'My Name is Gabriel' ရဲ့ လာမယ့်အပိုင်းတွေမှာ BLACKPINK အဖွဲ့ဝင် ဂျင်းနီက ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်
ရောင်နီ (NSS) - စက်တင်ဘာ ၄
တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့၊ BLACKPINK ရဲ့ အဖွဲ့ဝင် ဂျင်းနီဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ တောင်ကိုရီးယား ဒရာမာ စီးရီး 'My Name is Gabriel' မှာ ဧည့်သည် သရုပ်ဆောင် အနေနဲ့ ပါဝင်သွားမယ်လို့ သိရပါတယ်။
ဒီအကြောင်းကို BLACKPINK အဖွဲ့ဝင် ဂျင်းနီက JTBC ရှိုးမှာ စက်တင်ဘာ ၃ ရက်နေ့က ပြောကြားခဲ့တာပါ။ ဂျင်းနီ ပါဝင်တဲ့ အပိုင်းတွေဟာ သောကြာနေ့၊ စက်တင်ဘာ ၂၇ မှ အောက်တိုဘာလ ၄ ရက်ထိ ထုတ်လွှင့်ပြသမယ့် အပိုင်းတွေမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဖျော်ဖြေရေးနယ်ပယ် အတွင်းလူတွေရဲ့ ပြောကြားချက်အရ ဂျင်းနီဟာ အခုတလော variety show တွေမှာ ပါဝင်နေသလို သူမရဲ့ ဂီတ အသက်မွေးဝမ်းကြောင်းထက် တစ်ကိုယ်တော် အနုပညာ လှုပ်ရှားမှုတွေကို ပိုပြီးအာရုံစိုက်လုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဂျင်းနီဟာ tvN ရဲ့ ရုပ်သံအစီအစဉ် 'Apartment 404' မှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။
ကျော်ကြားတဲ့ celebrity တစ်ယောက်က ရုပ်ဖျက်ပြီး ပုံမှန်ဘဝမှာ သာမန်လူတွေနဲ့ နေထိုင်ခြင်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ "My Name is Gabriel" ဒရာမာမှာ သရုပ်ဆောင် ပက်ခ်ဘိုဂမ်၊ ယန်ဟေးရန်၊ ဂျီချောငိဝုခ်၊ ပက်ခ်မြောင်ဆိုး၊ ဟွန်ဂျင်ကောင်း တို့လို နာမည်ကျော် အနုပညာရှင်တွေ အပါအဝင် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
K POP အဆိုတော် ဟွန်းအာ နဲ့ အဆိုတော် ရောင်ဂျန်ဟွန် တို့စုံတွဲ Prewedding ပုံရိပ်တွေ ပြသလာ
RELATED POSTS
13 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
31 Aug 2024 | အနုပညာ,ပြည်တွင်း