အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခြင်းကို လက်တုံ့ပြန်မယ်လို့ အီရန်အစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၁
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရခြင်းကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း အီရန်သမ္မတက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆီးရီးယားနိုင်ငံ ဒမ္မစကက်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲရာ အီရန်စစ်တပ်ရဲ့ပြည်ပအခြေစိုက်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အီရန်သမ္မတက အီရန်နိုင်ငံအနေနဲ့ လူအများအပြားသေဆုံးစေတဲ့ လုပ်ကြံမှုတွေကိုခွင့်ပြုမှာ မဟုတ်ကြောင်း ပြောပါတယ်။ အီရန်အစိုးရက အီရန်စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေအပြင် ဆီးရီးယား နဲ့ လက်ဘနွန်နိုင်ငံတို့ရှိ မဟာမိတ်အုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်တပ်ဖွဲ့ဝင် ၅ ဦး ထပ်မံသေဆုံးရခြင်းဟာ ဒေသအတွင်းအခြေအနေတွေကို တင်းမာလာဖွယ်ရှိနေကြောင်း အီရန်စစ်တပ်က ပြောပါတယ်။ အီရန်သမ္မတက "အစ္စရေးဟာ အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်။ ဒီတိုက်ခိုက်မှုတွေကို မတုံ့ပြန်ဘဲ ဒီအတိုင်းနေမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ နက်ဆာ ကာနာနီကလည်း အီရန်နိုင်ငံအနေနဲ့ သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့နေရာမှာ ပြန်လည်တုံပြန်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန်တပ်ဖွဲ့ဝင်တွေထဲမှာ ဆီးရီးယားနိုင်ငံမှာဖြန့်ကြတ်ချထားတဲ့ အီရန်စစ်တပ်ရဲ့ပြည်ပရေးရာထောက်လှမ်းရေးအဖွဲ့ ဒုတိယအကြီးအကဲ တစ်ဦးသေဆုံးခဲ့ကြောင်း အီရန်သတင်းဌာနက ဆိုပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်လျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့အစိုးရအဖွဲ့ကိုအပြောင်းအလဲလုပ်ဖို့ အစ္စရေးပြည်သူတွေတောင်းဆိုဆန္ဒပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ