ကမ္ဘာတစ်ဝန်းအထိပေါက်သွားခဲ့တဲ့ ထိုင်းဒရမ်မာဇာတ်ကား ‘How to Make Millions Before Grandma Dies’
Pika (NSS) - ဩဂုတ် ၂၉
(၂၀၂၄) ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ အကောင်းဆုံးဇာတ်ကားဟုယူဆရသည့် How to Make Millions Before Grandma Dies ရုပ်ရှင်ဇာတ်ကားကို မကြာမီအချိန်အတွင်း ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် စတင်ရုံတင်ပြသတော့ မည်ဖြစ်သည်။
ဘန်ကောက်မြို့အခြေစိုက် စတူဒီယို GDH က ထုတ်လုပ်သည့် How to Make Millions Before Grandma Dies ဇာတ်ကား သည် သေခါနီးအဘွားကို ဂရုစိုက်ရန်အတွက် အလုပ်မှ ထွက်လိုက်သည့် လူငယ်တစ်ဦး၏ ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။
အဆိုပါရုပ်ရှင်ဇာတ်ကားသည် အရှေ့ တောင်အာရှ၊ ဩစတြေးလျနှင့်နယူးဇီလန်တို့တွင် ရုံ တင်ပြသမှုမှဝင်ငွေ အမေရိကန်ဒေါ်လာ(၃၄)သန်း ရရှိထားပြီး အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့တွင် သ မိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးထိုင်းဇာတ် ကား ဖြစ်လာခဲ့ကြောင်းသိရသည်။
How to Make Millions Before Grandma Dies ရုပ်ရှင်ဇာတ်ကားကို မြောက်အမေရိက တိုက်(စက်တင်ဘာလ(၁၃)ရက်)၊ တရုတ်နိုင်ငံ (ဩဂုတ် လ (၂၃)ရက်)၊ တောင်ကိုရီးယားနိုင်ငံ (အောက်တိုဘာလ)၊ ဗြိတိန်နှင့်အိုင်ယာလန်နိုင်ငံ (ဒီဇင်ဘာလ)၊ နယ်သာလန်နိုင်ငံ(အောက်တိုဘာလ (၁၀) ရက်)၊ ဘယ်လ်ဂျီယံနိုင်ငံ(နိုဝင်ဘာလ(၁၃) ရက်)၊ အိန္ဒိယနိုင်ငံတို့တွင် ရုံတင်ဖြန့်ချိတော့မည် ဖြစ်ကြောင်း ထုတ်လုပ်သူများက ဩဂုတ်လ(၁၉)ရက် နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါဇာတ်ကားကို နိုင်ငံတကာဖြန့်ချိ မှုအား Mokster Films အမှုဆောင်အရာရှိချုပ် နယ်လ်ဆွန်မော့ခ်က ကိုင်တွယ်ကြောင်းလည်း သိရသည်။ နယ်လ်ဆွန်မော့ခ်က “ အရှေ့တောင်အာရှ ရုပ်ရှင်တွေက ထွန်း ပေါက်သွားတာမျိုး သိပ်မရှိသေးပေမယ့် ဖြန့်ချိသူတွေက ဒီဇာတ်ကားကို နိုင်ငံတကာမှာ ဖြန့်ချိဖို့ စိတ်အားထက်သန်နေတာကို တွေ့ မြင်ရတာဝမ်းသာစရာပါပဲ။ ဒီဇာတ်လမ်းက သူတို့ရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ထိမိသွားစေတယ်ဆိုတာ ကတော့ သေချာပါတယ်” ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Nokia ဖုန်းများကို ထုတ်လုပ်သည့် HMD Global ကုမ္ပဏီက ပန်းရောင်ဘာဘီခေါက်ဖုန်းကို စတင်မိတ်ဆက်
RELATED POSTS
13 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
31 Aug 2024 | အနုပညာ,ပြည်တွင်း