Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
ရောင်နီ (NSS) - အောက်တိုဘာ ၁၈
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ အစီရင်ခံစာအရ Coca-Cola ဟာ Minute Maid Zero Sugar Lemonade တံဆိပ်တပ်ထားတဲ့ ပုလင်းတွေမှာ Full - Sugar version ပါရှိနေတာ တွေ့ရတာကြောင့် အချိုရည်ပုလင်း (၁၃,၀၀၀)ကျော် ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
Coca-Cola ရဲ့ Minute Maid Lemonade တစ်ဗူးမှာ သကြား (၄၀)ဂရမ် ပါဝင်နေတယ်လို့ Amazon ရဲ့ ထုတ်ကုန်အချက်အလက်တွေအရ သိရပါတယ်။ ဒါကြောင့် FDA က ကျန်းမာရေး အန္တရာယ်နဲ့ပတ်သက်ပြီး အန္တရာယ်အဆင့် II ထိ သတ်မှတ်ခဲ့ပါတယ်။ အဆိုပါ အချိုရည်တွေကို အမေရိကန် အင်ဒီယားနား၊ ကန်တပ်ကီနဲ့ အိုဟိုင်းယိုးပြည်နယ်ရှိ လက်လီရောင်းချရေး စတိုးဆိုင်တွေဆီ တင်ပို့ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဝယ်ယူသူတွေက ပါကင်မှာရိုက်နှိပ်ထာတဲ့ Minute Maid Lemonade ရဲ့ ကုဒ်နံပါတ် FEB1725CNA သို့မဟုတ် FEB1725CNB ကုဒ်တွေကို သတိထား ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ပြန်လည်သိမ်းဆည်းမှုဟာ စက်တင်ဘာလ အစောပိုင်းတည်းက စတင်ခဲ့တာ ဖြစ်ပေမယ့် အဲဒီအချိန်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။ FDA ရဲ့ အဆိုအရတော့ ဒီပြန်လည်သိမ်းဆည်းမှု လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
RELATED POSTS
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
23 Sep 2024 | ကျန်းမာရေး,ပြည်တွင်း
07 Sep 2024 | ကျန်းမာရေး,ပြည်တွင်း