ရန်ကုန်-မန္တလေးလမ်းဟောင်း၌ သုံးဘီးဆိုင်ကယ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ(၃)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၁
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၌ သုံးဘီးဆိုင်ကယ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှုကြောင့် လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂ဝ ရက်)၊ ညနေ ၅ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ခေတ်အေးကျေးရွာ၊ နီလာရိုးမစက်သုံးဆီဆိုင်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“သုံးဘီးက ပျဉ်းမနားဘက်ကို သွားတာမှာ အရှိန်လွန်ပြီးမှောက်တာပေါ့။ သုံးဘီးပေါ်မှာက လူ(၃)ယောက်ပါတယ်။ (၃)ယောက်လုံး ထိခိုက်ဒဏ်ရာရတယ်။ အသက်ကြီးအဖိုးကြီးတစ်ယောက်တော့ စိုးရိမ်ရတယ်” ဟု ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် သုံးဘီးဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသည့် အသက်(၅၉)နှစ်အရွယ် အမျိုးသားမှာ ပြင်းထန် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်အသက်(၁၃)နှစ်အရွယ်ကလေးတစ်ဦး နှင့် အသက်(၂၅)နှစ်အရွယ် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာများ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
“အရင်ကလည်း အဲဒီနေရာမှာဖြစ်လေ့ရှိတယ်။ တစ်လောကလည်း တွဲကားတစ်စီး လမ်းဘေးထိုးကျခဲ့သေးတယ်။ အဲဒီနေရာတွေက ဂရုစိုက်ပြီးမောင်းသင့်တဲ့နေရာတွေပါ” ဟု ၎င်းက အကြံပြုပြောထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ နေပြည်တော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်က ခြေချောင်း (၆)ချောင်းနဲ့ခွေးလေး ရန်ပုံငွေ အကူအညီနဲ့ ခွဲစိတ်မှုခံယူနိုင်ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း