ဗြိတိန် နဲ့ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာဖို့ ဟူသီလက်နက်ကိုင်အုပ်စုသတိပေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၅
ယီမင်လက်နက်ကိုင်အဖွဲ့ဟာ ကုလသမဂ္ဂအတွက် အလုပ်လုပ်ပေးနေတဲ့ ဗြိတိန် နဲ့ အမေရိကန်နိုင်ငံသားတွေကို ယီမင်နိုင်ငံအတွင်းကနေ တစ်လအတွင်း ထွက်ခွာသွားဖို့ အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။
ပင်လယ်နီဒေသအရေးနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ ညွှန်ပေါင်းအုပ်စုတွေနဲ့ ဟူသီလက်နက်ကိုင်အုပ်စုတွေကြား တင်းမာမှုအရှိန်မြင့်တက်လာနေချိန်မှာ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် နဲ့ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံအတွင်းက ထွက်ခွာဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။
"ဟူသီလက်နက်ကိုင်အုပ်စုရဲ့သတိပေးချက်တွေအရဆိုရင် သက်တမ်းကုန်ဆုံးချိန်မှာ ဗြိတိန် နဲ့ အမေရိကန်နိုင်ငံသားတွေဟာ ယီမင်နိုင်ငံအတွင်းက ထွက်ဖို့လိုအပ်တယ်" လို့ ပြောပါတယ်။
အမေရိကန် နဲ့ ဗြိတိန်တို့ ဦးဆောင်ပြီး ယီမင်နိုင်ငံကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဟူသီလက်နက်ကိုင်အုပ်စုဟာ ဗြိတိန် နဲ့ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံအတွင်းက နှင်ထုတ်ဖို့ စီစဉ်ခဲ့တာပါ။ ဟူသီလက်နက်ကိုင်အုပ်စုဟာ ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး ပါလက်စတိုင်းတွေကို အားပေးထောက်ခံကြောင်းပြသနိုင်ဖို့ ပင်လယ်နီဒေသအတွင်းက ဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်ခဲ့ရာတင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။
အမေရိကန်စစ်တပ်က ၎င်းတို့ဟာ ယီမင်နိုင်ငံအတွင်းရှိ ဟူသီလက်နက်ကိုင်နဲ့ဆက်နွယ်တဲ့နေရာပေါင်း ၂၅ ခုနဲ့ ဟူသီလက်နက်ကိုင်အုပ်စုရဲ့ဒုံးကျည်အစင်းပေါင်း ၂ဝ ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အစိုးရက တူရကီကို အမေရိကန်ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေရောင်းချပေးဖို့ လွှတ်တော်ထံ တင်ပြတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ