တရုတ်နိုင်ငံနဲ့တင်းမာမှုရှိနေချိန်မှာပဲ ဖိလစ်ပိုင်နဲ့ ကနေဒါနိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်ဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂ဝ
တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံဟာ ကနေဒါနိုင်ငံ နဲ့ ကာကွယ်ရေးပူးပေါင်းဆောင် ရွက်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြောင်းသိရပါတယ်။
အဆိုပါ ကာကွယ်ရေးသဘောတူညီချက်အရ ဖိလစ်ပိုင်နဲ့ ကနေဒါနိုင်ငံကြား စစ်ပညာတွေလေ့ကျင့်သင်ကြားပေးခြင်း၊ အပြန်အလှန်စစ်ရေးပူးပေါင်းလေ့ကျင့်ခြင်း၊ စစ်ရေးသတင်းအချက်လက်တွေမျှဝေခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အတူတကွလုပ်ဆောင်ခြင်း၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းတွေကို ပူးပေါင်းဆောင်ရွက်မှုအရှိန်မြင့်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ကနေဒါဟာတောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ရဲ့ပိုင်နက်နယ်မြေတွေကို အသိမှတ်ပြုထောက်ခံထားကြောင်းသိရပါတယ်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီဘာတို တီယို ဒိုရိုက " ဒီကာကွယ်ရေးပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက်တွေဟာ အပြန်အလှန်ယုံကြည်မှုတွေ ပိုမိုဖြစ်လာစေတယ်။ ဖိလစ်ပိုင်နဲ့ကနေဒါနိုင်ငံကြား ကာကွယ်ရေးနဲ့ပတ်သက်ပြီး မှတ်တိုင်အသစ်ကို စတင်လိုက်တာဖြစ်ပါတယ်။ ကနေဒါနိုင်ငံနဲ့ ကာကွယ်ရေးပူးပေါင်းဆောင် ရွက်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်လို့ ပျော်ရွှင်မိပါတယ်"လို့ ပြောပါတယ်။
ဖိလစ်ပိုင်ဟာ လက်ရှိအချိန်မှာတောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီးတင်းမာမှုတွေရှိနေခဲ့ကြောင်းသိရပါတယ်။ တရုတ်စစ် သင်္ဘောတွေဟာ ပြီးခဲ့တဲ့နှစ်က တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေကို ဝင်တိုက်တာ၊ နှောက်ယှက်ဟန့်တားတွေလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဖိလစ်ပိုင်ဟာ ကာကွယ်ရေးကဏ္ဍနဲ့ပတ် သက်ပြီး မိတ်ဖက်နိုင်ငံ ပိုမိုများပြားလာအောင် အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ကာကွယ်ရေးစာချုပ်လက်မှတ်ရေး ထိုးထားသလို ကနေဒါ၊ ဂျပန်နိုင်ငံတို့နဲ့လည်းကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းလာနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး၍ (၂)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ