Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရားမဝင်တက်ကြွလှုပ်ရှားသူ ခြောက်ဦး၏ နိုင်ငံကူးလက်မှတ်များကို ဟောင်ကောင်အစိုးရ ပယ်ဖျက်

ALynn (NSS) - ဇွန် ၁၂

ဗြိတိန်သို့ ထွက်ပြေးသွားသော တက်ကြွလှုပ်ရှားသူ ခြောက်ဦး၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်လိုက်ပြီး ၎င်းတို့အား “အလိုရှိသော တရားမ၀င် ရာဇ၀တ်ကောင်များ”ဟု ဟောင်ကောင်အစိုးရက ဗုဒ္ဓဟူးနေ့ (ဇွန် ၁၂ ရက်)တွင် ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။ 


အာဏာပိုင်များက ၂၀၁၉ ခုနှစ်အတွင်း ပြင်းထန်သော ဆန္ဒပြပွဲများကို ဖြိုခွင်းခဲ့ပြီးကတည်းက ဟောင်ကောင်သည် သဘောထားကွဲလွဲမှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့ကြောင့် ဗြိတိန်နှင့် အမေရိကန်တို့ကဲ့သို့ ဝေဖန်သူများက ဟောင်ကောင်အစိုးရသည် ပြည်သူများ၏လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်နေသည်ဟု သုံးသပ်ခဲ့သည်။

အမျိုးသားလုံခြုံရေးရာဇ၀တ်မှုကျူးလွန်သည်ဟု အာဏာပိုင်များက စွပ်စွဲခံထားရသည့် ပြည်ပ အခြေစိုက်တက်ကြွလှုပ်ရှားသူ (၁၃)ဦးအတွက် ဟောင်ကောင်ဒေါ်လာ ၁ သန်း (အမေရိကန် ဒေါ်လာ ၁၂၈,၀၀၀) ကို ပြီးခဲ့သည့်နှစ်တွင် ဟောင်ကောင်အစိုးရက ဖမ်းဝရမ်း ဆုကြေးငွေ ထုတ်ခဲ့သည်။ ဗုဒ္ဓဟူးနေ့က “အလိုရှိသော တရားမ၀င် ရာဇ၀တ်ကောင်များ” ဟု သုံးနှုန်းခဲ့သော ခြောက်ဦးစလုံးမှာ ဆုငွေဝရမ်းထုတ်ထားသောစာရင်းတွင် ပါဝင်ကြပြီး ၎င်းတို့အားလုံးမှာ ဗြိတိန်တွင် ပုန်းအောင်းနေကြကြောင်း ဟောင်ကောင်အစိုးရပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့၏ ဟောင်ကောင်ပတ်စပို့များကို ဖျက်သိမ်းခြင်းအပြင် အထောက်အပံ့ပေးခြင်း၊ အငှားချ ထားခြင်း သို့မဟုတ် ၎င်းတို့ကိုယ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပေးသူ မည်သူမဆို ထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံရနိုင်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့ခြောက်ဦးမှာ ပါလီမန် အမတ်ဟောင်း Nathan Law၊ ဝါရင့်သမဂ္ဂအဖွဲ့ဝင် Christopher Mung Siu-tat၊ တက်ကြွ လှုပ်ရှားသူများဖြစ်သည့် Finn Lau၊ Fok Ka-chi၊ Choi Ming-da နှင့် ဗြိတိန်ရှိ အရပ်ဘက် လူ့အဖွဲ့အစည်း Hongkongers အဖွဲ့ကို တည်ထောင်သူ Simon Cheng တို့ဖြစ်သည်။

မတ်လတွင် အတည်ပြုခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေပါ ပုဒ်မ ၂၃ အား ကိုးကား၍ ဟောင်ကောင်တာဝန်ရှိသူများက ၎င်းတို့၏ပတ်စ်ပို့များကို ဖျက်သိမ်းရန်အတွက် ကြိုးပမ်းခဲ့ ကြောင်း ဖော်ပြခဲ့သည်။ Finn Lau သည် အစိုးရအား ဗုဒ္ဓဟူးနေ့တွင် ရှုတ်ချခဲ့ပြီး ၎င်းသည် ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်အား တရုတ်ပြည်မကြီးထံ မလွှဲပြောင်းမီ ဗြိတိသျှကိုလိုနီဟောင်း လက်ထက်အတွင်း မွေးဖွားသော ဟောင်ကောင်နိုင်ငံသားများအတွက် ရရှိနိုင်သော ဗြိတိန်နိုင်ငံ ကူးလက်မှတ်ကို ကိုင်ဆောင်ထားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Nathan Law က ၂၀၂၁ ခုနှစ်ကတည်းက ဗြိတိန်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိထားသောကြောင့် ၎င်း၏ပတ်စ်ပို့ကို ဖျက်သိမ်းခြင်းသည် အရေးမပါဟု ပြောကြားခဲ့သည်။ ထို့ပြင် ပြည်တွင်းရှိ ၎င်းနှင့်ပတ်သက်နေသော ထောက်ပံ့ကြေးပေးသူများသို့မဟုတ် ၎င်းနှင့်အတူ စီးပွားရေးလုပ်ကိုင် သူများအနေဖြင့် အစိုးရ၏အရေးယူဆောင်ရွက်မှုများကြောင့် စိုးရိမ်စရာအခြေအနေဖြစ်လာပါက ၎င်းတို့၏ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ဦးစားပေးကြရန်" Law က Facebook တွင် ရေးသားခဲ့သည်။

ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ကြား ပြင်းထန်စွာ ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့သည့် ၂၀၁၉ ခုနှစ် ဆန္ဒပြပွဲများ ငါးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဟူးနေ့ လှုပ်ရှားမှုသည် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ် တရုတ်ပြည်မကြီးထံ မလွှဲပြောင်းမီ ဗြိတိသျှ ကိုလိုနီဟောင်း၊ ဟောင်ကောင်မြို့တော်သည် ပြည်မကြီးထက် လွတ်လပ်မှုနှင့် အခွင့်အရေးများကို ပိုမိုရရှိပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်များအတွက် နှစ်ရှည်လများ ထောက်ခံအားပေးသည့် ခိုင်မာသော အတိုက်အခံအစုအဖွဲ့တစ်ခုရှိနေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်အစိုးရက မြန်မာနိုင်ငံကို ကင်းလှည့်ရေယာဥ် (၆)စီး ထောက်ပံ့ပေးအပ်

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved