စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ စတင်ပြုလုပ်
Pika (NSS) - ဇန်နဝါရီ ၂၅
အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် စစ်အေးခေတ်နောက်ပိုင်း ၎င်း၏ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကို ဇန်နဝါရီလ(၂၄)ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
လပေါင်းများစွာကြာမြင့်မည့် Steadfast Defender 2024 အမည်ရှိ စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်(၉)သောင်း ကျော် ပါဝင်မည်ဖြစ်ကြောင်း နေတိုးအဖွဲ့က ပြောကြားခဲ့သည်။
"နေတိုးအဖွဲ့ဟာ မြောက်အမေရိကမှ တပ်ဖွဲ့ဝင်တွေရဲ့အတ္တလန္တိတ်ဖြတ်ကျော်လှုပ်ရှားမှုတွေက တစ်ဆင့် ယူရို-အတ္တလန္တိတ်ဒေသမှာ ပိုမိုအားကောင်းအောင်လုပ်ဆောင်မယ့် စွမ်းရည်တွေကို ပြသပါလိမ့်မယ်။ Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုဟာ ကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်မှု၊အင်အားနဲ့အချင်းချင်း ကာကွယ်ရမယ် ဆိုတဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်တော်တို့ရဲ့တန်ဖိုးနဲ့ စည်းမျဉ်းအခြေခံတဲ့နိုင်ငံတကာအမိန့်တွေကို ထင်ရှားစွာပြသနိုင် မယ့် စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်လာပါလိမ့်မယ်" ဟု နေတိုးအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ခရစ်စတိုဖာကာဗိုလီက ပြောခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ရုရှားကဲ့သို့သော ပြိုင်ဖက်နိုင်ငံထံမှ တိုက်ခိုက်မှုများကို အဖွဲ့ဝင်နိုင်ငံပေါင်း (၃၁) နိုင်ငံ ပါဝင်သည့်နေတိုးအဖွဲ့က မည်ကဲ့သို့လက်တုံ့ပြန်မှုများလုပ်ဆောင်မည်ဆိုသည့်ပုံစံများကို လေ့ကျင်ရန် စီစဉ် ထားခြင်းဖြစ်ကြောင်း သိရသည်။
Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုတွင် တစ်ဦးချင်းလေ့ကျင့်မှုများလည်း ပါဝင်မည်ဖြစ်ပြီး မြောက်အမေရိကတိုက်မှ ရုရှားနယ်စပ်နှင့် နီးကပ်သော နေတိုးအဖွဲ့အရှေ့ခြမ်းအထိ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်ရေးလေ့ကျင့်မှုတွင် ရေတပ်သင်္ဘောအစီးရေ (၅ဝ)စီး၊ တိုက်လေယာဉ်အစင်းရေ(၈ဝ) စင်း နှင့် တိုက်ခိုက်ရေးယာဉ် (၁၁ဝဝ) ကျော် ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြုလုပ်သည့် အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃)နှစ်နီးပါးအတွင်း အရေးယူခဲ့သည့် အွန်လိုင်းလိမ်လည်မှုပေါင်း(၅၀၀) နီးပါးတွင် နိုင်ဂျီးရီးယားနိုင်ငံသား(၂၃)ဦးပါဝင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ