Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကောင်းဆုံး ဟာသဆုများ စတင်ချီးမြှင့်တော့မည်

ယွန်း (NSS) - ဇွန် ၁၂

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများအပါအဝင် YouTube စသည့် Social Media  များမှ အကောင်းဆုံး ဟာသပညာရှင်များကို စိစစ်ရွေးချယ်၍ ထူးချွန်ဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟာသပညာ ရှင်များအစည်းအရုံး(ဗဟို)က ဇွန်လ(၇)ရက်နေ့တွင် အသိပေးကြေညာထားသည်။ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)အနေဖြင့် အသက်(၆၅)နှစ်အထက် သက် ကြီးဟာသပညာရှင်များကို နှစ်စဉ်ကန်တော့ခဲ့ရာ ယခုနှစ်တွင် (၁၄) ကြိမ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါအခမ်းအနားကို လာမည့် ဇူလိုင် လ (၇) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ် တွင် ပထမဆုံးအကြိမ်အနေဖြင့် အကောင်းဆုံး ဟာသပညာရှင် ထူးချွန်ဆုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထူးချွန်ဆုတွေပေးတာက ဒီနှစ်မှာ ပထမဆုံးအကြိမ်ပဲ။ အဘဖိုးပါကြီးတို့ လက်ထက်ကနေ စပြီးတော့ ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့သူတွေ အကယ်ဒမီမရခဲ့ဘူး။ ဖိုးပါကြီးတို့၊ မိုးဒီတို့၊ မော့စ်၊ ဗေလုဝ၊ အုန်းသီးတို့ဆိုတာက မျက်ရည်ကျခဲ့လို့ အကယ်ဒမီရခဲ့တာ။ အဲဒီတော့ ကျွန်တော်တို့က ပရိသတ်ကို ရယ်အောင်လုပ်ပေးတဲ့ အမောပြေအောင်လုပ်ပေးတဲ့ အနုပညာရှင်တွေကို ဒီလိုပေးမှာပေါ့။ ရုပ်ရှင် သရုပ်ဆောင်၊ ဗီဒီယိုသရုပ်ဆောင်အပြင် You Tube တို့လို အွန်လိုင်းပေါ်မှာ ရယ်အောင်လုပ်ပေးနိုင်တဲ့က လေးတွေကို ပံ့ပိုးတဲ့အနေနဲ့ ဘဝရဲ့မှတ်တိုင်လေးဖြစ်အောင် လုပ်ပေးတာပေါ့” ဟု မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က NSS ကို ပြောသည်။

ထိုသို့ ချီးမြှင့်ရာတွင် ၂၀၂၃- ၂၀၂၄ ရုံ တင်ကားများ၊ ဗီဒီယိုဇာတ်ကားများနှင့် အွန်လိုင်းပေါ်မှ ရုပ်သံဇာတ်လမ်းတွဲများမှ သရုပ်ဆောင်များကို စိစစ် ရွေးချယ်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ထူးချွန်ဆုများတွင် အကောင်းဆုံး ဟာသပညာထူးချွန်ဆု(၄)ဆု၊ ဟာသပညာပံ့ပိုးဆု (၁)ဆုနှင့် ဟာသပညာဖန်တီးဆု(၄)ဆု စုစုပေါင်း(၉)ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာ စလုပ်တာဖြစ်တဲ့အတွက် အရမ်းလည်းကြိုးစားရပါတယ်။ ကျွန်တော်တို့မှာ ဘယ်က ပံ့ပိုးထောက်ပံ့မှုမှ မရှိပါဘူး။ စေတနာရှင် အလှူရှင်တွေရဲ့ ပံ့ပိုးမှု၊ ထောက်ပံ့မှု၊ လှူဒါန်းမှုနဲ့ပဲ နှစ်တိုင်း သွားနေရတာပါ။ အခုဆိုရင် မြန်မာတစ်နိုင်ငံလုံးက အစည်းအရုံးရှိတဲ့နေရာတွေရှိတဲ့ ရပ်ကွက်တိုင်း၊ မြို့ နယ်တိုင်းမှာ အလှူခံနေကြပါတယ်။ အခုတော့ ကြိုးစားနေကြပါတယ်” ဟု ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ပြောသည်။

ယခု (၂၀၂၄)ခုနှစ် သက်ကြီးကန်တော့ပွဲတွင် စုစုပေါင်း သက်ကြီးဟာသပညာရှင်(၁၀ဝ)ကျော်ကို ကန်တော့သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကန်တော့ခံဦးရေ (၁၆၀)ခန့်ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးအဖွဲ့ဝင် (၁၀ဝဝ)ကျော် ရှိကြောင်း သိရသည်။              


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရားမဝင်တက်ကြွလှုပ်ရှားသူ ခြောက်ဦး၏ နိုင်ငံကူးလက်မှတ်များကို ဟောင်ကောင်အစိုးရ ပယ်ဖျက်

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved