အီတလီမှာ နှစ် ၂ဝဝဝ သက်တမ်းရှိ ကမ်းခြေနေအိမ်ဟောင်းတစ်လုံး ရှာဖွေတွေ့ရှိ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၁
အီတလီနိုင်ငံ ၊ နက်ပလက်စ် တောင်ပိုင်းကမ်းခြေမှာ ကလေးကစားကွင်းနဲ့ အပန်းဖြေနေရာတစ်ခု တည်ဆောက်ဖို့ သုံးနှစ်ကြာ ပရောဂျက်တစ်ခုအတွက် ဆောက်လုပ်ရေး ပြင်ဆင်နေစဉ် နှစ် ၂ဝဝဝ သက်တမ်းရှိ အိမ်တစ်လုံးကို ကမ်းပါးယံတစ်ခုမှ တူးဖော်တွေ့ရှိခဲ့ပါတယ်။
ပထမရာစုလောက်က တည်ဆောက်ခဲ့တယ်လို့ယူဆရတဲ့ အစ်ချီရာ၊ ပရိုစီဒါ ကျွန်းတွေကို အပေါ်စီးမှမြင်ရနိုင်တဲ့ မြင်ကွင်းကျယ်အိမ်ကြီးဟာ ယခုအခါ ပင်လယ်ရေလွှမ်းမိုးမှု တစ်စိတ်တစ်ပိုင်းခံနေရပြီဖြစ်ပါတယ် ဒဏ္ဍာရီစာရေး ဆရာ၊ သဘာဝပညာရှင်၊ ရောမရေတပ်ရဲ့ တပ်မှူးဖြစ်သူ Pliny the Elder ရဲ့ တစ်ချိန်က နေထိုင်ရာ ခမ်းနား ထည်ဝါတဲ့နေရာတစ်ခုဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။
ဘာကာလီ ကမ်းရိုးတန်းမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က တွေ့ရှိခဲ့တဲ့ အဲဒီအိမ်ကြီးမှာ ကြမ်းပြင်ကြွေပြားကပ်ထားတဲ့ အခန်းကြီး ၁ဝ ခန်းနဲ့ ကျောက်နံရံတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ပထမရာစုမှာ ရောမအင်ပါယာရဲ့ အနောက်ဘက်ခြမ်းကို ချုပ်ကိုင်ထားရတဲ့ သာ့ချက်ဖြစ်တဲ့ တိုင်ရ်ဟင်ပင်လယ်မှာ ဒီစံအိမ်ကြီး တည်ရှိနေခြင်း ဖြစ်ပါတယ်။
"ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးကို ဗျူဟာမြောက် စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုပြီး ဒီကနေ နက်ပလက်စ် ပင်လယ်ကွေ့ကို ၃၆ဝ ဒီဂရီထိ ရှုမြင်နိုင်ဖွယ်ရှိတယ်" လို့ ရှေးဟောင်းသုတေသနပညာရှင် စီမိုနာဖောမိုလာ က ပြောကြားခဲ့ပါတယ်။
"ပိုနက်တဲ့အလွှာတွေကို တူးဖော်ပြီး နောက်ထပ်အခန်းတွေနဲ့ နံရံဆေးရေးပန်းချီတွေပို ဖော်ထုတ်နိုင်ဖွယ် ရှိမယ်" လို့ ၎င်းက ဆိုပါတယ်။
အဆောက်အဦးကြီးရဲ့မြေပင်အောက် ၇ဝ စင်တီမီတာ (၂၇.၅ လက်မ) ခန့်အကွာမှာ ပိုက်ကွန်လို တန်ဆာဆင်ထား တဲ့ထုံးကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့နံရံတွေနဲ့ သပ်ရပ်တဲ့ပုံစံကြောင့် အာဏာပိုင်တွေ အံ့အားသင့်ခဲ့ကြ ရပါတယ်။ ဒါ့အပြင် ဒီနေရာဟာပင်လယ်ပြင်ကနေ ရောက်လာတဲ့ အဆင့်မြင့်ဧည့်သည်တွေနဲ ခမ်းနားထည်ဝါတဲ့ ပါတီပွဲတွေ ကျင်းပရာနေရာလည်း ဖြစ်ပါတယ်။
ရှေးရောမလူမျိုးအများအပြားဟာ ၎င်းတို့ရဲ့အားလပ်ရက်မှာ ပျော်မွေ့ဖို့ Bacoli နဲ့ အနီးတစ်ဝိုက်ဒေသတွေဆီ စုပြုံ လာရောက်ရှိလေ့ ရှိကြပါတယ်။
အခုတော့ ဗီလာဟာ အခုအချိန်မှာ ပင်လယ်ရေမျက်နှာပြင်အောက် ၄ မီတာခန့်ကို ကျရောက်နေပြီဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့၌ Hijet ယာဥ◌်တစ်စီး လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိ၍ ကလေးငယ်များ အပါအဝင် (၇)ဦး ထိခိုက် ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း