တောင်ကိုရီးယားမှာ ကစီဓာတ်နဲ့ပြုလုပ်ထားတဲ့ သွားကြားထိုးတံကို ကြော်စားတဲ့ ဆိုရှယ်မီဒီယာ Trend နဲ့ ပတ်သက်ပြီး သတိပေးထား
ရောင်နီ (NSS) - ဇန်နဝါရီ ၂၆
တောင်ကိုရီးယားနိုင်ငံမှာ ကောက်ညှင်းကြော်နဲ့ဆင်တူတဲ့ ကစီဓာတ်နဲ့ပြုလုပ်ထားတဲ့ သွားကြားထိုးတံကြော်တွေ ကို မစားဖို့ တောင်ကိုရီးယား အစားအသောက်ဝန်ကြီးဌာနက ကျန်းမာရေး သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ သွားကြားထိုးတံကို ဒိန်ခဲမှုန့်လို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ကြော်လှော်ပြီး စားသုံးနေကြတဲ့ ဗီဒီယိုဖိုင် တွေ TikTok ၊ Instagram မှာ Like and Share များစွာနဲ့ trend ဖြစ်နေပါတယ်။ "ဒါကို အစားအစာအဖြစ် ဘေးကင်းရဲ့လားဆိုတာတောင် အတည်မပြုရသေးဘူး" လို့ အစားအသောက်နဲ့ ေ ဆေးဝါးဘေးကင်းရေး ဝန်ကြီးဌာနက လူမှုမီဒီယာပလပ်ဖောင်း X မှာ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၅ ရက်) က ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
သွားကြားထိုးတံတွေဟာ ကန်စွန်းဥ (သို့မဟုတ်) ပြောင်းဖူးမှ ကစီဓာတ်နဲ့ အရောင်ဆိုးဆေး အနည်းငယ် သုံးကာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ တောင်ကိုရီးယားရှိ စားသောက်ဆိုင်တွေမှာ အသုံးပြုလေ့ရှိပါတယ်။
အဆိုပါ သွားကြားထိုးတံတွေကို ကြော်လှော်စားသောက်ပြခြင်းကတော့ အစားအသောက်ပမာဏ အလွန်အကျွံစား သူများ (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ဟင်းလျာတွေကို မကြာခဏ စားသောက်ပြလေ့ရှိတဲ့ "Mukbang" (ခေါ်) အစားအသောက် blogger တွေက စားသောက်ပြခဲ့ခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်နေတဲ့ ခြံအမှတ်(၅၄)ကို ဒေါ်လာ သန်း(၉ဝ)လောက်နဲ့ လေလံတင်မယ်၊ အမေရိကားမှာ အိမ်ဝယ်လိုက်လို့ ပြဿနာရှင်းနေရတဲ့ ပန်ဆယ်လို (၂၅-၁-၂ဝ၂၄)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ