ကွယ်လွန်ပြီးဖြစ်တဲ့ ဖခင်ရဲ့ပင်စင်လစာကို ရယူလိုခြင်းကြောင့် အလောင်းဖျောက်ခဲ့တဲ့ အမေရိကန်ဇနီးမောင်နှံ တရားစွဲခံရ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၁
လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက သေဆုံးပြီးသား ဖခင်ရဲ့ပင်စင်လစာကို ဆက်လက်ရယူခံစားချင်တာကြောင့် အလောင်းဖျောက်ထားပြီး မသေဆုံးသေးကြောင်း သတင်းလွှင့်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ကန်ဆက်ပြည်နယ် မှ စုံတွဲတစ်တွဲဟာ အမေရိကန်ဒေါ်လာ ၂၁၅,ဝဝဝ ကျော် လိမ်လည်ရယူမှုနဲ့ တရားစွဲခံရပါတယ်။
မိုက်ခ်ကာရိုးလ် အမည်ရှိ အမျိုးသားဟာ လွန်ခဲ့တဲ့ ၆ နှစ်(၂ဝ၁၆ ခုနှစ်၊ သူ့အသက် ၈၁ နှစ်) ကတည်းက ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့ကွယ်လွန်ခြင်းကို သားမက်ဖြစ်သူ ခရစ်ရစ်တာ က Overland Park ရဲတပ်ဖွဲ့ကို သေဆုံးကြောင်း သတင်းပေးပို့ခဲ့ဖူးပေမယ့် ၂ဝ၂၂ ခုနှစ်အထိ အလောင်းကို ရှာမတွေ့ခဲ့ရပါဘူး။ ကာရိုးလ် ကွယ်လွန်ပြီးနောက်ပိုင်းမှာ သမီးဖြစ်သူ အသက် ၆၁ နှစ်အရွယ် လင်းရစ်တာနဲ့ သူ့ရဲ့ခင်ပွန်း ခရစ်ရစ်တာတို့ စုံတွဲက ကာရိုးလ်ရဲ့ပင်စင်ငွေကို ဆက်လက်ရယူလိုတာကြောင့် ကွယ်လွန်တယ်ဆိုတဲ့သတင်းကို ဖျောက်ပြီး အသက်ရှင်ဆဲဆိုပြီး သတင်းလွှင့်ခဲ့ပါတယ်။
ကာရိုးလ်ကို အသက်ရှင်သေးတယ်လို့ လူတွေ ယုံကြည်အောင်လုပ်နေချိန်မှာပဲ ကာရိုးလ်ဟာ ၆ နှစ်လုံးလုံး ဖုန်းခေါ် ဆိုလို့မရ၊ ဖုန်းကိုင်ခြင်းမရှိတာကြောင့် ရဲတပ်ဖွဲ့က သံသယဝင်လာခဲ့ပါတယ်။ စစ်ဆေးမှုများပြုလုပ်ပြီးနောက် အဖြစ်မှန်ပေါ်လာချိန်မှာတော့ ၎င်းတို့စုံတွဲဟာ ဖေဖော်ဝါရီ ၂ ရက်မှာ စွဲချက်များစွာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါ တယ်။
၎င်းတို့စုံတွဲဟာ ကာရိုးကွယ်လွန်ပြီးနောက် ခြောက်နှစ်တာကာလအတွင်းပင်စင်နဲ့ လူမှုဖူလုံရေး ပေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၆,ဝ၆၇ ထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီတလီမှာ နှစ် ၂ဝဝဝ သက်တမ်းရှိ ကမ်းခြေနေအိမ်ဟောင်းတစ်လုံး ရှာဖွေတွေ့ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း