ဒေါ်နယ်ထရမ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေကို သံအမတ်ကြီးဟောင်းနီကီဟာလေး မေးခွန်းထုတ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၁
လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုကာ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့ နီကီဟာလေးက အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လိုက်ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ နီကီဟာလေးနဲ့အပြိုင် ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေသူဖြစ်ကြောင်း သိရပါတယ်။ နီကီဟာလေးက ဒေါ်နယ်ထရမ့်ဟာ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလက ဖြစ်ခဲ့တဲ့ အမေရိကန်လွှတ်တော်အဆောက်အဦး စီးနင်းခံရမှုတွေကို ရပ်တန့်အောင်လုပ်ဖို့ ပျက်ကွက်ခဲ့သူဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
အမေရိကန်သံအမတ်ကြီးဟောင်းအဖြစ် တာဝန်ယူဖူးသူ နီကီဟာလေးက "သမ္မတလောင်းတွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားတယ်။ ဒေါ်နယ်ထရမ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေက သမ္မတအဖြစ်တာဝန်ယူဖို့ အဆင်ပြေ-မပြေ ဆိုတဲ့အချက်ကို မေးခွန်းထုတ်လိုတယ်" လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ရီပတ်ဘလီကန်ပါတီဝင်များဟာ လက်ရှိအမေရိကန်သမ္မတဂျိုးဘိုင်ဒန် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အစီအစဉ်တွေအပေါ် အသက်အရွယ်အရ မေးခွန်းထုတ်တာတွေ ရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ နီကီဟာလေးဟာ အသက် ၇၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ အသက်အရွယ်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေကို မေးခွန်းထုတ်လာခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အဓိကပြိုင်ဘက်ပါတီတွေဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီနဲ့ ဒီမိုကရက်တစ်ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေဟာ အကြိတ်အနယ်စကားစစ်ထိုးပွဲတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုပြီး သမ္မတလောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ အလားလာကောင်းနေပြီး နီကီဟာလေးက ဒေါ်နယ်ထရမ့်လောက် ရေပန်းမစားကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးလမ်းဟောင်း၌ သုံးဘီးဆိုင်ကယ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ(၃)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ