အဆိုတော် အေမီဈာန် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ မော်ဒယ်ဖူးပွင့်ခိုင်ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်
Pearl (NSS) - ဇန်နဝါရီ ၂၅
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသော အဆိုတော် အေမီဈာန် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ မော်ဒယ်ဖူးပွင့်ခိုင်မှာမူ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ တာဝန် ရှိသူတစ်ဦး၏ NP News ကို ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် အဆိုတော်အေမီဈာန်၊ မော်ဒယ်ဖူးပွင့်ခိုင်တို့နှင့်အတူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများသည် မလေးရှားရှိ ပီနန်းပြည်နယ်၌ ပြုလုပ်သည့်ပွဲတစ်ခုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ကား(၃)စီးဖြင့် ဂျာဝိရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဖမ်းဆီးခံရသူများအနက်အထောက်အထား ပြည့်စုံသည့် မြန်မာနိုင်ငံသားအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်)တွင် အဆို တော် အေမီဈာန်အပါအဝင် ထိန်းသိမ်းခံအလုပ်သမားအချို့ကို ထပ်မံ၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်ဒယ် ဖူးပွင့်ခိုင်နှင့်အတူ မြန်မာလုပ်သားအချို့သည် ဆက်လက်ထိန်း သိမ်းခံထားရဆဲဖြစ်ပြီး မနက်ဖြန် (ဇန်နဝါရီလ ၂၆ ရက်) တွင် မလေးရှားနိုင်ငံဥပဒေအရ ချုပ်ရမန် ပြည့်ပြီဖြစ်၍ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
"အေမီဈာန် အပါအဝင် အလုပ်သမား တချို့ကို မနေ့က ပြန်လွှတ်ပေးလိုက်တယ်။ ရန်ကုန်ကပါလာတဲ့ နောက်ထပ်နှစ်ယောက်လည်း လွှတ်ပေးလိုက်ပြီ။ ကီဘုတ်တီးတဲ့သူနဲ့ ဖူးပွင့်ခိုင်က မလွတ်သေးဘူး။ ချုပ်ရမန်ပြည့်ပြီ။ မနက်ဖြန်ရုံးတင်မယ်လို့ ယူဆရတယ်"ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
၎င်းတို့ကို ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club တွင် ကျင်းပခဲ့သည့် Sexy မော်ဒယ်တစ်ဦးဖြစ်သူ ဖူးပွင့်ခိုင်၏ မွေးနေ့ပွဲ၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကာ ၎င်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် မလေးရှားရောက် မြန်မာနိုင်ငံသားများကလည်း ကူညီပေးနေလျက်ရှိသည်။
“သိရတာတော့ ဖူးပွင့်ခိုင် မွေးနေ့မှာ ဖိတ်ထားတဲ့သူတွေ လာတယ်။ ကျန်တဲ့ မြန်မာအလုပ်သမားတွေကတော့ ဖူးပွင့်ခိုင်တို့က ဆယ်လီ မို့လို့လာကြတယ်လို့ ထွက်ဆိုထားပါတယ်။ ဒါကြောင့် ပြစ်ဒဏ်ကိုလည်း လျော့ပေါ့ထားတယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။
အဆိုတော်အေမီဈာန် ကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာထက်တွင် 24•1•24 (Wednesday) ဆိုသော စာသားကို ရေးတင်ထားသည်ကိုလည်း တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုလဲမြို့ရှိ အထက်တန်းကျောင်းကို PDF အဖွဲ့က ဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား(၃)ဦး ဗုံးစထိမှန်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ