တရုတ်အစိုးရက မြန်မာနိုင်ငံကို ကင်းလှည့်ရေယာဥ် (၆)စီး ထောက်ပံ့ပေးအပ်

Pearl (NSS) - ဇွန် ၁၂
တရုတ်အစိုးရက မြန်မာနိုင်ငံကို ကင်းလှည့်ရေယာဥ် (၆)စီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သော ကင်းလှည့်ရေယာဥ် (၆)စီးကို ယမန်နေ့ ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်သံရုံးက ဆိုသည်။
အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံထံသို့ တရားဝင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်က ၂ဝ၂၀ ပြည့်နှစ်၊ သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဆိုပါစီမံကိန်း၏ လဲလှယ်မှုစာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါကင်းလှည့်ရေယာဥ်များသည် မြန်မာနိုင်ငံ၏ ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ်ကာကွယ် အသုံးချမှုလုပ်ငန်းများကို ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှစ၍ တရားဥပဒေစိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာများကို ပိုမိုပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကိုလည်း အဆက်မပြတ်တိုက်ဖျက်ကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခြင်းအား မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း တရုတ်သံရုံးက ဆိုသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသည် ၎င်း၏နျူကလီးယားမူဝါဒကို ပြောင်းလဲနိုင်ခြေရှိကြောင်းဖော်ပြ
RELATED POSTS
18 Mar 2025 | နိုင်ငံရေး,ပြည်တွင်း
14 Mar 2025 | နိုင်ငံရေး,နိုင်ငံတကာ
14 Mar 2025 | နိုင်ငံရေး,ပြည်တွင်း