ဟူသီလက်နက်ကိုင်အုပ်စုရဲ့ဒရုန်းတွေကို ပစ်ချဖို့ ရေတပ်တပ်ဖွဲ့သုံး လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်မယ်လို့ ဗြိတိန်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၁
ပင်လယ်နီဒေသမှာ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ဒရုန်းတွေကို ပစ်ချနိုင်ဖို့ ဗြိတိန်ရေတပ်မှာ အသုံးပြုနေတဲ့ ဒုံးကျည် စနစ်တွေကို အဆင့်မြှင့်တင်နိုင်အောင် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကျော် တိုးမြှင့်သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
ဗြိတိန်ရေတပ်ဟာ Sea Viper လေကြောင်းရန်ကာကွယ်ရေးစနစ်မှာ အသုံးပြုမယ့်ဒုံးကျည်တွေကို ထိပ်ဖူးအသစ်နဲ့ software ပိုင်းအပြောင်းအလဲလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက "အရှေ့ အလယ်ပိုင်းဒေသအခြေအနေတွေဟာ ဆိုးရွားနေတဲ့အတွက် ဗြိတိန်နိုင်ငံအပြင် မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက် နိုင်ငံတွေ ဘေးကင်းအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် Sea Viper လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ပိုမိုခေတ်မီကောင်းမွန်အောင်လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။
ဗြိတိန်ဟာ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဗြိတိန် နဲ့ အမေရိကန်ရေတပ်တို့ဟာ ပင်လယ်နီဒေသအတွင်းမှာ ဟူသီလက်နက်ကိုင်အုပ်စု ပစ်ခတ်လိုက်တဲ့ဒရုန်းတွေကို ဇန်နဝါရီလအတွင်းမှာ အများအပြား ပစ်ချခဲ့ရကြောင်း သိရပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုဟာ အစ္စရေးနိုင်ငံကိုသွားရောက်မယ့် ကုန်စည်သင်္ဘောတွေအပြင် အစ္စရေးနိုင်ငံနဲ့ နီးစပ် တဲ့ နိုင်ငံတွေရဲ့ကုန်စည်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေရာ ပင်လယ်နီဒေသအတွင်း တင်းမာမှုအရှိန် မြင့်တက်နေပါတယ်။ အမေရိကန်ဟာ ဟူသီလက်နက်ကိုင်အုပ်စုရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့နဲ့ ကုန်စည် သင်္ဘောတွေကို ကာကွယ်ပေးနိုင်ဖို့ နိုင်ငံပေါင်း ၂ဝ ကျော်ပါဝင်တဲ့ ပင်လယ်နီရေကြောင်းလုံခြုံရေး ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းထားပါတယ်။ အဲဒီ ညွန့်ပေါင်းအဖွဲ့ထဲမှာ အမေရိကန်နိုင်ငံရဲ့ မဟာမိတ်နိုင်ငံ တွေ ပါဝင်ခဲ့ပေမယ့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံအများစု ပါဝင်ခြင်းမျိုးမရှိကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်နယ်ထရမ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေကို သံအမတ်ကြီးဟောင်းနီကီဟာလေး မေးခွန်းထုတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ