၂ဝ၂၃ ခုနှစ်တွင် အမျိုးသားသွေးဌာနမှ ဆေးရုံများကို လှူဒါန်းထားသည့် သွေးယူနစ် (၉ဝဝဝဝ)ကျော် ဖြန့်ဝေပေးနိုင်ခဲ့
စော (NSS) - ဇန်နဝါရီ ၂၁
၂ဝ၂၃ ခုနှစ်တွင် အမျိုးသားသွေးဌာနမှ ဆေးရုံများကို လှူဒါန်းထားသည့် သွေးယူနစ် (၉၀၀၀၀)ကျော် ဖြန့်ဝေပေးနိုင် ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
၎င်းက ယမန်နေ့(ဇန်နဝါရီလ ၂ဝ ရက်) တွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသော (၄၅)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက လူနာများမှာ သွေးသွင်းရန် လိုအပ်လာပါက မည်သည့်ဆေးဝါး၊ စက်ကိရိယာများမှ ကူညီမှုမပြုနိုင်ဘဲ သွေးသွင်းခြင်းဖြင့်သာ ကူညီနိုင်သောကြောင့် ၎င်းတို့အတွက် စဉ်ဆက်မပြတ် လှူဒါန်းပေးသော သွေးလှူရှင်ကြီးများ၏ အခန်းကဏ္ဍဟာ လွန်စွာအရေးကြီးသည့် ကူညီမှုဖြစ်ကြောင်း ပြောကြား ခဲ့သည်။
သွေးလှူဒါန်းမှုများကြောင့် ရရှိလာသည့်သွေးများကို ၂ဝ၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများသို့ သွေးယူနစ် (၉၃၃၈၅) ဖြန့်ဝေပေးနိုင်ခဲ့ပြီး လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊ သွေးလှူရှင်ရှာဖွေရသည့် ပူပန်မှု များမရှိဘဲ လိုအပ်သည့်သွေးအမျိုးအစား၊ သွေးပစ္စည်းများကို ရရှိကုသမှုခံယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အမျိုးသားသွေးဌာန(၁)ခု အပါအဝင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ပုသိမ်တို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ် (၇)ခု၊ ခုတင် (၂ဝဝ) နှင့် ခုတင် (၁ဝဝ)ဆံ့ ဆေးရုံများတွင်လည်း ဓာတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသော သွေးဘဏ်များကို တိုးချဲ့ ဖွဲ့စည်းထားပြီး Blood Management System (BMS) Software အား တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်သင်တန်းများ၊ အခြေခံအဆောက်အဦးများကိုလည်း ထောက်ပံ့ပေး လျက်ရှိပြီး သွေးသွင်းကုသမှုဆောင်ရွက်ရာတွင် လူနာများ ဘေးကင်းလုံခြုံရေးအတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသရာတွင် သွေးပစ္စည်းများဖြင့် လူနာများအား အောင်မြင်စွာ ကုသ မှုပြုလုပ်နိုင်ခဲ့ကြောင်း ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ (၁၁၈)နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်မှစ၍ လေးရက်တိုင်တိုင် ကျင်းပသွားမည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ