ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကို အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်စီစဥ်နေ
ယွန်း (NSS) - ဇန်နဝါရီ ၂၀
ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကို အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် စီစဥ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင် နှင့် မျိုးတုံးရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုထံမှ သိရသည်။
၂၀၂၀ ခုနှစ်တွင် ကောက်ယူခဲ့သည့် စစ်တမ်းများအရ ဧရာဝတီမြစ်အတွင်း စုစုပေါင်း ဧရာဝတီလင်းပိုင် (၇၉) ကောင်ခန့် ကျက်စားနေထိုင်လျက်ရှိကြောင်း သိရသည်။
“အရင်ကစစ်တမ်းအရ (၇၉)ကောင်ရှိတယ်။ လက်ရှိမှာတော့ လင်းပိုင်အရေအတွက်က အရင်ထက်တော့ လျော့ကျမသွားဘူး။ သားပေါက်တာတွေလည်းရှိတယ်လေ။ ဒေသခံတွေက လင်းပိုင်သားပေါက်တွေ တွေ့ရင်အကြောင်းကြားတယ်။ လောလောဆယ်အခြေအနေအရ ကျွန်တော်တို့က ကင်းလှည့်တာမျိုးတွေ သိပ်ပြီးမဆောင်ရွက်နိုင်သေးတော့ ဒေသခံတွေကပဲ ထိန်းသိမ်းရေးတွေကို အလေးအနက်ထားပြီးတော့ ဆောင်ရွက်ပေးနေပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ဝင်းက NSS ကိုပြောသည်။
ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်များကို ငါးဖမ်းသမားအများစုမှ ရှော့တိုက်ဖမ်းဆီးမှုများရှိနေပြီး အဆိုပါ လုပ်ဆောင်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ တားဆီးမှုများ၊ အသိပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီလင်းပိုင်ပူးပေါင်းထိန်းသိမ်းရေးလုပ်ငန်းများကို မဲခေါင်- လန်ချန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကမ်းလှမ်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“တချို့အဖွဲ့အစည်းတွေနဲ့လည်း လင်းပိုင်ပူးပေါင်းထိန်း သိမ်းရေးလုပ်ငန်းတွေကို ပြန်လည်စတင်ပြီးတော့ လုပ်ဖို့ရှိတယ်။ ညှိနှိုင်းထားတာတွေရှိတယ် သူတို့လည်း ကြိုး စားနေပါတယ်။ မဲခေါင်- လန်ချန်းအဖွဲ့အစည်းတွေကလည်း အရင်တုန်းက ပူးပေါင်းဆောင်ရွက်ဖို့အဆင့်အထိရောက်သွားပြီးတော့ ကိုဗစ်ဖြစ်တဲ့ အခါကျတော့ ရပ်ဆိုင်းသွားခဲ့တာပေါ့။ အခြေအနေပြန်ပေးလာတယ်ဆိုရင်တော့ မဲခေါင်- လန်ချန်းအဖွဲ့တွေ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ကမ်းလှမ်းသွားဖို့တော့ ရှိပါတယ်” ဟု ဦးဟန်ဝင်းက ဆက်လက်ပြောသည်။
ဧရာဝတီလင်းပိုင်များအနေဖြင့် ၎င်းတို့ကိုထိန်းသိမ်းရေးဧရိယာဖြစ်သည့် မန္တလေးနှင့် ကျောက်မြောင်းကြားတွင် နေထိုင်ကျက်စားလျက်ရှိပြီး လက်ရှိကာလတွင် ဧရာဝတီမြစ်ရေနည်းချိန်ဖြစ်သောကြောင့် ကျက်စားသည့်နေရာပြောင်းရွှေ့နေထိုင်မှုများရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုနိုင်ငံတွေအပေါ် ယုံကြည်မှုမရှိတော့ကြောင်း တူရကီ သမ္မတပြော
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ