မော်လမြိုင်မြို့၌ Hijet ယာဥ◌်တစ်စီး လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိ၍ ကလေးငယ်များ အပါအဝင် (၇)ဦး ထိခိုက် ဒဏ်ရာရ
စော (NSS) - ဇန်နဝါရီ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ Hijet ယာဥ◌်တစ်စီး လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မိ၍ ကလေးငယ်များ အပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၁ ရက်)၊ နံနက် (၁ဝ)နာရီဝန်းကျင်အချိန်တွင် မော်လမြိုင်မြို့၊ တောင်ဝိုင်းဓာတ်အား ခွဲရုံအနီး၊ TTC ကျောင်းလမ်း၌ အထက်ပါကဲ့သို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“သူက ထိုင်ခုံခါးပတ်ကို ပတ်တဲ့အချိန် ခါးပတ်ကိုဆွဲလိုက်တာ စည်ယာတိုင်က ဆွဲသွားပြီးတော့ လမ်းဘေးက သစ်ပင်ကို ဝင်တိုက်တာပေါ့။ ကားပေါ်မှာ ၁၁ ယောက် ၊ ၁၂ ယောက်လောက်ရှိမယ်။ သူတို့က တောင်ဝိုင်းတောင်က ပြန်လာပြီး ဘီးလူကျွန်းဘက်ကိုသွားမို့။ တောင်ဝိုင်းတောင်ကို ဘုရားသွားဖူးတာပါ။ ဒီနှစ် ဘုရားဖူးထွက်တာ” ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ Hijet ယာဉ်ပေါ်တွင် လူ (၁၁)ဦးထက်မနည်းလိုက်ပါစီးနင်းလာပြီး ကလေးငယ် (၆)ဦး အပါအဝင် အမျိုးသမီးတစ်ဦး စုစုပေါင်း (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲကို(၂၄)နာရီအတွင်း ဖြေရှင်းပေးမည့် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်၏အစီအစဉ်က ယူကရိန်း အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပေးနိုင်ခြေမရှိကြောင်း သမ္မတဇီလန်စကီးပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ