Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
‘‘ Quad ’’ မှသည် ‘‘ Squad ’’ ဆီသို့ (ဆောင်းပါး)

ALynn (NSS) - ဇွန် ၁၁

အင်ဒိုပစိဖိတ်ဒေသအတွင်း မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြင့်မားလာကြောင်း သရုပ် သကန်ပြတဲ့အနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင် ၄ နိုင်ငံ ပါဝင်တဲ့ “Squad” အဖွဲ့ အဖြစ် လှုပ်ရှားဆောင်ရွက်နေကြောင်း အသိပေးခဲ့ပါတယ်။ Squad ကာကွယ်ရေးအကြီးအကဲတွေရဲ့ ပထမဆုံးတွေ့ဆုံမှုကို ၂၀၂၃ ခုနှစ် ဇွန်လမှာ ပြုလုပ်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲကျင်းပနေစဉ်မှာပဲ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ပြင် ၂၀၂၄ ခုနှစ် ဧပြီလမှာ လေးနိုင်ငံက ပူးတွဲရေကြောင်းကင်းလှည့်ခြင်းကို ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း တရုတ်နဲ့ဖိလစ်ပိုင်တို့အကြား တင်းမာမှုမြင့်တက်လာတာကို သိသာစေတဲ့ လှုပ်ရှားမှု တစ်ခုလည်း ဖြစ်နေပါတယ်။ ဒေသတွင်းမှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေ၊ နယ်နိမိတ်ပြဿနာတွေကြောင့် အိမ်နီးချင်းနိုင်ငံ တွေအဖို့ စိုးရိမ်မှုတွေ မြင့်မားလာစေပါတယ်။ Squad အဖွဲ့ကြီးမှာတော့ အရင်း အမြစ်ပိုင်းရော၊ စွမ်းဆောင်ရည်ပိုင်းရော သာလွန်တဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာကြောင့် ဒေသတွင်းနိုင်ငံတွေအတွက် မျှော်လင့်ချက် တစ်ခုတော့ဖြစ်လာ စေပါ တယ်။ Squad အဖွဲ့မှာဆိုရင် အမေရိကန်ရဲ့ဒေသ တွင်းမိတ်ဖက်တွေဖြစ်တဲ့ ဩစတြေးလျနဲ့ ဂျပန်က ရေကြောင်းနဲ့ ကာကွယ်ရေးဆိုင်ရာ အထောက်အပံ့တွေကို ဖောဖောသီသီ ပေးနိုင်ပါတယ်။ ဖိလစ်ပိုင် အနေနဲ့ကတော့ ၎င်းရဲ့တည်ရှိမှု ကိုက ပထဝီအနေ အထားအရ အရေးပါနေတာကြောင့် ဒီအဖွဲ့ထဲမှာ ပါဝင်ဖို့ အခွင့်အရေးရလာတာ ဖြစ်ပါတယ်။

Quad က အလုပ်မဖြစ်လို့  Squad ကို ဖွဲ့စည်းခြင်းလား

လေးနိုင်ငံလုံခြုံရေးဆိုင်ရာမိတ်ဖက်ဖြစ်တဲ့ Quad ဟာ အင်ဒိုပစိဖိတ်ဒေသရဲ့ လုံခြုံရေးကို ဖြေရှင်းဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာ ယခုဆိုရင် ဆယ်စုနှစ် ၂ ခုနီးပါး ရှိပြီဖြစ်ပါတယ်။ လုံခြုံရေးကို ဦး စားပေးပေါ်ပေါက်လာခြင်းဖြစ်ပေမယ့် Quad ရဲ့ မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေမှာ စီးပွားရေး၊ သံတမန်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍ တွေလည်း ပါဝင်နေပါတယ်။ သို့သော်  Quad အဖွဲ့အနေနဲ့ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာကတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မတူကွဲပြားတဲ့ အမျိုးသားအကျိုး စီးပွားနဲ့ ရည်မှန်းချက်တွေကို လိုက်ညှိနေရတာပဲဖြစ် ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မဟာဗျူဟာမြင်သုံးသပ် ချက်တွေနဲ့ စီးပွားရေးအကျိုးအမြတ်တွေက အတိတ် ကပဋိပက္ခတွေကို အခြေခံနေတာကြောင့် တချို့ကိစ္စတွေမှာ ညှိယူဖို့ ကြန့်ကြာနေတတ်ပါတယ်။ အထူး သဖြင့် ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားရာ မှာ စည်းမျဉ်းကို အခြေခံတဲ့နည်းလမ်းကို ကျင့်သုံးတဲ့အတွက်ကြောင့် အရေးကြီးတဲ့ကိစ္စရပ်တွေမှာ သဘောတူညီချက်ရဖို့ ခက်ခဲနေတတ်ပါတယ်။ 

ဒါ့ပြင် Squad ပေါ်လာချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် Quad ခေါင်းဆောင်တွေရဲ့ နယူးဒေ လီထိပ်သီးအစည်း အဝေးကို ရွှေ့ဆိုင်းလိုက်တာအပြင် အိန္ဒိယရဲ့ မကြာသေးမီက နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အပြောင်းအလဲတွေဖြစ်တဲ့ ရုရှား -ယူကရိန်းပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေမှာ ကြားနေအဖြစ်သာနေခြင်း၊ အမေရိကန်ရဲ့ လိုလားချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရုရှားနဲ့ ကုန်သွယ်မှုဆက်ဆံရေး ရှိနေခြင်း၊ ရုရှားထုတ် S-400 ဒုံးကျည်စနစ်တွေ ဝယ်ယူခြင်း၊ အီရန်နဲ့ Chabahar ဆိပ်ကမ်းသဘော တူညီချက်ပြုလုပ်ခြင်းတို့ကြောင့် Quad ရဲ့ စည်းလုံး ညီညွတ်မှုအပေါ်  သံသယ ဖြစ်စရာတွေ တိုးပွားလာပါတယ်။  

ဒါဆိုရင် Quad က အလုပ်မဖြစ်ဖူးလို့ ဆိုလိုချင်တာလား။ အဲဒီလို ယူဆလို့တော့မရပါဘူး။ ပထဝီနိုင်ငံရေးမှာ တံခါးချပ်တိုင်းက အရေးပါနေလို့ လုံးဝပိတ်ပစ်တယ်ဆိုတာမျိုးက ရှားပါတယ်။ မဟာ မိတ်ဆက်ဆံရေးနဲ့ပတ်သက်လို့ အမေရိကန်က စစ်အေးတိုက်ပွဲကာလတစ်လျှောက်လုံး hub-and-spoke model ကိုကျင့်သုံးခဲ့ပါတယ်။ ၎င်းက ဗဟို ချက်မနေရာမှာရှိနေပြီး အခြားသော မဟာမိတ်နိုင်ငံတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေး လက်တံတွေကို ဖြန့်ကြက်တဲ့ပုံစံမျိုးဖြစ် ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ် ဗဟုဝင်ရိုးကမ္ဘာကို ရောက်လာတဲ့အချိန်မှာ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေက အသွင် အမျိုးမျိုးဖြစ်လာတော့ ပိုပြီးများပြားတဲ့ကွန်ရက်ပုံစံဗျူဟာနဲ့သွားမှ အဆင်ပြေတော့မယ့်အနေအထား‌ရောက်လာ ပါ တယ်။ ဥပမာ- တရားဝင်မဟာမိတ်တွေဖြစ်တဲ့ နေတိုးဟာ ပြောင်းလဲလာတဲ့ အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးနဲ့ ပတ်သက် လို့ တုံ့ပြန်ရာမှာ လိုက်လျောညီထွေမရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တရားဝင်မဟုတ်တဲ့ QUAD, AUKUS နဲ့  Squad တို့လို မိတ်ဖက်အဖွဲ့တွေကနေတစ်ဆင့် လတ်တလောဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို လိုက်လျောညီထွေရှိတဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေနဲ့ တုံ့ပြန်သွားဖို့အကြောင်း ဖန်လာရပါတော့တယ်။ လက်ရှိပုံစံကတော့ အင်ဒို-ပစိဖိတ် ဒေသတစ်ဝိုက်က စိတ်တူသဘောထားတူရှိတဲ့ နိုင်ငံတွေနဲ့အတူ အလွတ်သဘောမဟာမိတ်ဖွဲ့ခြင်း ဖြစ်ပြီးဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လိုက်လျောညီထွေရှိရှိ ပူးပေါင်းဆောင်ရွက်သွားဖို့ ပဲဖြစ်ပါတယ်။ 

အင်ဒို-ပစိဖိတ်ဒေသမှာ Quad, AUKUS နဲ့  Squad တို့ဟာ အရေးပါတဲ့ ဇာတ်ကောင်တွေဖြစ်ပြီး သူတို့ဟာ တသီး တသန့်ပုံစံမျိုးနဲ့ လှုပ်ရှားတာ ထက်အခြားသော ဒေသတွင်းအဖွဲ့အစည်းတွေ ဥပမာ- အာဆီယံလို ဒေသတွင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းတွေကိုလည်း လုပ်ဆောင်တတ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ရာ ကနေ ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်သွယ်ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်သလို မဟာဗျူဟာမြောက် ပေါင်းစည်းမှုဆီဦးတည် နိုင်ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ ပိုမိုခိုင်မာပြီး သာတူညီမျှရှိတဲ့ လုံခြုံရေးမူဘောင် တစ်ခုအဖြစ် ဖန်တီးလာနိုင်မှာ ပဲဖြစ်ပါ တယ်။

အင်ဒို-ပစိဖိတ်ဒေသရဲ့ ပြောင်းလဲလျက်ရှိတဲ့ လုံခြုံရေးပြဿနာတွေနှင့် ပထဝီဝင်နိုင်ငံရေး အနေအထားတွေ ကြောင့် အလွတ်သဘောအုပ်စု အသစ်တွေ ပေါ်ပေါက်လာတာ အံ့ဩစရာတော့ မရှိပါဘူး။ နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး တိုးတက်စေဖို့အတွက် မဟာမိတ်တွေဖွဲ့၊ ဆက်ဆံရေးတွေ တိုးမြှင့်ကြခြင်းဖြင့် အင်ဒို- ပစိဖိတ်ဒေသက အချက်အချာကျတဲ့ မဟာဗျူဟာတိုက်ပွဲတွေဆင်နွှဲရာ ဖြစ်လာပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ ကြုံတွေ့နေရတဲ့ ရှုပ်ထွေးပွေလီသော လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် နောက်ထပ်  Quad နဲ့တူတဲ့ မဟာမိတ်အဖွဲ့တွေကို ထပ်မံထူထောင်ဖို့ အဓိပ္ပာယ်ရှိ လာတာ ဖြစ်ပါတယ်။ 

လျှော့တွက်လို့မရတဲ့ Quad ရဲ့ဖြစ်တည်မှု

နီးစပ်တဲ့ဒေသတွင်းလေ့လာသုံးသပ်သူ အချို့က “Squad က Quad ထက်ပိုပြီး အလုပ်ဖြစ်မယ့် ယန္တရား တစ်ခုဖြစ်တယ်” လို့သုံးသပ်ထားကြပါတယ်။ တရုတ်ရဲ့ ဖိလစ်ပိုင်အပေါ် တိုးပွားလာတဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖို့အတွက် Squad က အချိန်ကိုက်ဖြစ်ပေါ်လာတဲ့ ယန္တရားဖြစ်ပါတယ်။ ဖိလစ်ပိုင်က တရုတ်ရဲ့ တရားမဝင်ရေကြောင်းပိုင် နက်ဆိုင်ရာတောင်းဆိုမှုတွေကို နိုင်ငံရေး၊ စစ်ရေးဆိုင်ရာနည်းလမ်းပေါင်းစုံနဲ့ ပြန်တုံ့ပြန်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အစောပိုင်းမှာ အမေရိကန်က သမ္မတ  Ferdinand Marcos Jr. ကို ယုံကြည်လို့ရမရ တွေဝေနေသေး ပေမယ့် အခုတော့ ဖိလစ်ပိုင်က အမေရိကန်ရဲ့ အဓိကမိတ်ဖက်ဖြစ်လာခဲ့ပါတယ်။

Squad အဖွဲ့နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားဖို့ အချက်(၂) ချက်ရှိနေပါတယ်။ ပထမအချက်ကတော့ ဖိလစ်ပိုင်က ၎င်းရဲ့မိတ်ဖက်တွေနဲ့အတူ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို တန်ပြန်ဖို့ စစ်ဆင်ရေးလှုပ်ရှားတွေမှာ ပါဝင်ဖို့ အတွက် စစ်ရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ လုပ်ဆောင်နိုင်စွမ်းက ကင်းမဲ့နေပါတယ်။ ဒါကြောင့် ဖိလစ်ပိုင် အနေနဲ့ ှဆကေိ အဖွဲ့ကပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့က မစွမ်းနိုင်သေးပါဘူး။ ဒါ့ပြင် အာဆီယံက ချမှတ်ထားတဲ့ ဘုံစည်းမျဉ်းဥပဒေတွေ၊ ကတိကဝတ်တွေကလည်း ဖိလစ်ပိုင်ရဲ့လှုပ်ရှားဆောင်ရွက် မှုတွေအပေါ် ကန့်သတ်လာနိုင်ပါ တယ်။ ဒါကြောင့် Squad အဖွဲ့အနေနဲ့ တောင်တရုတ်ပင်လယ်ရေပြင်မှာ အကန့်အသတ်နဲ့သာ အလုပ်ဖြစ်မယ်လို့ဆိုလို ချင်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ Quad ကို အလုပ်မဖြစ်ဖူးဆိုပြီး အလျင်စလို ဖယ်ထုတ်ပစ်တာမျိုး မလုပ်သင့် ပါဘူး။ အိန္ဒိယရွေးကောက်ပွဲ ရလဒ်နဲ့ နောက်ထပ် Quad ထိပ်သီးညီလာခံ ကျင်းပမယ့် အချိန်ရယ်က Quad တကယ် အလုပ် ဖြစ်/ မဖြစ် အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အစိုးရသစ် ဖွဲ့စည်းပြီးရင် အိန္ဒိယက Quad ထိပ်သီးအစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ နှစ်ဝက်လောက်မှာ ကျင်းပသွားဖို့ ရည်ရွယ်ထားပါတယ်။ 

အိန္ဒိယရဲ့ မကြာသေးမီက ပြောင်းလဲလာတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့  Quad ရဲ့စည်းလုံးညီ ညွတ်မှုကို ချိန်ထိုးကြည့် မယ်ဆိုရင်လည်း အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးရဲ့မှတ်ချက်ကိုပဲ ကိုးကားချင်ပါတယ်။ ၂၀၂၂ ခုနှစ် မြူးနစ်လုံခြုံရေး ညီလာခံမှာ ၎င်းက “Quad ကို တခြားစာချုပ်မဟာမိတ်တွေနဲ့နှိုင်းယှဉ်လို့မရကြောင်း၊  Quad က အလွတ်သဘောမဟာ မိတ်ဖြစ်ပြီး မတူကွဲပြားပြောင်းလဲနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ၂၁ ရာစုနည်းလမ်းနဲ့ဖြေရှင်းခြင်း ဖြစ်ကြောင်း” မှတ်ချက်ပြုခဲ့ပါတယ်။ အိန္ဒိယက ဖိလစ်ပိုင်၊ ဩစတြေးလျနဲ့ ဂျပန်တို့လို အမေရိကန်ရဲ့ စာချုပ်မဟာမိတ် မဟုတ်ပါဘူး။ အိန္ဒိယရဲ့ ပထဝီအနေအထား၊ စစ်ရေးစွမ်းဆောင်ရည်နဲ့ လူဦးရေ တိုးပွားနှုန်းတွေက Quad အဖွဲ့ကြီးအတွက် အဖိုးမ ဖြတ်နိုင်တဲ့ အဖွဲ့ဝင်ဖြစ်လာစေပါတယ်။ ၂၀၂၄ ခုနှစ်မှာ  Quad ထိပ်သီးညီလာခံကို လက်ခံကျင်းပမယ့် အိန္ဒိယအနေနဲ့  Quad  ရဲ့ လုံခြုံရေးနဲ့စစ်ရေးကဏ္ဍတွေကိုသာ ပိုအာရုံစိုက်သင့်ပါတယ်။  Quad အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ၎င်း ရဲ့အရေးပါမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ဆိုရင် ၎င်းဖွဲ့ စည်းရခြင်းရဲ့ အဓိကရည်မှန်းချက်ကို အဖွဲ့ဝင်တွေ အနေနဲ့ မမေ့လျော့ဘဲ လိုက်နာဆောင်ရွက်ကြဖို့ပါပဲ။ Quad ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ အင်ဒို-ပစိဖိတ် ဒေသတွင်း လုံခြုံရေးကို အမှန်တကယ်ကာကွယ်ထိန်း သိမ်းနိုင်မယ်ဆိုရင် ၎င်းရဲ့အခန်းကဏ္ဍက မှေးမှိန် သွားမှာမဟုတ်ပါဘူး။

Squad လိုအုပ်စုငယ်လေးတွေဖွဲ့စည်းဖို့ တွန်းအားပေးနေတဲ့ Minilateralism အယူအဆ ကမ္ဘာ့အခင်း အကျင်းဟာ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ စစ်အေး တိုက်ပွဲ အပြီးမှာ ဧကဝင်ရိုးကမ္ဘာ့အခင်းအကျင်းပုံစံနဲ့ သွားပေမယ့် ယခုထောင်စုနှစ် သစ်ကာလမှာတော့ ဗဟုဝင်ရိုးကမ္ဘာဆီကို ဦးတည်နေပါပြီ။ ဗဟုဝင်ရိုးကမ္ဘာမှာတော့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့အတွက် သိသာထင်ရှားတဲ့ အတား အဆီးတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒီစိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့အတွက် “Minilateralism” လို့ခေါ်တဲ့ သေးငယ်သောဝင်ရိုးများကို ဖန်တီးခြင်း အယူအဆနဲ့ ရှေ့ဆက်သွားဖို့ ဖြစ်လာပါတယ်။ Minilateralism အယူအဆအရ တူညီတဲ့စိန်ခေါ်မှုတွေနဲ့ အကျိုးစီးပွားအတွက် အုပ်စုငယ်လေးတွေကို ဖွဲ့စည်းကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ယနေ့ခေတ်မှာ နိုင်ငံတွေက အုပ်စုငယ်လေးတွေများစွာဖွဲ့ စည်းပြီး အခက်အခဲတွေကို အတူတကွရင်ဆိုင်ဖြေရှင်း ဖို့နဲ့ အပြန်အလှန် အကျိုးစီးပွားတွေကို ရယူရှာဖွေကြဖို့ ကြိုးပမ်းလာကြတာကို တွေ့ရပါတယ်။

Squad အဖွဲ့ပေါ်ပေါက်လာခြင်းကလည်း Minilateralism သဘောတရားပေါ်မှာပဲ အခြေခံနေပါတယ်။ ၎င်းတို့ရဲ့ ဘုံရန်သူ၊ ဘုံအန္တရာယ်က တရုတ်ဖြစ်သလို အင်ဒို-ပစိဖိတ်ဒေသကလည်း ၎င်းတို့ရဲ့ အကျိုးစီးပွားတည်ရှိရာ ဒေသဖြစ်တဲ့အတွက်ကြောင့် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့က အုပ်စုငယ်လေးကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။ အလားတူပဲ Quad တို့ AUKUS တို့ကလည်း ဤသို့ဤနှယ် သဘောတရားကိုအခြေခံပြီး ပေါ်ပေါက်လာ ခြင်းဖြစ်တယ်။ ဒါ့ကြောင့် Squad အဖွဲ့တင်မှမဟုတ်ဘူး။ နိုင်ငံတွေက ဘုံရန်သူနဲ့ အကျိုးစီးပွားတူရင် နောက်ထပ်အဖွဲ့ ပေါင်းများစွာကို ထပ်မံဖွဲ့စည်းသွားဦးမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် Squad ဟာလည်း Quad နဲ့ AUKUS တို့နည်းတူ တူညီသော ရည်မှန်းချက်တွေအပေါ် အခြေခံပြီး ပေါ်ပေါက်လာတဲ့ အလွတ်သဘောအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ Squad အဖွဲ့အစည်းသစ် ပေါ်ပေါက်လာလို့   Quad လို ယခင်က ဖွဲ့စည်းထားတဲ့ အုပ်စုတွေက အလုပ်မဖြစ်ဘူးလားလို့လည်း ကျွန်ုပ်တို့ ယူဆလို့မရပါဘူး။ ယနေ့ခေတ် ပထဝီနိုင်ငံရေး တိုက်ပွဲတွေမှာ အဘက်ဘက်ကနေ နည်းလမ်းပေါင်းစုံသုံးပြီး အသာစီးရဖို့ ကြိုးပမ်းနေကြတဲ့အတွက် အဖွဲ့အစည်းအားလုံးက သူ့နေရာနဲ့သူ လှုပ်ရှားဆောင်ရွက် နေမှာပါပဲ။ အဓိကက တော့ ဖွဲ့စည်းတည်ထောင်ရခြင်းရဲ့ မူလပန်းတိုင်၊ မူလရည်မှန်းချက်ကို မမေ့မလျော့ဘဲ ဆက်တိုက်ကြိုးပမ်းသွားမယ် ဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်သလို နိုင်ငံတွေအနေနဲ့လည်း ဒီလိုအုပ်စု ငယ်လေးတွေ ဖွဲ့စည်းရကျိုးနပ်စေမှာ ဖြစ်တယ်လို့ သုံးသပ်ရေးသားလိုက်ရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှုမှသည် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်သို့ (ဆောင်းပါး)

RECENT POSTS
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)
25 Jul 2024
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)
25 Jul 2024
ချေးငွေသက်တမ်း(၃)နှစ်ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိဟုဆို
25 Jul 2024
မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ
25 Jul 2024
ကမ္ဘာ့အထိုင်ဟောင်းမှသည် ကမ္ဘာ့အထိုင်သစ်ဆီသို့ (ဘာသာပြန်ဆောင်းပါး)
25 Jul 2024
မိုးကုတ် အကျိုးယုတ်ပြီလား ၊ KNU ခေါင်းဆောင်ဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်၊ လောက်ကိုင်ကို (၃)ကြိမ်မြောက် လေကြောင်းက ပစ်ပြီးနောက် အတည်ပြုရခက်ခဲသော Asia World ထွန်းမြင့်နိုင်ရဲ့စာတစ်စောင်ထွက်လာ (၂၄-၇-၂ဝ၂၄)
25 Jul 2024
ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးရာအတွက် ဝန်ကြီးဌာန ဘာလုပ်ပေးနေသလဲ(အပိုင်း-၁) (အင်တာဗျူး)
25 Jul 2024
ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့်ကို ဖြေလျှော့ပေးပြီးနောက် စက်ရုံနဲ့ဘဏ်တွေ ပြန်လည်ဖွင့်လှစ်လာ
24 Jul 2024
ဗိုလ်ချုပ်မှူးကြီးယူလိုက်တဲ့ တာဝန်အကြောင်း ရှင်းတမ်း၊ MNDAA ရဲ့လောက်ကိုင်ကို လေယာဉ်နဲ့ နှစ်ကြိမ်မြောက် ပစ်ပြခြင်း၊ အမေရိကန်သံရုံးရဲ့ မြန်မာတစ်နိုင်ငံလုံးကို စော်ကားတဲ့ကိစ္စ၊ တေဇာဆန်း ဘယ်လိုဝင်သလဲ (၂၃-၇-၂ဝ၂၄)
24 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved