မန္တလေးတွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး၍ (၂)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - ဇန်နဝါရီ ၂၀
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံး၍ (၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၉ ရက်)၊ ည ၁၂နာရီ ၃၈မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၈လမ်းနှင့် ၁၀၇လမ်းထောင့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ဖြစ်တာက လမ်းဆုံမှာ။ ဆိုင်ကယ်သမားကလည်း အရက်မူးနေတဲ့ သဘောဆိုတော့ အိမ်းစီးကားနဲ့တိုက်တယ်။ ပြီးတော့ အိမ်စီးကားက လမ်းဘေးထွက်သွားပြီး ရပ်ထားတဲ့ကားတစ်စီးကို ထပ်တိုက်မိတယ်”ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ပြည်ကြီးတံခွန်မြို့ နယ်တွင် နေထိုင်သည့် အသက်(၄၉)နှစ်အရွယ်အမျိုး သားသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား (၂)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့လူက ခေါင်းမှာဖူးရောင်ဒဏ်ရာနဲ့ ဆုံးသွားတယ်။ အတွင်းကြေသဘောမျိုးပါ။ သူ့နောက်က အမျိုးသားတစ်ယောက်ကတော့ တင်ပဆုံရိုးကျိုးတယ်။ ကားကလည်း ပျက်စီးသွားတာတွေရှိတယ်။ ကားသမားလည်း ထိခိုက်ဒဏ်ရာရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရှိသူကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“အဲဒီနေရာက ခဏခဏဖြစ်တယ်။ လမ်းဆုံလည်းဖြစ်နေတော့ သတိထားပြီးမောင်းစေချင်တယ်။ အကြံပြုချင်တာတော့ သောက်ပြီး ဆိုင်ကယ်ပဲဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ်မမောင်းတာအကောင်းဆုံးပါ”ဟု အထက်ပါလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ယင်းနေ့ ည ၁၀ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၄၄ လမ်းနှင့် ၁၁၈လမ်းထောင့်၌ အမျိုး သားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၉၀၀၀ ကျော်ဖြစ်ပွားခဲ့ဟု Acled အဖွဲ့ဖော်ပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း