ပုလဲမြို့ရှိ အထက်တန်းကျောင်းကို PDF အဖွဲ့က ဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား(၃)ဦး ဗုံးစထိမှန်ဒဏ်ရာရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ ကျောင်းသူ၊ ကျောင်းသား (၁၅၀) ပညာ သင်ယူနေသည့် အခြေခံပညာအထက်တန်းကျောင်းကို PDF အဖွဲ့က ဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား (၃)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၉ နာရီအချိန်တွင် ပုလဲမြို့၊ မြောင်းပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ပုလဲ)၌ အထက်ပါကဲ့သို့တိုက်ခိုက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအထက်တန်းကျောင်းကို PDF အဖွဲ့ဝင်(၁၀)ဦးခန့်က စာသင်ကျောင်း ၏အရှေ့မြောက်ဘက် မီတာ(၁၅၀၀)ခန့်အကွာ လယ်ကွင်းများဘက်မှနေ၍ Drone ဖြင့် Drop Bomb(၂)လုံး ပစ်ချတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ ဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ဝင်ပေါက်အနီး မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲသွားခဲ့ပြီး စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသည့် ကျောင်းသားများဖြစ်သော Grade-8 မှ မောင်ညီခန့်ဇော်(၁၅)နှစ်၊ Grade-7 မှ မောင်လင်းပြည့်အောင်(၁၄)နှစ် နှင့် Grade-4 မှ မောင်မင်းပြည့်အောင်(၁၂)နှစ်တို့ (၃)ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား(၃)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်ကျော်ဝင်ရောက်လာသော အမေရိကန်ဖျက်သင်္ဘောတစ်စီးကို ခြေရာခံစောင့်ကြည့်ခဲ့ကြောင်း တရုတ်စစ်ဘက်ပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း