အီရတ်နိုင်ငံမြောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာဒရုန်းတစ်စင်းပျက်ကျခဲ့ကြောင်း အမေရိကန်စစ်ဘက်ဝန်ခံ
Pika (NSS) - ဇန်နဝါရီ ၂ဝ
အီရတ်နိုင်ငံ မြောက်ပိုင်းတွင် အမေရိကန်၏ စစ်ဘက်ဆိုင်ရာဒရုန်းတစ်စင်း ပျက်ကျခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်စစ်ဘက်ဆိုင်ရာဒရုန်းသည် Baghdad မြို့၊မြောက်ဘက် (၇၀)ကီလိုမီတာအကွာရှိ Balad လေတပ်အခြေစိုက်စခန်းအနီးတွင် ဇန်နဝါရီ လ(၁၈) ရက် ညက ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသောအရာရှိတစ်ဦးကပြောကြားခဲ့သည်။
သို့သော်လည်း ဒရုန်းပျက်ကျမှုနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို ၎င်းကထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ အီရတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့သော အမေရိကန်၏ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း Baghdad မြို့တွင် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်တစ်ဦးသေဆုံးခဲ့ပြီးနောက် သီတင်းပတ်များအကြာတွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါအရာရှိက"အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒရုန်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတာမျိုးတွေတော့ မရှိခဲ့ပါဘူး။ ဘာကြောင့်ပျက်ကျရတယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်"ဟု ပြောဆိုခဲ့သည်။
ဒရုန်းသည် နည်းပညာပိုင်းဆိုင်ရာ ပြဿနာသို့မဟုတ် ပစ်ချခံရခြင်းကြောင့် ပျက်ကျခဲ့ခြင်း ဟုတ်/မဟုတ်ဆိုသည့်အချက်ကို ၎င်းကထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်းလည်းသိရသည်။ သို့သော်လည်း အီရတ်ရှိ စစ်သွေးကြွအဖွဲ့က ၎င်းတို့သည် အမေရိကန်၏ MQ-9 Reaper ဒရုန်းတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပင်တဂွန်စစ်ဌာနချုပ်၏ ဝန်ခံချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ စစ်သွေးကြွအဖွဲ့က "ကျွန်တော်တို့အဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ(၁၈)ရက်မှာ အမေရိကန်ရဲ့ MQ-9 ဒရုန်းတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
အမေရိကန်ဒေါ်လာသန်း(၃၀)ကျော် တန်ဖိုးရှိသော အမေရိကန်ဒရုန်းသည် မီးများတောက်လောင်ကာ ကောင်း ကင်ပေါ်မှ ပြုတ်ကျနေသည်ကို ပြသထားသည့် အတည်မပြုနိုင်သော ဗီဒီယိုဖိုင်တစ်ခုလည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ကြောင်းသိရသည်။ အခြားဗီဒီယိုဖိုင်တစ်ခုတွင် ပျက်ကျမှုဖြစ်ပွားပြီးနောက် မြေပြင်ပေါ်မှာ ပြန့်ကျဲနေသော အပျက်အစီးများကို ပြသထားသည်ကို တွေ့မြင်ခဲ့ရသည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန် သည် အီရတ်နှင့်ဆီးရီးယားရှိ အီရန်နှင့်ဆက်နွယ်သောစစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်လအစောပိုင်းက အမေရိကန်၏ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း စစ်သွေးကြွအဖွဲ့၏ခေါင်းဆောင် Mushtaq Jawad Kazim al-Jawari သေဆုံးခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေထုအရည်အသွေးကို မြှင့်တင်ရန်အတွက် အရေးပေါ်အစီအစဉ်တစ်ခုချမှတ်ရန် ထိုင်းတရားရုံးတစ်ခုအမိန့်ပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ