ပြိုကျတဲ့ နေရာတစ်နေရာနဲ့တစ်နေရာ တော့ ပုံစံမတူဘူးပေါ့နော်။ 

မေး- အစ်မတို့ ကူညီနေရတဲ့ ဘက်မှာ ရွာလုံးကျွတ် ပြောင်းရွှေ့ရနိုင်တယ်ဆိုပြီးတော့ စိုးရိမ်စရာ အခြေ အနေရောက်တဲ့ ရွာတွေ ရှိပါသလား ခင်ဗျ။ 

ဖြေ- မြေပြိုတာကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရတာ တော့ အစ်မကူညီတဲ့အပိုင်းမှာတော့ မရှိပါဘူး ပေါ့နော်။ ကျန်တဲ့ ပရဟိတမောင်နှမတွေ ကူညီနေတဲ့ အပိုင်းမှာတော့ အစ်မ မသိရဘူးပေါ့နော်။ အစ်မ ကူညီတဲ့အပိုင်းမှာတော့ မရှိဘူး။ ဒါပေမဲ့ ဥပမာ အိမ်ခြေ ဆယ်ဂဏန်းအထိ ပျက်စီးတာရှိတယ်။ ဥပမာ ရွှေတောထဲမှာဆိုရင် အိမ်ခြေတော်တော် များများ လုံးဝ နွံအောက်ကိုနစ်သွားတာမျိုးလေးတွေ ရှိတယ်ပေါ့နော်။ အဲဒါကို အစ်မတို့တွေက ပြန်လည် ထူထောင်ရေးအပိုင်း အရေးပေါ် လေလုံ၊ မိုးလုံလေး တွေခံနိုင်ဖို့ ဒါမျိုးလေးတွေကို သေသေချာချာလေး ပြန်စီစဉ်ပေးရတာလေးတွေရှိတယ်ပေါ့ နော်။

မေး - အစ်မအနေနဲ့ အတွေ့အကြုံရင့် လူမှုကူညီသူ တစ်ဦးဖြစ်ပါတယ်။ အစ်မရဲ့ အတွေ့အကြုံ တစ်လျှောက်မှာ အခု သဘာဝဘေးက တစ်ကြိမ်ထက် တစ်ကြိမ် ပိုဆိုးလာပါသလား။ ကူညီရတဲ့ အပိုင်းကကော ဘယ်လို ရှိပါသလဲ။ 

ဖြေ - အစ်မက နာဂစ်၊ (၂၀၁၅) ရေဘေး၊ ပြီးတော့ ရေဘေးမှန်သမျှ ကူညီခဲ့တယ်ပေါ့။ ဒီတစ်ခေါက်မှာ တော့ ရှေ့လထဲမှာ ဆို ဥက္ကံ-အဖျောက် လမ်းပိုင်း ရေဘေးပေါ့။ ဒီထဲမှာက သဘာဝဘေးက တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးတော့ ဆိုးရွား လာတယ်။ ဘာတွေ သုံးသပ်ပြင်ဆင်ရမလဲဆိုတာကိုလည်း မိုးလေဝသ သတင်းတွေ နားထောင်ပြီးတော့ အချိန်ပြည့်ကို လေ့ကျင့်မှုတွေလုပ်ပြီး ပြန်စနေရတာ ရှိတာပေါ့။ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုပြီးတော့ စိန်ခေါ်မှုကတော့ မြင့်လာတဲ့ အနေအထားတော့ ဖြစ်နေတာပေါ့။ ရာသီဥတုကလည်း ပိုပြီးဆိုးရွားလာတယ်။ ရေစီးရေလာ အပိုင်းကလည်း နည်းနည်း လေး အာရုံစိုက်ရ မယ့်အပိုင်း ဖြစ်လာတာပေါ့။ အရင်တုန်းကဆိုရင် မြေပြိုမှုတွေကလည်း များပေမယ့်လည်း အိမ်ခြေ တွေ ထိခိုက်မှုက ဒီဟာကပိုပြီး လူတွေ အာရုံစိုက်မိလာတာပေါ့။ 

မေး - အင်းလေးကရွာတွေ အခြေအနေကကော လက်ရှိ ဘယ်လို အခက်အခဲတွေ ဖြစ်နေကြပါသလဲ။ 

ဖြေ - အင်းလေးထဲက ရွာတွေကကျတော့ ရေက ပုံမှန်အထိပဲ တက်တဲ့ဟာက နေပြီးတော့ ရေတက်တာ အရမ်းများ သွားတယ်။ နောက်ပြီးတော့ ရေလွှမ်းတဲ့နေရာ ရေတက်တဲ့ နှုန်းကလည်း တော်တော် တက်သွားတယ်။ နောက်တစ်ချက် က အင်းလေးရဲ့ အဓိက အကျဆုံး အခက်အခဲကတော့ Transformer တွေ ရေမြုပ်သွားတယ်ပေါ့နော်။ မီးရရှိဖို့ ခက်ခဲ တယ်။ ရေကြီး၊ ရေလျှံခြင်းရဲ့ နောက်ဆက်တွဲမှာ မီးအလင်းရောင်လည်း ကောင်းကောင်း မရှိဘူးဆိုရင် မြွေအပါအဝင် အဆိပ်ရှိသတ္တဝါနဲ့ ပတ်သက်တာ ဂရုစိုက်သင့်တယ်။ နောက်တစ်ချက်ကတော့ ဆန်၊ ဆီ၊ ဆားပေါ့။ ပြီးတော့ လောင် စာပါ။ ရိက္ခာတွေလာပြီး လှူဒါန်းတာရှိရင်တောင်၊ ရေဘေးရှောင် စခန်းတွေမှာ စုပြီးနေလို့ရတယ် ဆိုရင်တောင် လောင်စာလေးတွေထည့်ပြီး လှူဒါန်း ပေးသင့်ပါတယ်။  အဓိကကျတာက အစ်မတို့ဆို လောင်စာတို့၊ ဆိုလာမီးတို့ လှူတာရှိတယ်။ ဝမ်းရောဂါနဲ့ ပတ်သက် ပြီးတော့လည်း ထည့်သွင်း စဉ်းစားမိတယ်။ ရေသန့် ရရှိဖို့ အတွက်လည်း ရေသန့် (၂၀) လီတာဘူး ငါးရာ အင်လေးထဲကို ပုံမှန်လှူဒါန်းပါတယ်။ အလှူရှင် ကြီးတွေက ရေသန့်စက်တွေ ထိုင်ပြီး လှူဒါန်းပေး မယ်လို့ ကြားရပါတယ်။ လှိုင်းကြီးတတ်တဲ့ နေရာတွေ၊ သွားလာရခက်တဲ့ နေရာတွေကို လှူဒါန်းဖို့ လိုအပ် နေပါ သေးတယ်။ နောက်ပြီးတော့ အင်းလေးရဲ့ ရွာတွေက အရမ်းများတာ ဖြစ်တဲ့အတွက် ဘယ်ရွာက အဓိကလိုတယ်၊ ဘယ်ရွာက မလိုသေးဘူး၊ ပိုလျှံ နေတယ်ဆိုတာကို ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေး သမားတွေနဲ့ ပူးပေါင်းပြီးတော့ ကူညီမယ်ဆိုရင် ပိုပြီး ထိထိရောက်ရောက် ကူညီ နိုင်မှာပေါ့။ 

မေး - အစ်မတို့ လက်ရှိကူနေတဲ့ အပိုင်းမှာရွာတွေက မြေပြိုတာကြောင့် အဓိက အခက်အခဲ ဖြစ်တာလား။ တခြား ဘယ်လို အခက်အခဲတွေ ပါပါသေးလဲ။ 

ဖြေ - အစ်မက ဥပမာ မဲနယ်တောင်ဘက် ဆိုရင်လွန်ခဲ့တဲ့ ငါးရက်လောက်တည်းက ရောက်တယ်။ သူတို့ဆီမှာ ကြည့်ရ တာက ဒေသသည် လမ်းပန်း ဆက်သွယ်ရေးက တချို့လမ်းတွေဆို မြေတွေပြိုကျပြီးတော့ ပိတ်ဆို့သွားတာရှိတယ်။ အဲဒီတော့ အကူအညီအထောက်အပံ့ပေးဖို့က လမ်းတွေကို ပြန်ဖော်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရတယ်။ အများ ဆုံးကတော့ ဒေသရဲ့ ဘုန်းဘုန်းတွေကနေ ဆောင်ရွက်တာမျိုးတွေ ရှိတာပေါ့။ အစ်မတို့က ပူးပေါင်းပါဝင်ပြီးတော့ လုပ်ပေးရတယ်။ မဲနယ် တောင်ဘက်ဆို ချောင်းရေတွေပါ ကျောက်တုံးနဲ့ အတူမျောပါ လာပြီးတော့ အပင်ကြီးတွေပါ အချိန် တစ်ခုအတွင်း ပြိုကျတာ။ အိမ်တွေပါ ပါကုန်တာ။ အဲ့ဒီမှာတော့ မိသားစုတွေပါ ပျောက်ဆုံး သွားတာကို အစ်မတို့ ကြားမိထားတာ တွေတော့ ရှိတယ်။ ခွေးရုပ် လို နေရာမျိုး ကျတော့ လမ်းပန်း ဆက်သွယ်ရေးက တအား ခက်ခဲပြီးတော့ ကူညီထောက်ပံ့ရေး၊ လှူဒါန်း ရေးတွေလည်း မရောက်ဘူး။ အစ်မတို့က ကား တစ်စီးစာ ပို့မယ်ဆို ဆိုင်ကယ် ဆယ့်ငါးစီးလောက်ကို နှစ်ခါလောက် သယ်ရတယ်။ အစ်မတို့ သုံးနေကျ ဆိုင်ကယ်နဲ့လည်း အဆင်မပြေဘူး။ ဆိုင်ကယ်ဘီး တွေမှာ ချိန်းကြိုးတွေ ပြန်ပတ်ပြီးတော့မှ ခက်ခက်ခဲခဲ သွားရတယ်။ ဒါမျိုးလေးတွေပါ ရှိတယ်။ တခြား သတ္တဝါတွေလည်း ထိခိုက်မှု ရှိကြတယ်။ အိမ်မွေး တိရစ္ဆာန်လေးတွေပေါ့။ 

မေး - ဒေသခံတွေအတွက် ပြန်လည် ထူထောင်ဖို့ က လွယ်ပါ့မလား ခင်ဗျာ။ ဘယ်လို အခက်အခဲတွေ ရှိနိုင်ပါသလဲ။ 

ဖြေ - ဒေသခံတွေ ပြန်လည်ထူထောင်ရေးက အများဆုံး အလှူရှင်တွေရဲ့ အင်အား၊ ကယ်ဆယ်ရေး သမားတွေရဲ့ အင်အား၊ ပရဟိတ သမားတွေရဲ့ အင်အားတွေ အများကြီးပဲ ပူးပေါင်းပါဝင်ပြီးတော့ အဘက်ဘက်ကနေ အများကြီး ကူညီကြတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်း ဘေးဒုက္ခဖြစ်တဲ့သူတွေ၊ ဘေးအန္တရာယ်ကြုံရတဲ့ သူတွေကို ရာနှုန်းပြည့် တိတိပပ ပြန်လည် ကုစားပေးဖို့တော့ အချိန် အတိုင်း အတာ ယူရမှာပါ။ ပြီးတော့ ဒီလိုမျိုး ပျက်စီး ဆုံးရှုံးမှုတွေ များတဲ့ အတွက် တချို့ဆိုရင် အိုး၊ အိမ် ပျက်စီးတယ်။ တချို့ဆို အစ်မ မနေ့က သွားကူတာဆို လွိုင်ကော်ကနေ ရေတအား ကြီးလာတော့ ထွက်ပြေးရင်း ဓာတ်ကြိုးနဲ့ ထိမိပြီး လက်တွေ၊ ခြေထောက်တွေ ဖြတ်လိုက်ရတယ်။ ကိုယ်ခန္ဓာ ထိခိုက်မှုတွေ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိတယ်။ အိုး၊ အိမ် ပျက်စီးမှုလည်း ရှိတာ ဖြစ်တဲ့အတွက် သဘာဝ ဘေးအန္တရာယ်ကနေ ပြန်လည် ထူထောင်နိုင်ဖို့က စိတ်ရော၊ ကိုယ်ရော ကိုယ်တတ်စွမ်း စာနာပြီး အများကြီး ကူညီပေးရဦးမှာပါ။ အားလုံးက ဝိုင်းဝန်းပြီး အဘက်ဘက်က ကူညီပေးမှ ရမှာပါ။ 

မေး - လက်ရှိ ရေပြင်ကယ်ဆယ်ရေးအတွက် အသက်စွန့်ပြီး ကူညီနေတဲ့ ပရဟိတ အသင်းတွေနဲ့ ပတ်သက်လို့ တချို့က ဝေဖန်တာတွေ ရှိနေတယ်။ အစ်မ အနေနဲ့ ဘာပြောချင်ပါသလဲ။ 

ဖြေ - ပရဟိတ သမားတွေနဲ့ ပတ်သက်ပြီး ဥပမာ ရေပြင် ကယ်ဆယ်ရေး စတင်ရတဲ့ ရေကြီး ရေလျှံမှု ရဲ့ ၁၁ ရက်တည်းက ပရဟိတ သမားတွေက ကြိုတင် ပြင်ဆင်မှုလည်း လုပ်ခဲ့ကြတယ်။ ပြီးတော့ ရေဘေး ထဲမှာမှ အသက်ဆုံးရှုံး ရတဲ့ ပရဟိတသမားတွေလည်း ရှိခဲ့တယ်။ ဆေးရုံတက်ရတဲ့ ပရဟိတ သမားတွေလည်း အများကြီးရှိကြတယ်။ ပရဟိတ သမားတွေက ဘယ်သူ့ဆီကမှ လစာဆိုပြီး မည်မည်ရရ ရှိတာ မဟုတ်ဘူး။ ပရဟိတ သမားတွေလည်း လူတွေပဲ။ စာနာတတ်တဲ့ စိတ်ကလေးနဲ့ ထွက်ကူတာပဲ။ တချို့တွေရဲ့ အမြင်လွဲမှုတွေ ဘယ်လို ရှိပါစေ ပရဟိတ သမားတွေကတော့ ပရဟိတ အလုပ်ကို ဆက်လုပ်မှာပါ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား

RECENT POSTS
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား
07 Oct 2024
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)
07 Oct 2024
ခေတ်ပြိုင်ကာလများတွင် မဟတ္တမဂန္ဒီ၏ ဘဝနှင့် အမွေအနှစ်များ
07 Oct 2024
ပိတ်ဆို့အရေးယူတတ်သူများကို BRICS တွင် ပါဝင်ခွင့် မပေးကြောင်း ရုရှားကြေညာ
07 Oct 2024
ဥရောပသမဂ္ဂဈေးကွက် ပျောက်သွားနိုင်သည့်အချက် ပြင်သစ်သမ္မတ သတိပေး
07 Oct 2024
သန်းခေါင်စာရင်းကောက်ပြီး ပြန်လာသည့် ပညာရေးဝန်ထမ်း(၆)ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးမတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီး
07 Oct 2024
စစ်ပွဲပဋိပက္ခများနှင့်အပြိုင် ကောက်ယူနေရသည့် သန်းခေါင်စာရင်း
07 Oct 2024
မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ယနေ့ နံနက်အစောပိုင်းတွင် ကွယ်လွန်
07 Oct 2024
ထိုင်း ဒူးရင်းသီးများ၌ ကက်ဒ်မီယမ်ဓါတ် ပါဝင်နေဟု တရုတ်သတိပေး
07 Oct 2024
လွတ်ငြိမ်းခွင့်ရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ၊ မြန်မာအရေးအတွက် နိုင်ငံတကာညီလာခံတစ်ခု လာအိုမှာ ပေါ်လာဖို့ရှိ၊ ရခိုင်မှာ မီးတောင် ပေါက်ကွဲမှုဖြစ်၊ လားရှိုးလေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲကြားက သတင်းသမား (၁ဝ-၆-၂ဝ၂၄)
06 Oct 2024
"ဝ" ကို တရုတ်ဖိအားပေးတဲ့အချက်အလက်တွေ ပေါက်ကြားမှု၊ NUG တက်တဲ့ ဂျာကာတာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ယုန်လေးတို့ရဲ့ဂန်းစတား အဆင်ပြေပါ့မလား၊ ကမ္ဘာ့ဆရာများနေ့နဲ့ ဗိုလ်ချုပ်မှူးကြီး ပြောစကား (၅-၁ဝ-၂ဝ၂၄)
06 Oct 2024
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved