ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်ကျော်ဝင်ရောက်လာသော အမေရိကန်ဖျက်သင်္ဘောတစ်စီးကို ခြေရာခံစောင့်ကြည့်ခဲ့ကြောင်း တရုတ်စစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၂၅
ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်ကျော်ဝင်ရောက်လာသော အမေရိကန်ဖျက်သင်္ဘောတစ်စီးကို စောင့်ကြည့်မှုများ လုပ်ဆောင်ရန်အတွက် တပ်ဖွဲ့ဝင်များကိုစေလွှတ်ခဲ့ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။
အမေရိကန်ဖျက်သင်္ဘော USS John Finn သည် ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းသွားခဲ့ကြောင်း တရုတ် စစ်တပ်၏ အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
"မကြာသေးမီက အမေရိကန်ဟာ ရန်စတဲ့လုပ်ရပ်တွေကို မကြာခဏလုပ်ဆောင်ခဲ့ပြီး ဒေသအတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေခဲ့ပါတယ်။ တရုတ်စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေဟာ အချိန်တိုင်း အသင့်အနေအထားနဲ့ရှိနေပြီး တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ကာကွယ်နေပါတယ်" ဟု ပြောခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အမေရိကန် နှင့် ကနေဒါတို့၏ စစ်သင်္ဘောများသည် နှစ်လအတွင်း ထိုင်ဝမ်ရေလက်ကြားကို နှစ်ကြိမ်မြောက် ပူးပေါင်းဖြတ်သန်းခဲ့ပြီးနောက် တရုတ်အစိုးရဖက်က အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူးကြောင်းလည်း သိရသည်။
ထို့အပြင် အမေရိကန်ရေတပ်၏ ကင်းလှည့်လေယာဉ်များလည်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ဖူးပြီး တရုတ်ဖက်က သတိပေးပြောဆိုမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ထိုင်ဝမ်သို့ အမေရိကန်၏ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေခြင်းကိုလည်း ရပ်တန့်ရန် တရုတ်ဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ဖူးကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ စတင်ပြုလုပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ