လေထုအရည်အသွေးကို မြှင့်တင်ရန်အတွက် အရေးပေါ်အစီအစဉ်တစ်ခုချမှတ်ရန် ထိုင်းတရားရုံးတစ်ခုအမိန့်ပေး
Pika (NSS) - ဇန်နဝါရီ ၂ဝ
ထိုင်းနိုင်ငံတွင် နှစ်စဉ်လေထုညစ်ညမ်းမှုမြင့်တက်လာမှုနှင့်အတူ လေထုညစ်ညမ်းမှုကို တားဆီးရန်အတွက် ရက်ပေါင်း(၉၀)အတွင်း အရေးပေါ်အစီအစဉ်တစ်ခုချမှတ်ရန် အစိုးရကို ချင်းမိုင်မြို့အုပ်ချုပ်ရေးတရားရုံးက ဇန်နဝါရီလ (၁၉)ရက်တွင် အမိန့်ပေးခဲ့ကြောင်းသိရသည်။
လယ်သမားများ၏ အမှိုက်မီးရှို့မှု၊ စက်မှုလုပ်ငန်းများနှင့် မော်တော်ယာဉ်များ၏ အိတ်ဇောများမှထွက်သော မီးခိုးငွေ့များကြောင့် ယခုနှစ်အစောပိုင်းလများတွင် ထိုင်းနိုင်ငံ၏ လေထုအရည်အသွေးမှာ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့တို့သည် ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာပေါ်၌ လေထုအညစ်ညမ်းဆုံးမြို့များထဲမှ တစ်မြို့အဖြစ် သတ်မှတ်ခံခဲ့ရကြောင်းလည်းသိရသည်။ အဆိုပါအချက်ကြောင့် လေထုညစ်ညမ်းမှုပြဿနာများကို အရေးယူဆောင်ရွက်ပေးရန် ပြည်သူများက အစိုးရကိုတိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။ လေထုညစ်ညမ်းမှုကို ရေတိုနှင့် ရေရှည်ဖြေရှင်းရန်အတွက် ကြိုတင်ကာကွယ်သည့်နည်းလမ်းများကို ရက်(၉၀)အတွင်းတင်ပြရန် အမျိုး သားသဘာဝပတ်ဝန်းကျင်ကော်မရှင်ကို ချင်းမိုင်မြို့အုပ်ချုပ်ရေးတရားရုံးက ဇန်နဝါရီလ(၁၉)ရက်တွင် အမိန့်ပေးခဲ့ကြောင်းသိရသည်။
ထို့ပြင် ဝန်ကြီးချုပ်ဟောင်းပရာရွတ်ချန်အိုချာ၏ ယခင်အစိုးရသည် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သေချာလုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း အဆိုပါ တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
တရားရုံးစီရင်ချက်တွင် "ထိုင်းရဲ့ ယခင်အစိုးရဟာ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့ တာဝန်တွေကို လျစ်လျူရှုခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် တာဝန်လွှဲပြောင်းရယူခဲ့သော ဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်၏အစိုးရသည် လေထုညစ်ညမ်းမှုကို အရေးပေါ်လုပ်ငန်းစဉ်တစ်ခုအဖြစ် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ကတိပြုခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ(၁၉)ရက်၊ နံနက်အစောပိုင်း တွင် ဘန်ကောက်မြို့သည် ကမ္ဘာပေါ်ရှိလေထုအရည် အသွေး အဆိုးရွားဆုံးမြို့များစာရင်းထဲတွင် အဆင့်(၁၀) နေရာမှာရှိနေကြောင်း လေထုညစ်ညမ်းမှုစောင့်ကြည့်ရေးကုမ္ပဏီ IQAir ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လကမ္ဘာပေါ်သို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည့် (၅)နိုင်ငံမြောက်ဖြစ်လာခဲ့တဲ့ဂျပန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ