ဗြိတိန်က ခြေချောင်း (၆)ချောင်းနဲ့ခွေးလေး ရန်ပုံငွေ အကူအညီနဲ့ ခွဲစိတ်မှုခံယူနိုင်ခဲ့
ရောင်နီ (NSS) - ဇန်နဝါရီ ၂၁
ဗြိတိန် စူပါမားကတ် ကားပါကင်မှာ ခြေခြောက်ချောင်းနဲ့ စွန့်ပစ်ခွေးလေးတစ်ကောင် ရှိပါတယ်။ အခုဆိုရင်တော့ သူဟာ မလိုအပ်တဲ့ခြေလက်တွေကို ခွဲစိတ်ဖယ်ရှားပြီးနောက် တခြားခွေးတွေနဲ့ အတူတူ ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်နေပါပြီ။
ခြေထောက်လေးချောင်းနဲ့ အေရီရယ် အမည်ရှိ အဆိုပါခွေးလေးကို ကြာသပတေးနေ့(ဇန်နဝါရီ ၁၈ ရက်) က Langford Vets Small Animal Referral Hospital မှ ဒါရိုက်တာ ဗစ်ကီဘလက်က ခွဲစိတ်ကုသပေးခဲ့တာပါ။ ခွေးလေးကို စက်တင်ဘာလက ဝေလပြည်နယ်၊ ပန်ဘရုက်ခ် မြို့လယ်မှာ မွေးရာပါ ချို့ယွင်းချက်များစွာနဲ့အတူ လူတွေက သတိထားမိခဲ့ကြတာပါ။ အဲဒီနောက် ကယ်ဆယ်ရေးအဖွဲ့တွေက သူမကို Greenacres Rescue ကို ခေါ်သွားပြီး ခွဲစိတ်မှုအတွက် ရန်ပုံငွေရှာခဲ့ပါတယ်။ ဒီလို ခြေခြောက်ချောင်းရှိတဲ့ ခွေးတစ်ကောင်ကို တစ်ခါမျှ မမြင်ဖူးသလို ဒီလို ခွဲစိတ်မှုမျိုးလည်း တစ်ခါမှ မလုပ်ဖူးဘူးလို့ ဘလက်က ပြောပါတယ်။
"အေရီရယ်က ရှုပ်ထွေးတဲ့ ခွေးကလေးတစ်ကောင်ပါ။ သူမကို ကုသမှု ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်" လို့ ၄◌င်း က ပြောခဲ့ပါတယ်။ ခွဲစိတ်မှုမစမီ ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုမှာ သူမဟာ လမ်းလျှောက်တဲ့အခါ သူမရဲ့အသုံးမဝင်တဲ့ ခြေထောက်အပို နှစ်ချောင်းက တရွက်ဆွဲပါနေတာတွေ့ရပါတယ်။
ကြာသပတေးနေ့(ဇန်နဝါရီ ၁၈ ရက်) က ခွဲစိတ်ကုသပြီးနောက် စနေနေ့(ဇန်နဝါရီ ၂ဝ ရက်) မှာတော့ ဆေးရုံက ဆင်းပြီး ပုံမှန်ခွေးတစ်ကောင်လို ဆေးရုံအပြင်ဘက်မှာ လမ်းလျှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွယ်လွန်ပြီးဖြစ်တဲ့ ဖခင်ရဲ့ပင်စင်လစာကို ရယူလိုခြင်းကြောင့် အလောင်းဖျောက်ခဲ့တဲ့ အမေရိကန်ဇနီးမောင်နှံ တရားစွဲခံရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ