အမေရိကန်နိုင်ငံတစ်ဝှမ်း ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားနေ
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၅
အမေရိကန်နိုင်ငံတစ်ဝှမ်း ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်မှုကြောင့် ပြည်နယ်အများအပြားမှာ အေးခဲမှတ်အထိ အပူချိန်တွေ ကျဆင်းသွားခဲ့ကာ လူဦးရေ (၁) သန်းကျော် လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ သိရပါတယ်။
သောကြာနေ့ (ဒီဇင်ဘာလ ၂၃ ရက်)ညနေပိုင်းအထိ သုံးစွဲသူ (၅)သိန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့တဲ့ နယူးအင်္ဂလန်ဟာ လျှပ်စစ် ပြတ်တောက်မှု အများဆုံး ဖြစ်ခဲ့ကြောင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ခြေရာခံဝက်ဘ်ဆိုက် poweroutage.us ရဲ့အဆိုအရ သိရပါတယ်။နယူးယောက်နဲ့ မန်ဆက်ဆာချူးဆက်မှ မြောက်ကာရိုလိုင်းနားအထိ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပြည်နယ်တစ်ဝက်ကျော်မှာ သုံးစွဲသူ (၅ဝဝဝဝ) ကျော် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိပြီး အခြားပြည်နယ်တစ်ဒါဇင်စီမှာ သုံးစွဲသူ (၁ဝဝဝဝ) ကျော် လျှပ်စစ် ပြတ်တောက်မှုများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
The Weather Channel က Winter Storm Elliott ခေါ် အဆိုပါ ဆောင်းရာသီ မုန်တိုင်းကြောင့် သောကြာနေ့က လေယာဉ်ခရီးစဉ်ပေါင်း (၈ဝဝဝ) ကျော်ကို ဖျက်သိမ်းခဲ့ရပြီး ပိတ်ရက်အတွက် ခရီးစဉ် (၂၄ဝဝဝ) ကျော်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း ပျံသန်းမှုခြေရာခံဝက်ဘ်ဆိုက် FlightAware ရဲ့အဆိုအရ သိရပါတယ်။အမေရိကန် လူဦးရေရဲ့ (၆ဝ) ရာခိုင်နှုန်းခန့်ဟာ ဆောင်းရာသီ ရာသီဥတုဆိုင်ရာ အကြံပေးမှု သို့မဟုတ် သတိပေးချက်အောက်မှာရှိနေကြာင်း အမျိုးသားမိုးလေဝသဌာနက သောကြာနေ့မှာ ပြောကြားပါတယ်။ဂရိတ်ကန်များအနီးမှာ လေထုဖိအား အရှိန်အဟုန်ပြင်းပြင်းနဲ့ သိသိသာသာ ကျဆင်းသွားပြီးနောက် မုန်တိုင်းငယ် တစ်ခုဖြစ်တဲ့ ဗုံးဆိုင်ကလုန်းမုန်တိုင်းကို ဖန်တီးခဲ့ပြီး အဆိုပါဧရိယာကို နှင်းသက်မုန်တိုင်းကျရောက်စေခဲ့ပါတယ်။ မုန်တိုင်းကြောင့် နိုင်ငံအနှံ့အပြားမှာ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Zawgyi Version
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၅
အေမရိကန္ႏိုင္ငံတစ္ဝွမ္း ျပင္းထန္တဲ့ ေဆာင္းရာသီ မုန္တိုင္းတစ္ခု ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ျပည္နယ္အမ်ားအျပားမွာ ေအးခဲမွတ္အထိ အပူခ်ိန္ေတြ က်ဆင္းသြားခဲ့ကာ လူဦးေရ (၁) သန္းေက်ာ္ လွ်ပ္စစ္မီး ျပတ္ေတာက္ေနတယ္လို႔ သိရပါတယ္။ေ
သာၾကာေန႔ (ဒီဇင္ဘာလ ၂၃ ရက္)ညေနပိုင္းအထိ သုံးစြဲသူ (၅)သိန္းေက်ာ္ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့တဲ့ နယူးအဂၤလန္ဟာ လွ်ပ္စစ္ ျပတ္ေတာက္မႈ အမ်ားဆုံး ျဖစ္ခဲ့ေၾကာင္း လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈ ေျခရာခံဝက္ဘ္ဆိုက္ poweroutage.us ရဲ႕အဆိုအရ သိရပါတယ္။နယူးေယာက္နဲ႔ မန္ဆက္ဆာခ်ဴးဆက္မွ ေျမာက္ကာ႐ိုလိုင္းနားအထိ အေရွ႕ဘက္ကမ္း႐ိုးတန္းရွိ ျပည္နယ္တစ္ဝက္ေက်ာ္မွာ သုံးစြဲသူ (၅ဝဝဝဝ) ေက်ာ္ လွ်ပ္စစ္မီး ျပတ္ေတာက္လ်က္ရွိၿပီး အျခားျပည္နယ္တစ္ဒါဇင္စီမွာ သုံးစြဲသူ (၁ဝဝဝဝ) ေက်ာ္ လွ်ပ္စစ္ ျပတ္ေတာက္မႈမ်ား ႀကဳံေတြ႕ေနရတယ္လို႔ သိရပါတယ္။
The Weather Channel က Winter Storm Elliott ေခၚ အဆိုပါ ေဆာင္းရာသီ မုန္တိုင္းေၾကာင့္ ေသာၾကာေန႔က ေလယာဥ္ခရီးစဥ္ေပါင္း (၈ဝဝဝ) ေက်ာ္ကို ဖ်က္သိမ္းခဲ့ရၿပီး ပိတ္ရက္အတြက္ ခရီးစဥ္ (၂၄ဝဝဝ) ေက်ာ္ကို ေ႐ႊ႕ဆိုင္းခဲ့ရေၾကာင္း ပ်ံသန္းမႈေျခရာခံဝက္ဘ္ဆိုက္ FlightAware ရဲ႕အဆိုအရ သိရပါတယ္။အေမရိကန္ လူဦးေရရဲ႕ (၆ဝ) ရာခိုင္ႏႈန္းခန႔္ဟာ ေဆာင္းရာသီ ရာသီဥတုဆိုင္ရာ အႀကံေပးမႈ သို႔မဟုတ္ သတိေပးခ်က္ေအာက္မွာရွိေနၾကာင္း အမ်ိဳးသားမိုးေလဝသဌာနက ေသာၾကာေန႔မွာ ေျပာၾကားပါတယ္။
ဂရိတ္ကန္မ်ားအနီးမွာ ေလထုဖိအား အရွိန္အဟုန္ျပင္းျပင္းနဲ႔ သိသိသာသာ က်ဆင္းသြားၿပီးေနာက္ မုန္တိုင္းငယ္ တစ္ခုျဖစ္တဲ့ ဗုံးဆိုင္ကလုန္းမုန္တိုင္းကို ဖန္တီးခဲ့ၿပီး အဆိုပါဧရိယာကို ႏွင္းသက္မုန္တိုင္းက်ေရာက္ေစခဲ့ပါတယ္။ မုန္တိုင္းေၾကာင့္ ႏိုင္ငံအႏွံ႔အျပားမွာ အနည္းဆုံး လူေျခာက္ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအပါအဝင် အာဆီယံ(၄)နိုင်ငံချိတ်ဆက်မယ့် ပင်လယ်ရေကြောင်းသင်္ဘောဝန်ဆောင်မှုအသစ်စတင်မယ်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း